လူတစ်ယောက် တစ်ချိန်မှာ အောင်မြင်ချမ်းသာ မလားဆိုတာ တပ်အပ်ပြောဖို့ရယ်တော့ ခက်ပါတယ်။ ဘယ်သူကမှ မွေးကတည်းက နဖူးမှာ အောင်မြင်မယ်ဆိုတဲ့ စာတန်းပါမလာပါဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ လုပ်ရည်ကိုင်ရည် ၊ ကိုယ်စွမ်းကိုယ်စကို ကြည့်ပြီး အောင်မြင်နိုင်ခြေရှိမရှိ ဆိုတာကိုတော့ အကဲခတ်လို့ ရနိုင်ပါတယ်။ လက်ရှိ ကမ္ဘာ့တဝှမ်းက ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားတဲ့ မီလီယံနာ သူဌေးတွေကို ကြည့်မယ်ဆိုရင် သာမန်လူတွေနဲ့မတူတဲ့ အတွေးအမြင်တွေ ၊ အားထုတ်မှုနဲ့ ခံယူချက်တွေကို မြင်တွေ့ ရနိုင်ပါတယ်။
လူတစ်ယောက်ရဲ့ အပြုအမူနဲ့ လုပ်ဆောင်ချက်တွေကပဲ အဲ့ဒီလူကို အောင်မြင်တဲ့ လမ်းကြောင်းဆီ တွန်းပို့ပေးသွားတာပါ။ ကွီးတို့မှာလည်း အခုပြောပြမယ့် ဝိသေသလက္ခဏာ တွေရှိနေတယ်ဆိုရင်တော့ တစ်ချိန်မှာ မျှော်မှန်းထားတဲ့ အောင်မြင်မှုပန်းတိုင်ကို သေချာပေါက် အရောက်လှမ်းနိုင်သူတစ်ယောက် မလွဲမသွေဖြစ်လာနိုင်ပါတယ်။
(၁) တွေဝေတုန့်ဆိုင်းမှု ကင်းကြတယ်
Photo : Algonquin College
အောင်မြင်ချမ်းသာ သူတော်တော်များများဟာ သူတို့ ယုံကြည်ရာကို တစိုက်မတ်မတ် ၊ ခံယူချက်ပြတ်ပြတ်သားသား လုပ်ဆောင်တက်ကြသူတွေပါ။ ကိုယ်ယုံကြည်ထားတဲ့အရာ အတွက် ဘယ်တော့မှ တွေဝေခြင်း ၊ တုန့်ဆိုင်းခြင်း ၊ သံသယဖြစ်ခြင်း မရှိကြပါဘူး။ ခိုင်မာပြတ်သားတဲ့ ခံယူချက်နဲ့ ယုံကြည်တဲ့အရာကို တစိုက်မတ်မတ် လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုဆိုတာ သေချာပေါက် မလွဲမသွေရမှာ ဖြစ်ပါတယ်။
(၂) လေ့လာသင်ယူဖို့ အမြဲဆာလောင်နေတက်တယ်
Photo : Urbtech India Developers
လေ့လာသင်ယူခြင်းတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ အသိဉာဏ် ၊ ဗဟုသုတနဲ့ အတွေးအမြင်တွေ ထက်သန်အားကောင်းစေဖို့ လေ့လာသင်ယူမှုတွေက အမြဲလိုပါတယ်။ အောင်မြင်ချမ်းသာ သူတွေဟာ သူတို့လျှောက်လှမ်းရာ နယ်ပယ်အသီးသီးမှာ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေကို အမြဲတစေ လုပ်ဆောင်တက်ကြပြီး အသစ်သစ်သောအရာတွေကို သင်ယူဖို့ အမြဲစိတ်အားထက်သန်နေတက်ကြပါတယ်။
(၃) စိန်ခေါ်မှုတွေကို ကြိုဆိုကြတယ်
Photo : Entrepreneur
ဘဝဟာ တသတ်မတ်တည်း သွားနေရင် တိုးတက်ပြောင်းလဲဖို့ အခွင့်အရေးနည်းပါတယ်။ စိန်ခေါ်မှုနဲ့ အပြောင်းအလဲတွေကသာ ကိုယ့်ဘဝကို တဆင့်ပိုမြင့်အောင် မြှင့်တင်ပေးနိုင်တာပါ။ အောင်မြင်သူအများစုကို ကြည့်မယ်ဆိုရင် စိန်ခေါ်မှုနဲ့ အပြောင်းအလဲတွေကို အမြဲ လက်ခံကြိုဆိုလေ့ ရှိကြပြီး အကောင်းအဆိုး ကြုံလာသမျှအရာတိုင်းကို ရင်ဆိုင်ဖို့ သတ္တိတွေရှိကြပါတယ်။
(၄) ဖောက်ထွက်ဖို့ စဉ်းစားတယ်
Photo : Pexels
အောင်မြင်ချမ်းသာ သူတွေဟာ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ထူးခြားမှုတွေကို လုပ်ဆောင်ဖို့ အမြဲတွေးတောနေတက်ကြသူတွေ ဖြစ်ပါတယ်။ ပုံမှန် လမ်းဟောင်းကြီး အတိုင်းလျှောက်ဖို့ထက် အိုင်ဒီယာအသစ်အဆန်းတွေနဲ့ လမ်းသစ်ကို ဖောက်ချင်ကြသူတွေပါ။ ဘာပဲလုပ်လုပ် သာမန်လူတွေနဲ့ မတူတဲ့ ဆန်းသစ်တဲ့ စိတ်ကူး အတွေးအမြင်တွေနဲ့ ပေါင်းစပ်ပြီး ထူးခြားအောင် လုပ်တက်ကြပါတယ်။
Featured Photo : Entrepreneur