သင့်ရဲ့ မနက်ခင်းအလေ့အကျင့်အချို့ကို အနည်းငယ်မျှ ပြောင်းလဲလိုက်ရုံဖြင့် တစ်နေ့တာလုံးမှာ တက်ကြွလန်းဆန်းပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တစ်ရက်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။ ဘယ်လိုအပြုအမူမျိုးလဲဆိုတော့ မနက်ခင်း နိုးထလာချိန်မှာ မနက်စာ မစားသေးဘဲ လေ့ကျင့်ခန်း အချို့ ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။

ဘာ့ကြောင့် မနက်ခင်း နိုးထလာချိန်မှာ မနက်စာ ချက်ချင်းမစားသေးဘဲ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါသလဲ။

ဆုံးဖြတ်ချက်များကို မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန် ချမှတ်နိုင်လို့

မနက်စာ လေ့ကျင့်ခန်း

၂၀၁၉ ခုနှစ်တုန်းက လေ့လာထားတဲ့ လေ့လာတွေ့ရှိချက်အရ မနက်ခင်း မှာ လမ်းလျှောက် လေ့ကျင့်ခန်း ကို မိနစ် ၃၀ ခန့် လုပ်ဆောင်ပေးခြင်းသည် မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းတတ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ရာမှာလည်း လေးပင်တတ်ပါတယ်။ မနက်စာ မစားခင်မှာ ခပ်သွက်သွက်လေး လမ်းလျှောက် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့် ပိုမိုနေထိုင်ကောင်းစေကာ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြင့်မားစေပါတယ်။

ဝိတ်အမြန်ကျစေလို့

မနက်စာ လေ့ကျင့်ခန်း

၂၀၁၇ ခုနှစ်က လေ့လာထားတဲ့ လေ့လာချက်အရ မနက်စာ မစားခင် လေ့ကျင့်ခန်း ပြုလုပ်သူများသည် မနက်စာ စားပြီးမှ လေ့ကျင့်ခန်းပြုလုပ်သူများထက် အဆီကျ ပိုမြန်စေတယ်လို့ သိရှိရပါတယ်။ ၂၀၂၀ မှာ ထပ်မံပြုလုပ်တဲ့ သုတေသနလေ့လာချက်မှာလည်း ရလဒ် အတူတူ ထွက်ရှိထားပါတယ်။ ဒါ့ကြောင့် ဝိတ်ချချင်သူများအနေနဲ့ မနက်စာ မစားခင်မှာ လေ့ကျင့်ခန်းပြုလုပ်သင့်ပါတယ်။

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေလို့

မနက်စာ လေ့ကျင့်ခန်း

မနက်ခင်းအချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ဒါ့အပြင် နေ့အလင်းရောင်ကြောင့် အရိုးများ သန်စွမ်းကျန်းမာလာပြီး တစ်နေ့တာလုံး တက်ကြွနေစေမှာ ဖြစ်ပါတယ်။

နှလုံးရောဂါ ခံစားရခြင်းမှလည်း ကာကွယ်ပေးတယ်

မနက်စာ လေ့ကျင့်ခန်း

သုတေသနလေ့လာချက်အရ မနက်ခင်းမှာ မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းသည် နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို ၃၅ မှ ၄၀ ရာခိုင်နှုန်းခန့်အထိ လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ ဖြစ်ပွားခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် နေ့တစ်နေ့ရဲ့ ဘယ်အချိန်မှာမဆို မိနစ် ၂၀ ခန့် လမ်းလျှောက်ပေးပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ပါသေးတယ်။

ဒီလိုအကြောင်းအရင်းတွေ သိပြီဆိုတော့ မနက်ခင်းမှာ ဘယ်လိုလေ့ကျင့်ခန်းတွေက ပြုလုပ်ခြင်းက အကောင်းဆုံးလဲ။

ပြေးခြင်း (သို့) လမ်းလျှောက်ခြင်း

မနက်စာ လေ့ကျင့်ခန်း

ကွီးတို့အနေနဲ့ မပြေးနိုင်ရင်တောင်မှ ပုံမှန် လမ်းလျှောက်နှုန်းထက် ခပ်သွက်သွက်လေး လမ်းလျှောက်ပေးသင့်ပါတယ်။ ကိုယ့်ရဲ့ရပ်ကွက်တစ်ဝိုက်၊ လမ်းတစ်ဝိုက်မှာ လမ်းလျှောက်ဖို့ အဆင်မပြေပါက လမ်းလျှောက်စက်ဖြင့် လမ်းလျှောက်နိုင်ပါသေးတယ်။

Plank ထောက်ခြင်း

plank

ဒီလေ့ကျင့်ခန်းကိုတော့ ၁ မိနစ် Plank ထောက် တစ်ခါနားလိုက် နောက်တစ်မိနစ် Plank ထောက် တစ်ခါနားလိုက်ဖြင့် ၅ ကျော့တိတိပြုလုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းသည်လည်း ဝမ်းဗိုက်ကာ အဆီပိုများအတွက် အထူးကောင်းမွန်ပါတယ်။

Squat ထိုင်ခြင်း

မနက်စာ လေ့ကျင့်ခန်း

Squat ထိုင်နည်း အမျိုးမျိုးရှိတဲ့အနက် ကွီးတို့သည် ကိုယ့်အတွက် သင့်တော်မယ့် နည်းလမ်းများကို ရွေးချယ်ကာ Squat ထိုင်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ တင်ပါးဆုံအရိုးနှင့် ပေါင်ကြွက်သား၊ ခြေသလုံးကြွက်သားများအတွက် အထူးကောင်းမွန်စေပါတယ်။

ဒိုက်ထိုးခြင်း

ဒိုက်ထိုးခြင်း

ဒီလေ့ကျင့်ခန်းကတော့ ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒိုက်ထိုးနည်းလည်း အမျိုးမျိုး အစားစားရှိတဲ့အတွက်ကြောင့် ကိုယ့်အတွက် အဆင်ပြေဆုံးနည်းလမ်းကို ရွေးချယ်ကာ ဒိုက်ထိုးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကတော့ ရင်အုပ်ကြွက်သားနှင့် လက်မောင်းကြွက်သားများအတွက် အထူးကောင်းမွန်စေပါတယ်။

ယောဂကျင့်ခြင်း

ယောဂကျင့်ခြင်း

လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းတွေကို မကြိုက်တဲ့ ကွီးတို့ကတော့ ယောဂလေ့ကျင့်ခန်းကို ရွေးချယ်နိုင်ပါတယ်။ အမျိုးသမီးတွေမှ ယောဂလေ့ကျင့်ခန်း ပြုလုပ်ရတာ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာတော့ အမျိုးသားများလည်း ယောဂလေ့ကျင့်ခန်းများကို ပြုလုပ်လာကြပါပြီ။ ဒီလေ့ကျင့်ခန်းသည် စိတ်ကို တည်ငြိမ်စေပြီး ဦးနှောက်ကြည်လင်ကာ လန်းဆန်းတက်ကြွစေပါတယ်။

အထက်ဖော်ပြပါ လေ့ကျင့်ခန်းများသည် တကူးတကကြီး ပြုလုပ်စရာမလိုဘဲ ခရီးသွားဟန်လွှဲ ပြုလုပ်ပေးရုံနဲ့တင် စောစောက ဖော်ပြခဲ့တဲ့ အကျိုးကျေးဇူးများစွာကို ရရှိမှာပဲဖြစ်ပါတယ်။

Source: Brightside

Featured Image: Healio