Microsoft သည် သူ့ရဲ့ Windows Operating System ကို ၁၉၈၅ ခုနှစ်က ပထမဦးဆုံး စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်ကတည်းက စတင်မိတ်ဆက်ပေးခဲ့တာ အခုဆိုရင် ၃၇ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပြီး Windows အဆင့်ဆင့်လည်း ပြောင်းလဲလာခဲ့ပြီဖြစ်ပါတယ်။
ဒီ ၃၇ နှစ်အတွင်းမှာ Windows တွေကို ဘယ်လို Upgrade ပြုလုပ်ခဲ့သလဲ၊ ဘယ်အရာတွေကို ပြောင်းလဲခဲ့သလဲဆိုတာကို သိချင်သူများအတွက် ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ရပါတယ်။
Windows 1

၁၉၈၅ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ Microsoft Founder တစ်ဦးဖြစ်တဲ့ Bill Gates က မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ Window အားလုံးရဲ့ ပထမဦးဆုံး ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။
Windows 2

နောက်ထပ် ၂ နှစ်ကြာတဲ့အခါမှာတော့ Windows 2 ကို ပြောင်းလဲ မိတ်ဆက်ပေးခဲ့ပါတယ်။ အတိအကျဆိုရင်တော့ ၁၉၈၇ ခုနှစ်၊ ဒီဇင်ဘာလထဲမှာဖြစ်ပါတယ်။ ထိုအချိန်ကျမှ Minimise ခလုတ်နှင့် Maximise ခလုတ်တို့ကို အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
Windows 3

Hard Drive လိုအပ်တဲ့ ပထမဦးဆုံး Windows ကတော့ ၁၉၉၀ ခုနှစ်မှာ မိတ်ဆက်ပေးခဲ့တဲ့ Windows 3 ပဲဖြစ်ပါတယ်။
Windows 3.1

Windows 3.1 ကတော့ ၁၉၉၂ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ Window တင်ဖို့ဆိုရင် RAM က 1MB လိုအပ်မှာဖြစ်ပါတယ်။ CD-ROM ကို ပထမဦးဆုံး စတင် အသုံးပြုနိုင်တဲ့ Windows အမျိုးအစား တစ်ခုဆိုလည်း မမှားပါဘူး။
Windows 95

သူ့နာမည်အတိုင်းပဲ ၁၉၉၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လမှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး ထိုအချိန်မှစကာ Start ခလုတ်နှင့် Start Menu ခလုတ်တို့ကို အသုံးပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
Windows 98

၁၉၉၈ ခုနှစ်၊ ဇွန်လမှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး USB ကိုလည်း ကောင်းစွာ အသုံးပြုနိုင်အောင် အဆင့်မြှင့်ထားပေးပါတယ်။
Windows ME

၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလက စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သို့သော် ဒီအမျိုးအစားသည် သုံးနေရင်း မကြာခဏ ထစ်တာမျိုးတွေဖြစ်လာတဲ့အတွက် သိပ်တော့ အဆင်မပြေခဲ့ပါဘူး။
Windows XP

ဒီလိုနဲ့ပဲ Windows XP ကို ၂၀၀၁ ခုနှစ် အောက်တိုဘာလမှ ပြောင်းလဲမိတ်ဆက်ပေး ခဲ့ပါတယ်။ စထွက်ခဲ့တဲ့ အမျိုးအစားတစ်လျှောက်လုံးမှာ အကောင်းဆုံးလို့ သတ်မှတ်ခဲ့ကြပါတယ်။
Windows Vista

Windows XP သည် ကောင်းလွန်းတဲ့အတွက်ကြောင့် ၆ နှစ်ကြာမျှ အသုံးပြုနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ နည်းပညာ တိုးတက်လာသည်နှင့်အမျှ ၂၀၀၇ ခုနှစ်၊ ဇန်နဝါနီလမှာပဲ နောက်ထပ် ဗားရှင်းတစ်မျိုးဖြစ်တဲ့ Windows Vista ကို ထပ်မံ မိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
Windows 7

Windows 7 ကိုတော့ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ သူ့ကို မိတ်ဆက်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Vista မှာ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာများကို ဖြေရှင်းပေးဖို့ပဲဖြစ်ပါတယ်။
Windows 8

တစ်ဖန် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှာတော့ Windows * ကို ထပ်ပြောင်း မိတ်ဆက်ပေးခဲ့ပါတယ်။ အားလုံးထဲမှာတော့ ဒီဗားရှင်းက အမြန်ဆုံးပဲဖြစ်ပါတယ်။
Windows 8.1

နောက်ထပ် တစ်နှစ်တိတိကြာတဲ့အခါမှာတော့ နောက်ထပ် အမျိုးအစားသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြန်ပါတယ်။
Windows 10

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ မိတ်ဆက်ပေးခဲ့တဲ့ အမျိုးအစားဖြစ်ပြီး ယနေ့ခေတ်မှာ ကွန်ပျူတာ တော်တော်များများတွင် အသုံးပြုနေကြတာပဲဖြစ်ပါတယ်။
Windows 11

ဒီဗားရှင်းကိုတော့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှာ မိတိဆက်ပေးခဲ့တာဖြစ်ပြီး Windows 10 လိုင်စင် အသုံးပြုထားသူများအနေနဲ့ Windows 11 ကို လိုင်စင် ထပ်ဝယ်စရာမလိုဘဲ အဆင့်မြှင့်နိုင်တယ်လို့လည်း ကြေညာခဲ့ပါတယ်။
ကွီးတို့ရော လက်ရှိအချိန်မှာ ကိုယ့်ရဲ့ လက်ပ်တော့က ဘယ် Windows အမျိုးအစားကို အသုံးပြုထားပါသလဲ။
Source: Gearupwindows
Featured Image: PCMag
