ကွီးတို့အနေနဲ့ ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာ တော်တော်များများကို သိထားပေမယ့် တခြားသော အံ့သြစရာကောင်းတဲ့ နေ့စဉ်ထိတွေ့မှုတွေက ကင်ဆာရောဂါ ရောဂါဖြစ်နိုင်ချေကို တိုးမြင့်စေနိုင်တယ် ဆိုတာ တစ်ခါတစ်ရံ သတိမထားမိတတ်ကြပါဘူး။ လူနေမှုပုံစံ၊ ထိတွေ့မှုနှင့် အခြားအကြောင်းရင်းများစွာက ကင်ဆာဖြစ်နိုင်ခြေ တိုးမြင့်လာခြင်းနှင့် ဆက်စပ်နေကြောင်း ဆယ်စုနှစ်များစွာကတည်းက ဆေးသိပ္ပံပညာရှင်တွေက ထောက်ပြထားပါတယ်။ နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ ဖြစ်စေနိုင်သော အကြောင်းများ ကို တင်ပြပေးလိုက်ပါတယ်။

လေထုညစ်ညမ်းမှု

နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ

Photo : NRDC

ယနေ့ကမ္ဘာမှာ လေထုညစ်ညမ်းမှုက ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာ ဖြစ်လာနေတဲ့ အတွက် နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း တစ်ခုဖြစ်လို့လာပါတယ်။ လေထုညစ်ညမ်းမှုနှင့် ကင်ဆာရောဂါဖြစ်ပွားကြား ဆက်နွှယ်မှုကို  ရှင်းရှင်းလင်းလင်းရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသန အေဂျင်စီက လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် အဆုတ်ကင်ဆာသေဆုံးသူ (၂၂၀,၀၀၀) ကျော်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ လေထုညစ်ညမ်းမှု မြင့်တဲ့နေရာမှာ နေထိုင်ခြင်းကို ရှောင်နိုင်မယ်ဆိုရင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

ဆေးလိပ်သောက်ခြင်း

နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ

Photo : Pixaby

ဆေးလိပ်သောက်ခြင်းက ကင်ဆာ ဖြစ်စေသော အဓိက အကြောင်းများ ထဲက တစ်ခုပါ။ အမေရိကန်ကင်ဆာအသင်းရဲ့အဆိုအရ ဆေးလိပ်သောက်သူများရဲ့ သက်တမ်းက ဆေးလိပ် မသောက်သူများထက် အနည်းဆုံး ၁၀ နှစ် ပိုတိုပါတယ်။ ကွီးတို့မှာ ဆေးလိပ်သောက်တဲ့အကျင့်ရှိရင် ချက်ချင်း စွန့်ပစ်လိုက်ပါ။ ဆေးလိပ်သောက်ငွေ့ရှူမိခြင်းကိုလည်း ရှောင်သင့်ပါတယ်။ အသက် ၄၀ မတိုင်မီ ဆေးလိပ်ဖြတ်ခြင်းသည် ဆေးလိပ်နှင့်ဆက်စပ်သောရောဂါကြောင့် သေဆုံးနိုင်ခြေကို ၉၀ ရာခိုင်နှုန်းခန့် လျော့နည်းစေပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက ကွီးခန္ဓာကိုယ်အတွက် ကင်ဆာ ဖြစ်စေနိုင်သော အကြောင်းကို စွန့်ပစ်ပြီး ဖြစ်ပါလိမ့်မယ်။

အဝလွန်ခြင်း

နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ

Photo : www.rp.pl

ကွီးအနေနဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုတက်ခြင်းကို ရှောင်ရှားခြင်းက နှလုံးရောဂါ သို့မဟုတ် ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်နိုင်တဲ့ အဓိက ကျန်းမာရေး အကြောင်းရင်းအဖြစ် သိထားသလို ကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဆေးလိပ် သောက်ပြီးနောက် အဝလွန်ခြင်းက ကင်ဆာအားလုံးရဲ့ (၈) ရာခိုင်နှုန်းခန့်မှာ တွေ့ရပါတယ်။

အသင့်စား အစားအစာများ အလွန်အကျွံစားသုံးခြင်း

နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ

Photo : BBC

ယနေ့အချိန်မှာ လူတော်တော်များများက အသင့်စားအစာတွေကို ပိုစားလာကြပါတယ်။ အသင့်စားအစာထဲမှာ  ပြုပြင်ထားတဲ့ အသားတွေလည်း ပါဝင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘေကွန်၊ ဝက်အူချောင်းများနဲ့ ပြုပြင်ထားသော အသားတွေမှာ နိုက်ထရိတ် သို့မဟုတ် နိုက်ထရိတ် ဒြပ်ပေါင်းများပါ၀င်သောကြောင့် ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။ ပြဿနာက ဒီအရာတွေကို အပူပေးတဲ့အခါ ကင်ဆာဖြစ်စေနိုင်တဲ့ Nitrosamines တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ဖြစ်ပြီး၊ သုတေသနပြုချက်အရ အဲဒီအရာတွေဟာ အူမကြီးနဲ့ တခြားကင်ဆာအမျိုးအစားတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ဆေးသိပ္ပံအဖွဲ့တွေက ပြောထားပါတယ်။

ဖော့ဘူးများ

cancer

Photo : kyinbridges.com

ကျွန်တော်တို့ရဲ့ နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ ဖြစ်စေနိုင်သော အကြောင်းများ ထဲမှာ ဖော့ဘူးများ လည်းပါဝင်ပါတယ်။ အစားအစာထည့်တဲ့ ပလတ်စတစ်ပန်းကန်ခွက်တွေ ဖော့ဘူးတွေကို နေ့စဉ်နဲ့ အမျှ တွင်တွင်ကျယ်ကျယ် သုံးနေကြပါတယ်။ Styrene ဆိုတာက ပလတ်စတစ်ပန်းကန်ခွက်နဲ့ ဖော့ဘူးတွေမှာပါတဲ့ ရေနံဓါတုပစ္စည်း ဖြစ်ပါတယ်။ အပူနဲ့ထိတွေ့တဲ့အခါ ဓါတ်ပြောင်းပြီး အစာထဲကနေ လူတွေစားမိပြီး ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖော့ဘူးများ အသုံးပြုခြင်းကို တတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။

ဒီဇယ်အိတ်ဇော

cancer

Photo : Carbuyer

ကားများ၊ ထရပ်ကားများ၊ ဘတ်စ်ကားများ၊ ရထားများနှင့် ဆောက်လုပ်ရေးနှင့် လယ်ယာသုံးစက် ကိရိယာများ အပါအဝင် ဒီဇယ်လောင်စာဆီဖြင့် မောင်းနှင်သည့် ယာဉ်တွေကနေ အဆိပ်ငွေ့ အမျိုးအစား ပေါင်း မြောက်မြားစွာကို မှုတ်ထုတ်နေတယ်ဆိုတာ သိသင့်ပါတယ်။ အဲဒီအငွေ့များထဲမှ (၃၀) ကျော်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကင်ဆာရောဂါဖြစ်စေတဲ့ ပစ္စည်းအဖြစ် သတ်မှတ်ထားပါတယ်။

အချဉ်ဖောက်ထားသောအစားအစာများ

cancer

Photo : lifehack

အချဉ်ဖောက်ထားသော အစားအစာတွေက ကျန်းမာရေးအတွက် ပရိုဘိုင်အိုတစ် ထောက်ပံ့ပေးတယ် ဆိုပြီး ယခုအခါမှာ ခေတ်စားလာပါတယ်။ ဒါပေမဲ့  နှာခေါင်းနောက်ဘက် လည်ချောင်းအပေါ်ပိုင်းကို ထိခိုက်စေသည့် Nasopharyngeal ကင်ဆာ ဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ လေ့လာတွေ့ရှိ လာပါ တယ်။ ပြုပြင်ထားသော အသားများလို အချို့သော အချဉ်ဖောက် အစားအစာများတွေက နိုက်ထရိတ် ဒြပ်ပေါင်း အလွန်မြင့်မားနိုင်ပါတယ်။ ဒြပ်ပေါင်း Nitrosamines က DNA ထိခိုက်စေသော ဒြပ်ပေါင်းများ အဖြစ် ပရိုတင်းများနှင့် ဓာတ်ပြုပြီး ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါတယ်။ အချဉ်ဖောက်ထားတဲ့ အစာတွေကလည်း နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ ဖြစ်စေနိုင်သော အကြောင်း တစ်ခု ဖြစ်ပါတယ်။

ကွီးတို့ရေ နေ့စဉ်လူနေမှုဘဝမှ ကင်ဆာ ဖြစ်စေနိုင်သော အကြောင်းများ စွာ ရှိနေတဲ့အတွက် ဂရုပြုမှသာ ကင်ဆာရောဂါ ဖြစ်ခြင်းကနေ ကင်းဝေးမှာ ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

Source : The Healthy

Featured Photo : Tech Daily