ဂျင် ဆိုတာကတော့ ၁၇ ရာစုလောက်ကစပြီး လူကြိုက်အများဆုံး အဖျော်ယမကာတစ်မျိုး ဖြစ်ခဲ့ပါတယ်။ ဂျင်ဟာ လက်ရှိကမ္ဘာပေါ်က လူကြိုက်အများဆုံး အရက်အမျိုးအစားတွေထဲက တစ်ခုအဖြစ်လည်းဆက်ရှိနေပြီး သူ့ချည်းသပ်သပ်သောက်သုံးကြသလို ကော့လ်တေး Drinks တွေအဖြစ်လည်း ဖျော်စပ်သောက်ကြပါတယ်။ များသောအားဖြင့်တော့ ဂျင်ဟာ ဈေးသက်သက်သာသာနဲ့ လူတိုင်းလက်လှမ်းမီတဲ့ သောက်စရာ အဖျော်ယမကာအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချွင်းချက်အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အရည်အသွေးအကောင်းဆုံးနဲ့ လက်ရာမြောက်လှတဲ့ တန်ဖိုးအကြီးဆုံး ဂျင် ပုလင်းတွေများစွာ ရှိနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး ဂျင်ပုလင်း ၅ မျိုးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) Spring Gin Gentleman’s Cut

Photo : The Manual
ဘယ်လ်ဂျီယံဂျင် အမျိုးအစားဖြစ်ပါတယ်။ အဆင့်ဆင့်ပေါင်းခံချက်လုပ်ပြီးမှ ထုတ်ထားတဲ့ အရည်အသွေးမြင့် ဂျင်တစ်မျိုးပါ။ ငရုတ်ကောင်း ၊ ထင်းရှူးရနံ့နဲ့ ဂျူနီပါသီးအရသာတို့ ပေါင်းစပ်ပါဝင်ပါတယ်။ အယ်လ်ကိုဟော ၄၈.၈ ရာခိုင်နှုန်း ပါဝင်ပြီး ကော့လ်တေးဖျော်စပ်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။
(၂) 45 West Distillery Burleigh’s London Dry Gin

Photo : The Manual
အင်္ဂလိပ်လူမျိုးတွေက ဂျင်နဲ့ပတ်သတ်ရင် ဆရာကြီးတွေလို့ပြောရမှာပါ။ 45 West Distillery Burleigh’s London Dry Gin ကတော့ သက်သေပဲ ဖြစ်ပါတယ်။ ဘယ်ရီသီးရနံ့ သင်းပျံ့မွှေးပြီး ပြည့်စုံမျှတတဲ့ ဂျင်အရသာကို ပေးစွမ်းပါတယ်။ On The Rocks သောက်မယ်ဆိုရင် အရသာပိုမိုပေါ်လွင်မှာဖြစ်ပြီး Martini ကော့လ်တေးတစ်ခွက်အဖြစ်လည်း ဖျော်စပ်သောက်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။
(၃) Nolet Reserve Dry Gin

Photo : The Manual
Nolet Reserve Dry Gin ကတော့ ဆုပေါင်းများစွာရရှိထားတဲ့ ဂျင် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့ပြီး ထူးကဲတဲ့အထိအတွေ့ အရသာတို့နဲ့ ကမ္ဘာပေါ်က တန်ဖိုးအကြီးဆုံး အမွှေးအကြိုင်တို့ကို ပေါင်းစပ်ချက်လုပ်ထားပါတယ်။ လျှာပေါ်မှာ ပူနွေးနွေးစပ်ပြင်းပြင်း ခံစားမှုကိုပေးစွမ်းမယ့် စွဲမက်ဖွယ် Dry Gin တစ်မျိုးဖြစ်ပါတယ်။
(၄) The Cambridge Distillery Watenshi Gin

Photo : The Manual
တစ်ကြိမ်လျှင် ဂျင် ၆ ပုလင်းသာ ပေါင်းခံချက်လုပ်တဲ့ ဂျပန်ရိုးရာ ဂျင်အမျိုးအစားဖြစ်ပါတယ်။ ဂျူနီပါသီးရဲ့ ခါးသပ်သပ်အရသာနဲ့ ဟင်းခတ်အမွှေးအကြိုင်တို့ ပေါင်းစပ်ချက်လုပ်ထားပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ပုလင်းဒီဇိုင်းနဲ့ ဂျင်စုဆောင်းသူတွေကြားမှာ ရေပန်းစားတဲ့ အကောင်းစား ဂျင်ဖြစ်ပါတယ်။
(၅) Jam Jar Gin Morus LXIV
Photo : The Manual
Jam Jar Gin Morus LXIV ကတော့ တန်ဖိုးအကြီးဆုံး ဂျင်ပုလင်းရဲ့ ထိပ်ဆုံးစာရင်းမှာ ရှိနေပါတယ်။ အယ်လ်ကိုဟော ၆၄ ရာခိုင်နှုန်းပါဝင်ပြီး ဂျင်တစ်ပုလင်းဖြစ်လာဖို့ ၂ နှစ်ကျော်လောက် အချိန်ယူထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အရသာ ၊ စွဲမက်ဖွယ်အထိအတွေ့နဲ့ အရည်အသွေးမြင့် လန်ဒန်နိုင်ငံထုတ်အကောင်းဆုံး ဂျင်တစ်မျိုးဖြစ်ပါတယ်။
Featured Photo : Luxebook

