သီချင်း ဆို ပြိုင်ပွဲများသည် အရည်အချင်းရှိတဲ့ ရွက်ပုန်းသီးအဆိုတော်များကို ကမ္ဘာကျော်ကာ လူကြိုက်များလာအောင် ကူညီပေးပါတယ်။ ယခုလက်ရှိမှာ အောင်မြင်နေတဲ့ အဆိုတော်အချို့သည်လည်း သီချင်း ဆို ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း လူကြိုက်များတဲ့ ကမ္ဘာကျော် အဆိုတော် တွေဖြစ်လာကြတာပါ။
ဘယ်သူတွေက သီချင်း ဆို ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရင်း ကမ္ဘာကျော် အဆိုတော် တွေ ဖြစ်လာကြသလဲဆိုတာကို ကွီးတို့ သိပြီးပါပြီလား။
One Direction

Photo: Npr
The X Factor ရဲ့ ကျေးဇူးကြောင့်ပဲ One Direction အဖွဲ့ကို လူသိများလာကြတာ ဖြစ်ပါတယ်။ သူတို့သည် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး Band တစ်ခုဖြစ်ခဲ့ပါတယ်။ စစဖွဲ့ချင်းတုန်းကတော့ အဖွဲ့ကို လူငယ် (၅) ယောက်ဖြင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Niall Horan ၊ Liam Payne ၊ Harry Styles ၊ Louis Tomlinson နှင့် Zayn Malik ဆိုပြီး လူသိများပါတယ်။ ၂၀၁၀ ကနေ စတင် နာမည်ကြီးလာရာကနေ ၂၀၁၅ ခုနှစ်၊ မတ်လမှာတော့ Zayn Malike က အဖွဲ့ကနေ ထွက်ခဲ့ပါတယ်။ ထိုအချိန်ကစပြီး ၂၀၁၆ အထိ 1D အဖြစ် လူသိများခဲ့ပေမယ့် ယခုအချိန်မှာတော့ အဖွဲ့ဝင် အသီးသီးသည် ကိုယ့်လမ်းကိုယ်လျှောက်ကာ ဆိုလိုအယ်လ်ဘမ်အသီးသီး ဖြန့်ချီနေတာပဲဖြစ်ပါတယ်။
သူတို့ သီဆိုထားတဲ့ သီချင်းတွေ အမြောက်အမြားရှိတဲ့အနက် ၂၀၁၄ တုန်းက ထွက်ရှိခဲ့တဲ့ Night Changes ဆိုတဲ့ သီချင်းလေးကို သီချင်းချစ်သူများအတွက် ရွေးချယ်ပေးချင်ပါတယ်။ ဒီသီချင်းလေးသည် ရိုမန့်တစ်ဆန်ဆန်နှင့် နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ကွီးတို့လည်း ကိုယ့်ချစ်သူ ကောင်မလေးကို ဂီတာတီးပြီး ဆိုပြချင်တဲ့အခါ ဒီသီချင်းကို ရွေးချယ်တီးခတ်ကာ သီဆိုနိုင်ပါတယ်။
Source: One Direction
Justin Timberlake

Photo: Primer
လက်ရှိမှာ Justin Timberlake ဆိုပြီး နာမည်ကြီးနေတဲ့ အဆိုတော်သည်လည်း ၁၉၉၂ ခုနှစ်မှာ တီဗွီရှိုးတစ်ခုတွင် လူရွေးအစစ်ခံရင်း လူသိများလာတာဖြစ်ပါတယ်။ ထိုအချိန်တုန်းက Country သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။ ထိုမှတဆင့် ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွင် NSYNC လို့ခေါ်တဲ့ Boy Band ထဲတွင် အဓိကအဆိုရှင်တစ်ဦးအဖြစ် လူသိများလာခဲ့ပြန်ပါတယ်။
ထို့နောက် Cry Me A River ၊ Rock Your Body နှင့် Sexy Back ဆိုတဲ့ ဆိုလိုအယ်လ်ဘမ်များ ထွက်ရှိခဲ့ပြီး အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြန်ပါတယ်။ ဒါ့အပြင် ၂၀၁၆ မှာ Troll ဆိုတဲ့ ကာတွန်းကားထဲတွင် အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့အပြင် သူ သီဆိုခဲ့တဲ့ သီချင်းများသည်လည်း ယနေ့ထိတိုင် လူကြိုက်များနေဆဲပဲ ဖြစ်ပါတယ်။
Can’t Stop The Feeling ဆိုတဲ့ သီချင်းလေးက မြူးမြူးကြွကြွလေးနဲ့ ကခုန်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သီချင်းချစ်သူများ နားဆင်ခံစားနိုင်ဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။
Source: Justin Timberlake
Adam Lambert

Photo: 20minutos
သူ့ရဲ့ နာမည်အပြည့်အစုံကတော့ Adam Mitchel Lambert ပဲဖြစ်ပါတယ်။ သူကတော့ အမေရိကန်အဆိုတော်နှင့် သီချင်းရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ပြင်းအားအမိုက်စား အသံကြောင့် ပေါ်ပြူလာဖြစ်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူသည် ၂၀၀၉ ခုနှစ်မှာ အမေရိကန်အိုင်ဒေါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ လူသိများလာတာဖြစ်ပါတယ်။ ပြိုင်ပွဲတွင် ဒုတိယနေရာသာ ချိတ်သော်လည်း သူ့ရဲ့ For You Entertainment ဆိုတဲ့ Debut Album ထွက်ရှိပြီးခဲ့ပါသေးတယ်။ ထိုအယ်လ်ဘမ်သည် အချပ်ရေပေါင်း ၅ သန်းကျော်ခန့် ရောင်းချခဲ့ရသည်အထိ လူကြိုက်များခဲ့တာဖြစ်ပါတယ်။ သူသည် ရော့ခ်ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ Queen နဲ့လည်း ကမ္ဘာလှည့်ဖျော်ဖြေမှုတွေ ပြုလုပ်တဲ့အခါ Lead Vocalist အဖြစ် ဝင်ရောက်ဖျော်ဖြေလေ့ ရှိပါသေးတယ်။
သူ့ရဲ့ သီချင်းတွေထဲက Never Close Our Eyes ဆိုတဲ့ သီချင်းလေးသည်လည်း လူကြိုက်များကာ ပေါ်ပြူလာဖြစ်ပါတယ်။
Source: Adam Lambert
James Arthur

Photo: Cheatsheet
James Arthur ကတော့ The X Factor ရဲ့ ကြယ်ပွင့်တစ်ဦးပဲ ဖြစ်ပါတယ်။ သူသည် ၂၀၁၂ ခုနှစ်က ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် Impossible ဆိုတဲ့ Debut Single ကို ထုတ်လုပ်ခဲ့ပါတယ်။ ထိုသီချင်းသည် ၂.၅ မီလီယံခန့် ရောင်းချခဲ့ရသည်အထိ လူကြိုက်များခဲ့တာဖြစ်ပါတယ်။
ထို့နောက်သူသည် ပြီးခဲ့တဲ့နှစ်ကလည်း စတူဒီယိုအယ်လ်ဘမ်များ ထုတ်လုပ်ခဲ့ရာ သီချင်းချစ်သူ ပရိသတ်များရဲ့ အားပေးမှုကို တစ်ခနဲနက် ရရှိခဲ့တာပဲဖြစ်ပါတယ်။
Source: James Arthur
Featured Image: Popcrush
