မိန်းကလေးတွေအနေနဲ့ ကိုယ့်ချစ်သူကောင်လေးအပေါ် အချစ်စမ်းချင်တဲ့အခါ ထုတ်သုံးတက်တဲ့ လက်နက်က ရစ်တာပါပဲ။ ချစ်သူကောင်လေးက ကိုယ့်အပေါ် ဘယ်လောက်သည်းခံတယ် ၊ စိတ်ရှည်တယ်ဆိုတာကို ရစ်နည်းပေါင်းစုံနဲ့ စမ်းသပ်ကြပါတယ်။ မိန်းကလေးတွေရဲ့ ပင်ကိုယ်သဘာဝကိုကလည်း ရစ်ရတာ ၊ ဆိုးနွဲ့တာကို မူပိုင်ခွင့် ယူထားပြီးသားပါ။ တစ်ခါတစ်လေမှာ အရစ်တွေလွန် အချစ်တွေကျွံပြီး ပုရိသတို့ စိတ်မညစ်ရစေဖို့ ရစ်တက်တဲ့ ကောင်မလေး ကို ထိန်းချုပ်နိုင်မယ့် လျှို့ဝှက်နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဂရုစိုက်ပေးပါ
မိန်းကလေးတွေက သူတို့ကို ဂရုစိုက်မခံရဘူးလို့ ခံစားမိတဲ့ အချိန်တွေမှာ စရစ်တော့တာပါပဲ။ အဓိက မိန်းကလေးတွေရဲ့ လိုအပ်ချက်က ချစ်သူကောင်လေးဆီက ဂရုတစိုက်နဲ့ အလေးနက်ထား ခံချင်တာပါ။ အသေးအဖွဲ့ ကိစ္စလေးတွေကအစ သေချာဂရုတစိုက် ရှိပေးမယ်ဆိုရင် ကွီးတို့အပေါ် ရစ်တာလေးတွေလည်း လျှော့သွားမှာ ဖြစ်ပါတယ်။
(၂) ယုံကြည်စိတ်ချရအောင်နေပါ
Photo : Click Love Grow
မိန်းကလေးတွေဟာ များသောအားဖြင့် သံသယစိတ် ကြီးတက်ကြပါတယ်။ ကွီးတို့အနေနဲ့ သူမအပေါ် တစ်ကြိမ်တစ်ခါလောက်ပဲ လိမ်ညာမိရုံနဲ့ ယုံကြည်မှု ပြန်တည်ဆောက်ဖို့ အကြိမ်ကြိမ် ကြိုးစားရပါလိမ့်မယ်။ မယုံကြည်မှုနဲ့ သံသယစိတ်ဟာ ရစ်တက်တဲ့အသွင်ကို ကူးပြောင်းသွားတက်ကြပါတယ်။ ဒါ့ကြောင့် သူမအပေါ် အလိမ်အညာကင်းကင်းနဲ့ ရိုးရိုးသားသား နေထိုင်ပြီး ယုံကြည်စိတ်ချမှုအပြည့်ရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားသင့်ပါတယ်။
(၃) ဦးစားပေးပါ
Photo : Mariages.net
မိန်းကလေးတိုင်းဟာ ကိုယ့်ချစ်သူကောင်လေးရဲ့ VVIP တစ်ယောက်လို သဘောထားတာမျိုး လိုချင်ကြသူချည်းပါပဲ။ တစ်စုံတစ်ခုနဲ့ ယှဉ်စရာပေါ်လာပြီဆိုရင်တောင် သူမကပဲ အမြဲနံပါတ် ၁ ဖြစ်ချင်တာပါ။ သူမကို ပထမဦးစားပေးနေရာမှာထားပြီး အလိုမလိုက်ဘူးဆိုရင် အကြောင်းမရှိအကြောင်းရှာပြီးကို ရစ်နည်းပေါင်းစုံနဲ့ ရစ်ပါလိမ့်မယ်။
(၄) အလျှော့ပေးပါ
Photo : Osmooz
တစ်ခါတစ်လေ အသေးအဖွဲ့ကိစ္စလေးတွေကနေ ရန်ဖြစ်စကားများကြတဲ့အခါ စပြီးချော့တဲ့သူဟာ တို့ယောကျာ်းတွေပဲ ဖြစ်ပါစေ။ သူမ စိတ်ဆိုးစိတ်ကောက်နေပြီဆိုရင်လည်း ချက်ချင်းချော့ဖို့ လက်မတွန့်ပါနဲ့။ သူမစိတ်ဆိုးတာသိသိနဲ့ ချက်ချင်းမချော့ရကောင်းလားဆိုပြီး ထပ်အရစ်ခံရနိုင်ပါတယ်။ တကယ်တော့ မိန်းကလေး တွေဟာ ချစ်လို့ ဆိုးနွဲ့ချင် ၊ ရစ်ချင်ကြတာပါ။ ဒါကို ကောင်းကောင်းနားလည်ပြီး သူမအပေါ် အလျှော့ပေးကာ ချစ်မယ်ဆိုရင် သူမအနေနဲ့လည်း ပျော်ရွှင်ရမှာ အသေအချာပါပဲ။
Featured Photo : Terrafemina