လူတစ်ယောက်အတွက် ဆွဲဆောင်မှု ရှိခြင်းလို့ ဆိုရာမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း၊ အလေးထားခြင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စတိုင်လ်အပါအဝင် မတူညီသောအချက်များစွာကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မွေးရာပါ အခြေခံ ရုပ်ပိုင်းဆိုင်ရာကို မပြောင်းလဲနိုင်သော်လည်း ပိုမို ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်တော့ ကိုယ်တိုင်လုပ်ယူလို့ ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ပိုမို ဆွဲဆောင်မှု ရှိသော အမျိုးသားတစ်ယောက် ဖြစ်စေဖို့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ ရိုးရှင်းသော အချက်လေးများကို ဖော်ပြပေးချင်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းရေး

Photo : Business Insider
ကွီးတို့ရေ ဆွဲဆောင်မှု ရှိသော အမျိုးသားတစ်ယောက် ဖြစ်စေဖို့ အလွယ်ကူဆုံးနှင့် အခြေခံအကျဆုံးအချက်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးလို့ ဆိုရာမှာ ကွီးတို့ ပုံမှန် ရေချိုးသန့်စင်တာအပြင် ခေါင်းလျှော်တာ၊ လက်သည်း ခြေသည်းများ သန့်ရှင်းနေတာ၊ မျက်နှာမှာ မုတ်ဆိတ်မွှေးထားရှိရင်လည်း သပ်ရပ်စွာ ထားရှိတာ၊ ခံတွင်းနံ့ကင်းတာ စတဲ့ အခြေခံ အချက်များအားလုံး ပါဝင်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ကျန်းမာရေးအတွက်လည်း အရေးပါသလို ကွီးတို့ကိုလည်း အနံ့အသက်ကင်းပြီး လန်းဆန်းစေမှာပါ။
ဆံပင်ပုံစံကို သပ်ရပ်စွာထားပါ

Photo : Real Man Real Style
ဆံပင်ဟာ လူတစ်ယောက်အတွက် ဒုတိယမျက်နှာပါ။ ဆံပင်ပုံစံကြောင့် ကွီးတို့ကို ပိုပြီး ကြည့်ကောင်းစေသလို ကွီးတို့ရဲ့ အသွင်အပြင်ကို ပိုပြီး ကြည့်ရဆိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် စတိုင်လ်လစ်တစ်ဦးထံမှ အကူအညီ ရယူပြီး ကွီးတို့ မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကို ထားရှိပါ။ ဒါ့အပြင် ကွီးတို့ရဲ့ နေ့စဉ်ကျင်လည်နေရတဲ့ လုပ်ငန်းခွင်နဲ့ လိုက်ဖက်တဲ့ သပ်ရပ် ကြည့်ကောင်းတဲ့ ဆံပင်စတိုင်လ်မျိုး ဖြစ်ဖို့လည်း လိုပါတယ်။
ဝတ်စားဆင်ယင်မှုကို ဂရုစိုက်ပါ

Photo : Pinterest
ဝတ်စားဆင်ယင်မှုက လူတစ်ယောက် ကိုယ့်ကိုယ်ကို အလေးထားလား၊ ဂရုစိုက်လားဆိုတာ ပေါ်လွင်ပါတယ်။ သပ်ရပ် သန့်ရှင်းစွာ ဝတ်စားဆင်ယင်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ်နဲ့ဆက်ဆံရတဲ့ သူများကိုလည်း လေးစားရာရောက်ပါတယ်။ သပ်ရပ်ကြည့်ကောင်းပြီး စတိုင်လ်ကျစေဖို့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မျိုး မရှိမဖြစ် မလိုအပ်ပါဘူ။ အရေးကြီးတဲ့အချက်ကတော့ ကွီးတို့ ခန္ဓာကိုယ်အမျိုးအစားနှင့် လိုက်ဖက်ညီပြီး ပရော်ဖက်ရှင်နယ်ကျကျ နေရာဒေသအလိုက် ရွေးချယ်ဝတ်ဆင်တတ်ဖို့သာ လိုပါတယ်။
ပြုံးပါ

Photo : Pinkvilla
တစ်စုံတစ်ဦးကို စစ်မှန်သော အပြုံးတစ်ခု ပေးဆောင်ခြင်းက တစ်ဖက်သားအတွက် စိတ်ခံစားချက် ကောင်းစေသလို ကွီးတို့ကို ဆွဲဆောင်မှု ရှိတဲ့ အမျိုးသားတစ်ယောက် ရဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ အပြုံးက ကွီးတို့ကို နှစ်လိုဖွယ်ကောင်းတဲ့ ပုံရိပ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ဖြစ်စေ၊ ကိုယ်ရဲ့ ကိုယ်ပိုင်ဘဝမှာဖြစ်စေ၊ ကိုယ့်ဘေးနားသူများကို အပြုံးနဲ့ ဆက်ဆံဖို့ မမေ့ပါနဲ့။
မိမိကိုယ်ကို ယုံကြည်ချက်ရှိပါစေ

Photo : Best Life
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိခြင်းကလည်း ကွီးတို့ကို ပိုမို ဆွဲဆောင်မှု ရှိပါတယ်။ တစ်ခုခုကို ရဲရဲဝံ့ဝံ့ လုပ်တောင်တာ၊ ပြောဆိုတာ၊ ဘယ်လိုကိစ္စကိုမဆို ယုံကြည်ချက်ရှိရှိ လုပ်ဆောင်တာမျိုးက ယောကျာ်းဆန်တဲ့ ဆွဲဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ဘဝတိုးတက်ရေးအတွက်လည်း မိမိကိုယ်ကို ယုံကြည်ချက်ရှိဖို့ လိုပါတယ်။
အခုဖော်ပြပေးလိုက်တဲ့ ရိုးရှင်းတဲ့ အချက်တွေက ကွီးတို့ကို ပိုမို ဆွဲဆောင်မှု ရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာစေဖို့ ကူညီပေးနိုင်ပါတယ်။
Source : WikiHow
Featured Photo : Slowdating
