Manhattan ကော့လ်တေး ဟာ လွယ်ကူရိုးရှင်းသလောက် အရသာဆန်းလို့ လူကြိုက်များပါတယ်။ ယမကာချစ်သူတွေကြားမှာ ၁၈၇၀ ပြည့်နှစ်တွေမှာကတည်း စတင်ရေပန်းစားခဲ့တာပါ။

Photo : A Couple Cooks

Manhattan ဆိုတဲ့ နာမည်ဖြစ်လာပုံကတော့ New York City မှာရှိတဲ့ Manhattan Club လို့ ခေါ်တဲ့ ဘားတစ်ခုကနေ စတင်တီထွင်ခဲ့တဲ့ အဖျော်ယမကာတစ်မျိုး ဖြစ်တာကြောင့် Manhattan ကော့လ်တေးလို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ Manhattan ကော့လ်တေးဟာ International Bartender Association (IBA) ရဲ့ တရားဝင်အသိမှတ်ပြုထားတဲ့ ဂန္တဝင်ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။

Manhattan ကော့လ်တေးမှာ Rye whiskey ၊ Sweet Red Vermouth ၊ Angostura Bitters စတဲ့ ပါဝင်ပစ္စည်း ၃ မျိုးသာ အဓိကပါဝင်တယ်။ များသောအားဖြင့် Manhattan ကော့လ်တေးကို ပါတီပွဲတွေမှာ တည်ခင်းလေ့ရှိပြီး ယောကျာ်းလေးတွေရော မိန်းကလေးတွေပါ သောက်လို့အဆင်ပြေတဲ့ ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။ ဒါဆို Manhattan ကော့လ်တေးဖျော်စပ်နည်း အဆင့်ဆင့်ကို အောက်မှာဆက်ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

Rye Whiskey ၂ အောင်စ ( Bourbon Whiskey အသုံးပြုလို့လည်း ရပါတယ်) ၊ Sweet Red Vermouth ၁ အောင်စနဲ့ Angostura Bitters ၃ စက်တို့ကို နှစ်သက်ရာ ဖန်ခွက်ထဲမှာ ရောထည့်ပါ။ ပြီးရင် ဖန်ခွက်ထဲကို ရေခဲလက်တစ်ဆုပ်စာခန့် ရောထည့်ပြီး စက္ကန့် ၃၀ လောက် ဆက်တိုက် မွှေပေးပါ။ ထို့နောက် Coupe သို့မဟုတ် Cocktail ဖန်ခွက်ထဲကို ပြောင်းထည့်ပြီး ချယ်ရီသီးအလှဆင်ကာ ချိုပြင်းရှ Classic Manhattan ကော့လ်တေး တစ်ခွက် အသင့်သုံးဆောင်လို့ ရပြီ ဖြစ်ပါတယ်။

Featured Photo : The Spruce Eats