ကျွန်တော်တို့နိုင်ငံမှာ လွယ်လွယ်ကူကူရနိုင်တဲ့ ထောပတ်သီး က မယုံနိုင်လောက်စရာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရတယ်ဆိုတာ ကွီးတို့သိပါသလား။ ဟုတ်ပါတယ်။ ထောပတ်သီးမှာ များပြားလှသော Monounsaturated Fatty Acids ကို ပေးစွမ်းပြီး ဗီတာမင် အရင်းအမြစ်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ယေဘုယျအားဖြင့် အသီးအနှံတစ်မျိုး ဖြစ်တဲ့ ထောပတ်သီး က ကျန်းမာရေး အရ အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ သိပြီးသားဖြစ်ပေမဲ့ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြပေးမဲ့ ထောပတ်သီးကရတဲ့ အကျိုးကျေးဇူးတွေက ကွီးတို့ကို အံ့အားသင့်စေမှာပါ။

(၁) နာတာရှည်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

ထောပတ်သီး ကျန်းမာရေး

Photo : Verywell Mind

ထောပတ်သီးတွင်ရှိသော Monounsaturated Fatty Acids က ကျွန်တော်တို့ကို နှလုံးသွေးကြောဆိုင်ရာ ရောဂါကဲ့သို့သော နာတာရှည် အခြေအနေများကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ထောပတ်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။၊ သုတေသနပြုချက်တစ်ခုအရ အမျှင်ဓာတ်ကို များများ စားသုံးခြင်းက လေဖြတ်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်းနှင့် အချို့သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် မှန်ကန်စွာ စားသုံးခြင်းက သွေးပေါင်ချိန်နှင့် ကိုလက်စထရော ပမာဏကို လျော့ကျစေပြီး အင်ဆူလင် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးကာ အဝလွန်သူများအတွက် ကိုယ်အလေးချိန် လျော့ကျစေပါသည်။

(၂) အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်

ထောပတ်သီး ကျန်းမာရေး

Photo : The India Talks

‌ထောပတ်သီး က ရတဲ့ အံ့ဩဖွယ် ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုကတော့ အရိုးပွရောဂါကို ကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင် K က အရိုးကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဗီတာမင် K လုံလောက်စွာ စားသောက်ခြင်းက ကယ်လ်စီယမ် စုပ်ယူမှုကို တိုးမြင့်စေပြီး အရိုးကျန်းမာရေးကို အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

(၃) စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်ပါတယ်

ထောပတ်သီး ကျန်းမာရေး

Photo : Kingwood Emergency Hospital

ထောပတ်သီးမှာ ဖောလိတ်ဓာတ်ပါဝင်မှုဟာ စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ၎င်းက ကွီးတို့ရဲ့ သွေးလည်ပတ်မှုနှင့် ဦးနှောက်သို့ အာဟာရများပေးပို့မှုကို ထိခိုက်စေတဲ့ Homocysteine ကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းနဲ့ စိတ်ခံစားချက် ပုံစံများကိုလည်း ထိန်းညှိပေးပါတယ်။

(၄) အမြင်အာရုံအတွက် ကောင်းပါတယ်

Avocado

Photo : iStock

ကွီးတို့ရဲ့ အစားအသောက်ထဲမှာ ထောပတ်သီးကို ပုံမှန် ထည့်သွင်းစားသောက်ခြင်းက မျက်လုံးအတွက် အကျိုးရှိပါတယ်။ ထောပတ်သီးမှာ မျက်လုံးအတွက် အကျိုးပြုတဲ့ ဘီတာကယ်ရိုတင်းလို့ ခေါ်တဲ့ ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ထောပတ်သီးတွင် ခရမ်းလွန်ရောင်ခြည် အပါအဝင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ Lutein နဲ့ Zeaxanthin-Two ဆိုတဲ့ ဓာတုပစ္စည်းများ ပါရှိပါတယ်။

(၅) ကျန်းမာပြည့်စုံသော လိင်မှုဘဝကို ပံ့ပိုးပေးနိုင်ပါတယ်

Avocado

Photo : The Mirror

ထောပတ်သီးဟာ လိင်ဆက်ဆံမှုကို မြှင့်တင်ပေးပြီး သက်လုံကောင်းစေတယ်လို့ ဆိုကြပါတယ်။ ၎င်းတို့တွင် ဗီတာမင် B6 ၊ ပိုတက်စီယမ်နှင့် မပြည့်ဝမပြည့်ဝဆီများ ကြွယ်ဝစွာပါဝင်ပြီး ကွီးတို့ရဲ့ နှလုံးကို ကျန်းမာစေပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ နှလုံးကျန်းမာရေး မကောင်းခြင်း သို့မဟုတ် ညံ့ဖျင်းခြင်းက လိင်အင်္ဂါမသန်စွမ်းခြင်းအတွက် ပြင်းထန်သော အန္တရာယ်အချက်တစ်ခု ဖြစ်ပါတယ်။ ထောပတ်သီးတွင်ပါရှိသော အာဟာရဓာတ်များသည် ၎င်းကို လျှော့ချပေးပြီး လိင်စိတ်ဆန္ဒကို တိုးမြင့်စေနိုင်တယ်လို့ ဆိုပါတယ်။

အခု ဝေမျှပေးလိုက်တာကတော့ ထောပတ်သီး က ရတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေပဲ ဖြစ်ပါတယ်။ ဒီလို ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးအနှံများကို ပုံမှန် စားသုံးပေးသင့်ပါတယ်။

Source : Medical News Today

Featured Photo : Logistics of Things