နည်းပညာများ တစ်စထက် တစ်စ တိုးတက်လာသည်နှင့်အမျှ ရိုးရိုးဒိုင်ခွက်နာရီ၊ ဒစ်ဂျစ်တယ်နာရီများအစား စမတ်နာရီများလည်း အစားထိုးဝင်ရောက်လာကြပါတယ်။ စမတ်နာရီအမျိုးအစားများသည်လည်း Fitbit ၊ Amazfit ၊ Samsung စသည်ဖြင့် ဘရန်းအမျိုးမျိုး ကွဲပြားသွားကြသလို စမတ်နာရီ ဘရန်းတစ်ခုတည်းမှာလည်း တစ်နှစ်ထက်တစ်နှင့် အဆင့်မြင့်လာတဲ့ မော်ဒယ်အမျိုးအစားများသည်လည်း အသစ်ထွက်ရှိလာကြပါတယ်။

ဒီလိုမျိုး ဘရန်းအမျိုးမျိုးရှိတဲ့အနက် Samsung ဘရန်းကို နှစ်သက်ကြတဲ့ စမတ်နာရီ ချစ်သူများအတွက် လတ်တလောမှာ လူကြိုက်များနေတဲ့ မော်ဒယ်အမျိုးအစားများကို ယှဥ်တွဲဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ Samsung စမတ်နာရီတစ်လုံး ဝယ်ယူချင်ပေမယ့် ဘယ်မော်ဒယ်အမျိုးအစား ဝယ်ရမလဲ စဥ်းစားရကြပ်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက အကူအညီဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

Samsung Galaxy Watch 4

Galaxy Watch 4

Photo: Samsung

Samsung Galaxy Watch 4 မှာ  3-In-1 ကျန်းမာရေး ဆင်ဆာပါရှိပြီး ထို့အတွက်ကြောင့် စမတ်နာရီ ကို ဝတ်ဆင်ထားချိန်မှာ နှလုံးခုန်နှုန်းကို တိုင်းတာပေးခြင်း၊ ECGs နှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံတို့ကို တိုင်းတာပေးပါတယ်။ သူ့ရဲ့ ဒီဇိုင်းကလည်း ပါးလွှာပြီး Apps များများ ထည့်သွင်းထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုကတော့ Galaxy Watch 3 ထက် ပိုပြီး ဈေးသက်သာရခြင်းပဲဖြစ်ပါတယ်။

Galaxy Watch 4 မှာတင်ပဲ အမျိုးအစား (၂) မျိုး ထပ်ခွဲထားပါသေးတယ်။ တစ်မျိုးက ၄၀ မီလီလီတာ အရွယ်အစားရှိပြီး Bluetooth မော်ဒယ်အမျိုးအစားဖြင့် ထုတ်လုပ်ထားတဲ့ နာရီဖြစ်ပြီး ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၂၅၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ ၄၀ မီလီလီတာ အရွယ်အစားရှိ LTE မော်ဒယ်အမျိုးအစားဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ကုန်ကျမှာြဖစ်ပါတယ်။

Samsung Galaxy Watch 4 Classic

Samsung စမတ်နာရီ

Photo: Gamesradar

Standard Watch 4 နဲ့ Classic တို့အကြား ကွာခြားချက်ကတော့ နာရီအရွယ်အစားနှင့် အရောင်ပဲဖြစ်ပါတယ်။ Classic ကတော့ ၄၂ မီလီလီတာ အရွယ်အစားရှိပါတယ်။ ဘက္ထရီကလည်း မော်ဒယ်နှစ်မျိုးစလုံးက 361mAh ဖြစ်ပါတယ်။ အရောင်ရွေးချယ်စရာကတော့ Standard မှာ အနက်ရောင်၊ ငွေရောင်၊ ရွေရောင်နှင့် ပန်းရောင်စပ်အရောင်၊ အစိမ်းရောင်ဆိုပြီး ငါးမျိုး ရွေးချယ်စရာရှိပါတယ်။ Classic မော်ဒယ်မှာတော့ အနက်ရောင်နှင့် ငွေရောင်ဆိုပြီး အရောင်နှစ်မျိုး ရွေးချယ်စရာရှိပါတယ်။

ဒီမော်ဒယ်နှစ်မျိုးစလုံးသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လက ထွက်ရှိခဲ့တာဖြစ်ပါတယ်။ မော်ဒယ်အသစ်ကိုင်ချင်တဲ့ Samsung စမတ်နာရီ ဖန်တွေအတွက် မကြာသေးမီကမှ ထွက်ရှိထားတဲ့ မော်ဒယ်တစ်မျိုးလည်းရှိပါသေးတယ်။

Galaxy Watch 5

Samsung စမတ်နာရီ

Photo: Androidpolice

Watch 5 က Watch 4 နဲ့ ယှဥ်တဲ့အခါမှာတော့ ပိုပြီးစွမ်းဆောင်ရည် ပိုမြင့်တာကို မြင်တွေ့ရပါတယ်။ သူ့မှာ Google Apps နှင့် အခြားသော Third-Party Apps များလည်း များများပြားပြား ထည့်နိုင်ပါတယ်။ မထွက်ခင်ကတော့ အရေပြား အပူချိန်ကို အာရုံခံပေးနိုင်တဲ့ စနစ် ထည့်ရှိမယ်လို့ ကတိပေးခဲ့ပေမယ့် တကယ်တမ်း ထွက်လာတဲ့အခါမှာတော့ ပါမလာပါဘူး။ Galaxy Watch 5 မှာလည်းပဲ Standard နဲ့ Pro ဆိုပြီး မော်ဒယ်နှစ်မျိုး ထပ်ခွဲထားပြန်ပါတယ်။ Standard မော်ဒယ်ကတော့ ဒေါ်လာ ၂၈၀ ခန့် ပေးချေရမှာဖြစ်ပြီး Pro ကတော့ ဒေါ်လာ ၄၅၀ ကုန်ကျမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Samsung စမတ်နာရီ ဖန်တွေလည်း ဘယ်မော်ဒယ်အမျိုးအစား ဝယ်သင့်သလဲဆိုတာ အဖြေရသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Pocket-lint

Featured Image: Lifewire