ကွီးတို့ရေ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတို့ရဲ့ နေ့စဉ်ဘဝတွေ ၊ အလုပ်တွေမှာ ပိုမို လွယ်ကူစေဖို့ ဒစ်ဂျစ်တယ် ပစ္စည်းများ၊ အသုံးအဆောင်များကလည်း တစ်ပြိုင်နက် တိုးတက်ဖွံဖြိုးလာပါတယ်။ ဒီအထဲမှာ စမတ်နာရီ များလည်း ပါဝင်ပါတယ်။ စမတ်နာရီများမှာ လိုအပ်တဲ့ Apps များ ၊ ကျန်းမာရေး ခြေရာခံစနစ် ၊ သတိပေးချက်များ စတဲ့ အင်္ဂါရပ်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် တတ်ကြွတဲ့ လူနေမှုပုံစံကို ပံ့ပိုးပေးနိုင်တာကြောင့် Workout လုပ်တဲ့ ကွီးတို့အတွက်လည်း စမတ်နာရီများ က တော်တော်လေး အသုံးဝင်ပါတယ်။ ဒီဆောင်းပါးလေးမှာ လေ့ကျင့်ခန်းလုပ်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ စမတ်နာရီများကို ဖော်ပြပေးချင်ပါတယ်။

Germin Venus 2 Plus

Workout စမတ်နာရီများ

Photo : iCulture

ဒီစမတ်နာရီက Workout လုပ်တဲ့ ကွီးတို့အတွက် အထောက်အကူဖြစ်စေမဲ့ အကောင်းဆုံး စမတ်နာရီများ ထဲက တစ်လုံးပါ။ သူ့မှာ သေသပ်တောက်ပတဲ့ AMOLED ထိတွေ့မျက်နှာပြင် ပါရှိပြီး ဘက်ထရီသက်တမ်းကလည်း ၉ ရက်အထိ ခံပါတယ်။ ၎င်းမှာ အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုခြေရာခံခြင်း၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း တို့အပြင် အောက်ဆီဂျင်တိုင်းတာတဲ့ အင်္ဂါရပ်များပါ ပါရှိပါတယ်။ မိုက်နဲ့ စပီကာပါ ထည့်သွင်းထားတဲ့အတွက် ကွီးတို့ လေ့ကျင့်ခန်းလုပ်နေစဉ် အသုံးပြုလို့ကောင်းတဲ့ စမတ်နာရီတစ်ခုပါပဲ။

Fitbit Versa 3

Workout စမတ်နာရီများ

Photo : DC Rainmaker

‌ဒီပေါ့ပါးပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဘက်ထရီသက်တမ်း ခြောက်ရက်ခန်ခံတဲ့ Fitbit Versa 3 စမတ်နာရီကလည်း ရွေးချယ်စရာများထဲက တစ်ခုပါ။ သူ့မှာ ပိုမိုကောင်းမွန်သော ကျန်းမာရေးကို ခြေရာခံခြင်းနဲ့အတူ ၂၄ နာရီပတ်လုံး နှလုံးခုန်နှုန်းစောင့်ကြည့်ခြင်း ကဲ့သို့သော အင်္ဂါရပ်အားလုံးပါဝင်ပါတယ်။ မိုက်ခရိုဖုန်းနှင့် စပီကာများကလည်း ပိုမိုပါးလွှာလာပြီး Google Assistant သို့မဟုတ် Alexa ကို အသုံးပြုရတာ ပိုမိုလွယ်ကူစေပါတယ်။

Samsung Galaxy Watch 5

Workout စမတ်နာရီများ

Photo : Android Authority

ကွီးတို့ရေ ဒီ Samsung Galaxy Watch 5 မှာ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းတာခြင်း၊ ECG၊ BIA၊ အပူချိန်အာရုံခံကိရိယာများ စတဲ့ အင်္ဂါရပ်များ စုံစုံလင်လင်ပါဝင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ BIA အာရုံခံကိရိယာက ကွီးတို့ ခန္ဓာကိုယ်ရဲ့ ရေနဲ့ အဆီရာခိုင်နှုန်း၊ အရိုးစုကြွက်သားထုထည်နှင့် အခြားအရာများအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို တိုင်းတာရန် ဒီဇိုင်ထုတ်ထားပါတယ်။ ကွီးတို့က Workout လုပ်ရင်း ကွီးတို့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲတိုးတက်နှုန်းကို အနီးကပ်ဆုံး ခြေရာခံနိုင်တဲ့ စမတ်နာရီများ ထဲက တစ်လုံး ဖြစ်ပါတယ်။

Amazfit GTS 3

Smart watches

Photo : Teach4All

ဒီစမတ်နာရီကတော့ အခုမှစတင်ပြီး Workout လုပ်မဲ့သူများအတွက် ရွေးချယ်သင့်တဲ့ စမတ်နာရီတစ်လုံး ဖြစ်ပါတယ်။ ၎င်းမှာ လှုပ်ရှားမှု၊ အိပ်စက်ခြင်းကို ခြေရာခံခြင်း၊ နှလုံးခုန်နှုန်း စောင့်ကြည့်ခြင်း ၊ သွေး-အောက်ဆီဂျင် ခြေရာခံခြင်းနှင့် အလိုအလျောက်လေ့ကျင့်ခန်းများ တိုင်းတာမှု စတဲ့ အင်္ဂါရပ်မျာ ပါဝင်ပါတယ်။

Germin Vivoactive 4

Smart watches

Photo : PC Mag

ဒီစမတ်နာရီကတော့ ကွီးတို့အတွက် ရွေးချယ်စရာ အရွယ်အစားနှစ်ခုရှိပြီး မီတာ ၅၀ အထိ ရေစိုခံနိုင်တာကြောင့် ကွီးတို့အနေနဲ့ ရေကူးရင်း ဝတ်ဆင်ထားမယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး။ သူ့မှာလည်း အခြားသော စမတ်နာရီများကဲ့သို့ လှုပ်ရှားမှု ၊ အိပ်စက်ခြင်းနဲ့ နှလုံးခုန်နှုန်း တိုင်းတာခြင်းစတဲ့ အင်္ဂါရပ်များစွာ ပါဝင်ပါတယ်။ ၎င်းမှာ အင်္ဂါရပ်အသစ်များအဖြစ် Pulse Ox အာရုံခံကိရိယာ ၊ ခန္ဓာကိုယ်ဘက်ထရီစွမ်းအင်ကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် 20-plus ကြိုတင်ထည့်သွင်းထားသော အားကစားအက်ပ်များ စသည်တို့ ပါဝင်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ Workout လုပ်တဲ့ ကွီးတို့အတွက် အထောက်အကူပြုစေမဲ့ ရွေးချယ်သင့်တဲ့ စမတ်နာရီများပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ လိုအပ်ချက်နဲ့ အညီရွေးချယ်နိုင်စေဖို့ အကူအညီဖြစ်စေဖို့ မျှော်လင့်ပါတယ်။

Source : Android Central

Featured Photo : Business Inside India