Weekend ရုံးပိတ်ရက်တွေကို ကွီးတို့ ဘယ်လိုဘယ်ပုံ ဖြတ်သန်းလေ့ ရှိပါသလဲ။ အများစုကတော့ ပိတ်ရက်ဆိုရင် ဘော်ဒါတွေနဲ့ ဆိုင်ထိုင်တာ ၊ အပြင်သွားတာမျိုးနဲ့ အားလပ်ရက်ကို အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ တကယ်တော့ အားလပ်ရက်မှာ အေးအေးဆေဆေး Relax လုပ်ရင်း အနားယူနိုင်မယ့် နည်းလမ်းက ဘယ်မှမသွားပဲ အိမ်မှာနေရင်း အားလပ်ရက်ကို အပြည့်အဝ ခံစားတာပဲ ဖြစ်ပါတယ်။ အခုချိန်မှာ ရောဂါတွေလည်း တကြော့ပြန်ထနေတာဆိုတော့ ကွီးတို့ရဲ့ အားလပ်ရက်လေးကို အိမ်တွင်းအောင်းရင်းပဲ ဖြတ်သန်းတာက ပိုကောင်းတဲ့ အကြံတစ်ခု ဖြစ်နိုင်ပါတယ်။ ကဲဒါဆို အားလပ်ရက် မှာ အိမ်တွင်းအောင်းပြီး အပြည့်အဝ အနားယူရင်း အချိန်ကုန်ဆုံးနိုင်ဖို့ နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) TV Series အသစ်တစ်ခု သို့မဟုတ် ရုပ်ရှင်ဇာတ်ကား အသစ်တချို့ ကြည့်ပါ

Photo : Ariki Holidays

ရုပ်ရှင်ဝါသနာအိုးတွေ အတွက်ကတော့ အားလပ်ရက် ဟာ ရုပ်ရှင်တွေတဝကြီး ကြည့်ရင်း အချိန်ကုန်လို့ အကောင်းဆုံး အချိန်ပါပဲ။ ဒီနှစ်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားသစ်တွေ ၊ Series အမိုက်စားတွေ အများကြီး ထွက်ထားပါတယ်။ အလုပ်ပိတ် ရက်လေးမှာ အိမ်မှာပဲ နောက်ဆုံး ထွက်ရုပ်ရှင်ဇာတ်ကားသစ်တွေ ၊ TV Series တွေကြည့်ရင်း အေးဆေးဆေးဆေး Chill လုပ်လို့ရပါတယ်။

(၂) Skincare လုပ်ပါ

Photo : Forbes

တစ်ပတ်လုံး အလုပ်တွေနဲ့ ပြေးလွှားရုန်းကန်ရင်း အသားအရေ ထိန်းသိမ်းဖို့ကို အချိန်သိပ်မပေးမိတာမျိုး ဖြစ်တက်ပါတယ်။ တကယ်တော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ချစ်ဖို့နဲ့ ဂရုစိုက်ဖို့လည်း လိုတယ်မဟုတ်လား။ ဒါကြောင့် အားလပ်ရက် လေးမှာ အိမ်မှာပဲ မျက်နှာပေါင်းတင်တာ ၊ တစ်ကိုယ်လုံး Scrub လုပ်တာ စတဲ့ နည်းလမ်းလေးတွေနဲ့ စကွင်းကဲလုပ်ရင်း ကျန်းမာနုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။

(၃) Drink တစ်ခုခုနဲ့ Relax ပါ


Photo : British GQ

အသောက်တလိုင်း ကွီးတို့အတွက်ကတော့ အားလပ်ရက်လေးမှာ စိတ်အေးလက်အေး နှစ်သက်ရာ အဖျော်ယမကာ Drink လေးတစ်ခုခုနဲ့ ငြိမ့်လို့ရပါတယ်။ အခုရက်ပိုင်း ရာသီဥတုက ခပ်အေးအေးလေးဆိုတော့ ဘီယာအေးအေးလေး သောက်ရင်း အနားယူမလား ၊ ဒါမဟုတ် အသစ် အဆန်းလေးဖြစ်သွားအောင် ကော့လ်တေး Drink လေးတွေ ကိုယ်တိုင်ဖျော်စပ်ပြီးပဲ Chill မလား ၊ ညနေခင်းအချိန်မှာ ဝိုင်ချိုတစ်ခွက်နဲ့ နေဝင်ဆည်းဆာကို စိတ်လက်ပေါ့ပါးစွာ ဖြတ်သန်းမလား စိတ်ကြိုက်ရွေးနိုင်ပါတယ်။ တစ်ခုသတိပေးချင်တာက အားလပ်ရက် ဆိုပေမယ့်လို့ အဖျော်ယမကာတိုင်းကို Limit နဲ့သာ ချင့်ချိန်ပြီး သောက်ဖို့ အကြံပြုချင်ပါတယ်။

(၄) ကိုယ်တိုင်ချက်ပြုတ်စားပါ


Photo : Public News Time

အားလပ်ရက်လို အချိန်ပို များများစားစားရတုန်းမှာ ကိုယ်စားချင်တဲ့ အရသာရှိတဲ့ အစားအသောက်လေးတွေကို ကိုယ်တိုင်ချက်ပြုတ်စားပါ။ အိမ်မှာ ဟင်းချက်စားတာက ချစ်ရတဲ့ မိသားစုကို အချိန်ပေးရာလည်း ရောက်ပါတယ်။ ဒါကြောင့် မိသားစုနဲ့ ချစ်ခြင်းမေတ္တာတွေ ဝေမျှခံစားချင်တယ်ဆိုရင်တော့ အရသာရှိတဲ့ အစားအသောက်လေးတွေ ချက်ပြုတ်စားဖို့ အကြံပြုချင်ပါတယ်။ ဒီနည်းလမ်းလေးဟာ တကယ့်ကိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ အားလပ်ရက် လေးတစ်ခု ဖြစ်စေမှာပါ။

(၅) သူငယ်ချင်းတွေကို အိမ်အလည်ခေါ်ပါ

Photo : Business Insider España

ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ အားလပ်ရက်မှာ ဆိုင်ရတာ ငြီးငွေ့နေပြီဆိုရင်တော့ အိမ်ကိုအလည်ခေါ်လိုက်ပါ။ ညနေခင်းမှာ သူငယ်ချင်းတွေ ပေါ့ပေါ့ပါးပါး ပါတီအသေးစားလေး ပြုလုပ်ရင်း အားလပ်ရက် ကို ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ ရပါတယ်။ သောက်စရာ Drink တွေ ၊ BBQ အကင်တွေနဲ့ စားသောက်စရာ တချို့ ပြင်ဆင်ပြီး ချစ်ရတဲ့ ဘော်ဒါတွေနဲ့ အားလပ်ရက်လေးကို သိုက်သိုက်ဝန်းဝန်း ဖြတ်သန်းလို့ ရပါတယ်။

Featured Photo : Skylinewears Onesies