ဖက်ရှင်ချစ်သူများအတွက် ဖက်ရှင် အရောင် အတွဲအစပ်များသည် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ဖက်ရှင် အရောင် အတွဲအစပ်ကို လိုက်ဖက်စွာ ဝတ်ဆင်နိုင်မယ်ဆိုရင် ကွီးတို့ရဲ့ ဖက်ရှင်က ပိုမိုကြည့်ကောင်းပြီး ပိုမိုဆွဲဆောင်မှု ရှိနေမှာဖြစ်ပါတယ်။

ကွီးတို့ကို ပိုမို ဖက်ရှင် ကျပြီး ဆွဲဆောင်မှု တိုးအောင် ကူညီပေးမယ့် အရောင်အတွဲအစပ်တွေက ဘယ်အရောင်တွေဖြစ်မလဲဆိုတာ အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

အဖြူနှင့် အနက်

ဖက်ရှင် အရောင်

အဖြူနှင့် အနက်ကတော့ ဘယ်တော့မှ ရိုးမသွားမယ့် အရောင်အတွဲအစပ်တစ်ခု ဖြစ်ပါတယ်။ အခြေခံကျတဲ့ အရောင်အတွဲအစပ်ဖြစ်ပြီး အာရုံ သိပ်မစားချင်တဲ့ ကွီးတို့အတွက် ပထမဦးစားပေးအဖြစ် ရွေးချယ်သင့်တဲ့ အရောင်နှစ်မျိုးပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အဖြူရောင် တီရှပ် (သို့) ရှပ်အင်္ကျီကို အနက်ရောင် ဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ကြတာ ဖြစ်ပါတယ်။

ပန်းရောင်နှင့် မီးခိုးရောင်

ဖက်ရှင် အရောင်

ပုရိသတော်တော်များများသည် ပန်းရောင်ကို ဝတ်ဆင်ရမှာကို အင်မတန်ကြောက်ကြပါတယ်။ ဒါပေမဲ့ တစ်ခါလောက် စမ်းဝတ်ကြည့်လိုက်ပါ။ မီးခိုးရောင်နဲ့ တွဲဝတ်လိုက်မယ်ဆိုရင်တော့ ကွီးတို့ကို ကမ္ဘာကျော် မော်ဒယ်တစ်ယောက်အလား အထင်မှားသွားစေမှာပဲ ဖြစ်ပါတယ်။

အပြာနှင့် အဖြူရောင် အတွဲအစပ်

ဖက်ရှင် အရောင်

အဖြူရောင်ကတော့ ကွီးတို့ကို သန့်ပြန့်ပြီး စမတ်ကျသွားစေမှာဖြစ်ပြီး အပြာရောင်ကေတာ့ ကွီးတို့ကို လန်းဆန်းပေါ့ပါးသွားစေမှာဖြစ်ပါတယ်။ ထိုနှစ်ရောင် ပေါင်းစပ်လိုက်တဲ့အခါမှာတော့ လူငယ်ဆန်ဆန်နှင့် ပေါ့ပါးလွတ်လပ်တဲ့အသွင်ကို ဖန်တီးပေးမှာပဲ ဖြစ်ပါတယ်။

အညိုရောင်နှင့် သံလွင်စိမ်းရောင်

ဖက်ရှင် အရောင်

ဒီ ဖက်ရှင် အရောင် အတွဲအစပ်ကတော့ ဒီဇိုင်နာတော်တော်များများ နှစ်သက်ကြတဲ့ ဖက်ရှင်အတွဲအစပ်ပဲဖြစ်ပါတယ်။ ဒီလိုဖက်ရှင်မျိုးကတော့ ချစ်သူ ကောင်မလေးနဲ့ ချိန်းတွေ့တဲ့အခါ ဝတ်ဆင်သင့်ပါတယ်။

အနီရောင်နှင့် အသားရောင်

red and beige

အနီရောင် ပိုလိုရှပ်အင်္ကျီကို အသားရောင် ချီနိုဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ကြည့်လိုက်ပါ။ ကွီးတို့ကို ဘာမှ မပြင်မဆင်ထားဘဲနဲ့ လုံးဝကို ကြည့်ကောင်းသွားစေမယ့် ဖက်ရှင်အရောင် အတွဲအစပ်ပဲဖြစ်ပါတယ်။ အနီရောင်က အရောင်တောက်တဲ့ ကာလာအမျိုးအစားဖြစ်တာကြောင့် သူနဲ့ တွဲဝတ်မယ့်အရောင်သည် အရောင်တောက်တဲ့အထဲက ထပ်ရွေးလို့မရတော့ပါဘူး။ အရောင်ဖျော့ဖြစ်တဲ့ အသားရောင်နဲ့ ရွေးရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် အရောင် နှစ်ရောင်သည် Balance ဖြစ်ပြီး ဖက်ရှင်ကျနေစမှာဖြစ်ပါတယ်။

ကွီးတို့ရော ဖက်ရှင်အရောင်အတွဲအစပ်များကိုလည်း ဘယ်လိုမျိုး တွဲဖက် ဝတ်ဆင်လေ့ရှိပါသလဲ။ အပြင်သွားခါနီးတိုင်း ဘာဝတ်ရမလဲ ဆိုပြီး အာရုံစားရတဲ့အခါ ဒီဖက်ရှင်အတွဲအစပ်များကိုသာ အသုံးပြုလိုက်ပါ။ ကွီးတို့ကို ဆွဲဆောင်မှုတိုးပြီး ကြည့်ကောင်းလာစေမှာ မယုံမရှိပါနဲ့။

Source: Bewakoof

Featured Image: Styl-inc