Manhattan ကော့လ်တေး ကို သောက်နေကျ ပုံစံနဲ့မတူပဲ မီးခိုးရနံ့ ခပ်သင်းသင်းလေးနဲ့ ပိုပြီး စွဲမက်ဖွယ်ကောင်းတဲ့ အနံ့အရသာတို့ ပေါင်းစပ်ပါဝင်တဲ့ Smoked Manhattan ကော့လ်တေးတစ်ခွက် ကွီးတို့အိမ်မှာ ကိုယ်တိုင် ဖျော်စပ်နိုင်မယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။
Smoked Manhattan ကော့လ်တေးကတော့ ပုံမှန် Classic Manhattan ကော့လ်တေး ဖျော်စပ်နည်း အတိုင်းကိုမှ မီးခိုးငွေ့လေးတွေနဲ့ ပေါင်းစပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ Smoked Manhattanကော့လ်တေး ဖျော်စပ်ဖို့ ရိုင်း ဝီစကီ သို့မဟုတ် ဘော်ဘွန်း ဝီစကီ နှစ်သက်ရာကို သုံးနိုင်ပါတယ်။ ပါဝင်ပစ္စည်းတွေ အနေနဲ့ကတော့ နှစ်သက်ရာ ဝီစကီတစ်မျိုး ၊ Sweet Vermouth ၊ Angostura Bitters ၊ ချယ်ရီသီး ၊ ရေခဲနဲ့ မီးခိုးငွေ့အတွက် သစ်သားအပိုင်းအစ တချို့လိုအပ်ပါတယ်။
Source : Amazing Food Made Easy
ကော့လ်တေးဖျော်စပ်ဖို့ အရင်ဆုံး ဖန်ခွက်တစ်ခုထဲမှာ ဝီစကီ ၂ အောင်စ ၊ Sweet Vermouth ၁ အောင်စနဲ့ Angostura Bitters ၃ စက်တို့ကို ရေခဲအနည်းငယ်နဲ့ အေးလာတဲ့အထိ ရောမွှေပါ။ ပြီးရင် နှစ်သက်ရာ ကော့လ်တေး ဖန်ခွက်ထဲကို လောင်းထည့်ပြီး သစ်သားစလေးတွေ မီးရှို့ထားတဲ့ Smoking Gun နဲ့ ဖန်ခွက်ကို မီးခိုးငွေ့ပေးပါ (Smoking Gun မရှိပါက သစ်သားစလေးတွေကို မီးရှို့ပြီး ဖန်ခွက်နဲ့ အုပ်ကာ မီးခိုးငွေ့ ပေးလို့ရပါတယ်)။ ဖန်ခွက်ရဲ့ အပေါ်ကနေ မီးခိုးငွေ့လေးတွေလုံအောင် စက္ကူကတ်ထူပြားလေးနဲ့ စက္ကန့် ၃၀ လောက် အုပ်ထားလိုက်ပါ။ ပြီးရင်တော့ ကတ်ထူပြားလေးကို ဖယ်ပြီး ကော့လ်တေးချယ်ရီသီးလေး အလှဆင်ကာ မီးခိုးရနံ့ ခပ်သင်းသင်းလေးမွှေးတဲ့ စွဲမက်စရာSmoked Manhattan ကော့လ်တေးတစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : Bernzomatic
