လူသားများ အသက်ရှင်ရပ်တည်နိုင်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါများထဲတွင် ကျောက်ကပ်တစ်စုံလည်း ပါဝင်တယ်ဆိုတာကို သိပြီးသားဖြစ်ပါလိမ့်မယ်။ လူအယောက်တစ်ရာလျှင် ၁၇ ယောက်သည် ကျောက်ကပ် ကျန်းမာ ရေးနှင့် ပတ်သက်တဲ့ ရောဂါများ ခံစားနေရခြင်းသည်လည်း စိုးထိတ်ဖွယ်ရာပါပဲ။ ဒါ့အပြင် တစ်နှစ်လျှင် လူ အယောက် ၂ သိန်းကျော်ခန့်သည် ကျောက်ကပ်အစားထိုးဖို့ လိုအပ်နေတာဖြစ်ပြီး ထိုထဲတွင်မှ ၃ ရာခိုင်နှုန်းခန့်ကသာ တရားဝင် ကျောက်ကပ်အလှူခံရခြင်းကို ရရှိကြတာ ဖြစ်ပါတယ်။

ကျောက်ကပ် ကျန်းမာ ရေး တဖြည်းဖြည်းချို့ယွင်းလာခြင်းသည် ကုသရတဲ့အခါ ငွေကုန်ကြေးကျများတာကြောင့် ရောဂါဖြစ်ပြီးမှ ကုသတာထက် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာသည် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ကွီးတို့ရဲ့ ကျောက်ကပ် တစ်စုံ ကျန်းမာ နေဖို့ဆိုရင် အခုဖော်ပြပေးမယ့် ဆောင်ရန် ရှောင်ရန်အချက်များကို သေသချာချာ သိရှိပြီး လိုက်နာသင့်ပါတယ်။

တစ်နေ့တာလုံးတွင် ရေဓာတ်ပြည့်ဝစွာ နေထိုင်ပါ

water

တစ်နေ့လျှင် ရေ ၂ လီတာခန့် မဖြစ်မနေ သောက်သုံးသင့်ပါတယ်။​ တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်းပဲ ၂ လီတာထက်လည်း ပိုပြီး မသောက်သုံးသင့်ပါဘူး။ ဆရာဝန် ညွှန်ကြားချက်အရ ကျောက်ကပ်ရောဂါတစ်စုံတစ်ရာ ခံစားရခြင်း (သို့) ရာသီဥတု ပူအိုက်လွန်းတဲ့အတွက်ကြောင့် ချွေးထွက်များခြင်း အစရှိတဲ့ အခြေအနေများမှလွဲပြီး ရေ ၂ လီတာခန့် ပိုပြီး မသောက်သုံးသင့်ပါဘူး။ ရေဆာတဲ့အချိန်အထိ စောင့်ဆိုင်းပြီး ထိုအချိန်မှ ရေသောက်ခြင်းသည်လည်း ကျောက်ကပ်ကျန်းမာရေးအတွက် မကောင်းတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

ကျောက်ကပ်ကျန်းမာရေးအတွက် အထောက်အပံ့ပေးနိုင်တဲ့ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ စားသုံးပါ

fuits

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များသည် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကျောက်ကပ် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သကြားမုန်လာ၊ ပန်းဂေါ်ဖီ၊ ငရုတ်ပွတို့သည်လည်း ခန္ဓာကိုယ်တွင်းမှာ စုပုံနေတဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့် မှန်မှန်စားသုံးသင့်ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးများ၊ ပန်းသီး၊ ချယ်ရီသီးများ၊ ဗီတာမင်စီ ကြွယ်ဝသော သံပုရာသီး၊ သံပုယိုသီးကဲ့သို့ သစ်သီးများ၊ အနီရောင် စပျစ်သီး အစရှိတဲ့ သစ်သီးများကိုလည်း စားသုံးသင့်ပါတယ်။

အိပ်ရေး ဝဝ အိပ်စက်အနားယူပါ

ကျောက်ကပ် ကျန်းမာ

လူတစ်ယောက်သည် တစ်နေ့လျှင် အိပ်စက်ချိန် ၇ နာရီမှ ၈ နာရီအထိ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကျောက်ကပ်သည် သူ့ရဲ့ လုပ်ငန်းဆောင်တာများကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အိပ်ရေးပျက်ညများ များလာပါက ကျောက်ကပ် စွမ်းဆောင်ရည် ကျဆင်းလာပြီး ကြာလာတဲ့အခါ ကျောက်ကပ်ထိလာပါလိမ့်မယ်။

ဆေးဖက်ဝင်အစားအစာများ မှီဝဲပါ

ကျောက်ကပ် ကျန်းမာ

အစားအသောက် ဟင်းလျာများ ချက်ပြုတ်တဲ့အခါ ပင်စိမ်းရွက်၊ ဂျင်း၊ နနွင်းမှုန့်တို့ အသုံးပြုပါ။ ပင်စိမ်းရွက်များ၊ Mint အရွက်များသည် အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ဂျင်းကတော့ ကျောက်ကပ်တွင်းရှိ အညစ်အကြေးများကို ဖယ်ရှားပေးကာ ကျောက်ကပ်ကို သန့်စင်ပေးပါတယ်။ နနွင်းမှုန့်သည်လည်း ကျောက်ကပ်နှင့် သွေးကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲ ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းတို့မှ ကာကွယ်ပေးပါတယ်။ အစားအစာနှင့် ပတ်သက်ရင် ရှောင်ကြဥ်ရမယ့်အချက်ကတော့ သကြားနှင့် ဆား စားသုံးမှုကို လျော့ချရမှာပဲ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ကျောက်ကပ် ကျန်းမာ

ဆေးလိပ်သောက်ခြင်းသည် ကျောက်ကပ်ဆီသို့ သွေးစီးဆင်းမှု ကျဆင်းသွားစေပြီး ကျောက်ကပ်အတွင်းရှိ သွေးကြောလေးများကို ကျုံ့သွားစေပါတယ်။ ဆေးလိပ်သောက်ခြင်းသည် ကျောက်ကပ်ကျန်းမာရေးအတွက်သာမက အဆုတ်ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

Source: Lalpathlabs

Featured Image: Bostonkidney.com