ပုရိသများအနေနဲ့ မနက်ခင်း တိုင်းမှာ အကြောလျော့ လေ့ကျင့်ခန်းများကို ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ပြုလုပ်သင့်ပါတယ်။ အကြောလျော့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အညောင်းအညာ ပြေသွားစေပြီး တစ်နေ့တာလုံး နေလို့ ထိုင်လို့ ကောင်းသွားမှာပဲဖြစ်ပါတယ်။

မနက်ခင်း တိုင်းမှာ အကြောလျော့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများကတော့…

  • ခန္ဓာကိုယ် အနေအထား မှန်ကန်စေခြင်း
  • တစ်နေ့တာလုံး စွမ်းအင်အပြည့်နှင့် တက်ကြွလန်းဆန်းစေခြင်း
  • စိတ်လက် ရွှင်လန်းစေခြင်း
  • စိတ်ဖိစီးမှုများကို လျော့ပါးသွားစေခြင်း
  • ကြွက်သားများ ရောင်ရမ်း နာကျင်ခြင်းမှ သက်သာစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ထိုအကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို တစ်နေ့လျှင် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်အထိ ပြုလုပ်ပေးသင့်ပါတယ်။

လေ့ကျင့်ခန်း (၁)

exercises

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ လက်နှစ်ဖက်ကို အနောက်သို့ ပစ်ထားပါ။

အဆင့် (၂) တင်ပါးကို အနောက်သို့ ပစ်ကာ ခန္ဓာကိုယ် အပေါ်ပိုင်းက အရှေ့သို့ ကိုင်းချလိုက်ပါ။ (ဒူးနှစ်ဖက်ကို အရမ်းကြီး ကွေးမသွားအောင် သတိထားရပါမယ်။)

ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာအောင် တောင့်ခံထားလိုက်ပါ။ ထို့နောက် ၁၀ ကြိမ်တိတိ ဆက်လက်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၂)

exercises

အဆင့် (၁) ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားကာ မတ်တပ်ရပ်ပြီး အသင့်အနေအထား ပြင်နေပါ။

အဆင့် (၂) ညာခြေကို ဘယ်ခြေနောက်သို့ ပို့ပြီး ညာလက်ကို ဘေးဘက်သို့ ကိုင်းချနိုင်သလောက် ကိုင်းချလိုက်ပါ။

ထိုအနေအထားအတိုင်း စက္ကန့်အနည်းငယ်ကြာအောင် တောင့်ခံထားလိုက်ပါ။

အဆင့် (၃) ထို့နောက် ဘယ်ခြေနှင့် ဘယ်လက်ကိုလည်း စောစောကနည်းအတိုင်း ပြုလုပ်ရပါမယ်။

ဘယ် ညာကို တစ်ကြိမ်လို့ သတ်မှတ်ပြီး စုစုပေါင်း ၅ ကြိမ် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

exercises

အဆင့် (၁) ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထားပြီးနောက် လက်နှစ်ဖက်ကို ဒူးရဲ့ အရှေ့ဘက် နှစ်လက်မ အကွာတွင် ထားကာ ပုခုံးအကျယ်အတိုင်း ချဲထားလိုက်ပါ။ မျက်နှာကိုလည်း ကြမ်းပြင်ဘက်သို့ မျက်နှာမူထားပါ။

အဆင့် (၂) ကျောကို ခန္ဓာကိုယ် အတွင်းဘက်ဆီသို့ ကော့ချပြီးနောက် မျက်နှာကလည်း အလိုက်သင့်လေး အပေါ်သို့ မော့လိုက်ပါ။

အဆင့် (၃) ထို့နောက် အဆင့် (၁) က ပုံစံအတိုင်း ပြန်နေပါ။

စုစုပေါင်း ၁၀ ကြိမ် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

exercises

အဆင့် (၁) အရင်ဦးဆုံး ဒူးထောက်ကာ ထိုင်နေပါ။ (စောစောက အနေအထားနဲ့ တူပါတယ်။)

အဆင့် (၂) ခန္ဓာကိုယ်ကို အရှေ့သို့ ကိုင်းချပြီး ကြမ်းပြင်နဲ့ ထိကပ်အောင် ပြုလုပ်ရပါမယ်။ လက်နှစ်ဖက်ကလည်း အလိုက်သင့်လေး အရှေ့သို့ ရွေ့ချလိုက်ပါ။

အဆင့် (၃) ညာလက်ကို ဘယ်လက်အောက်ကနေ ဘေးဘက်သို့ ထုတ်လိုက်ပါ။

ထို့နောက် မူလအနေအထားအတိုင်း ပြန်ဖြစ်ဖို့ရန်အတွက် စောစောက ပြုလုပ်ခဲ့တဲ့ အဆင့်များအတိုင်း နောက်ပြန် ပြန်လုပ်ပါ။

စုစုပေါင်း ၅ ကြိမ် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

မနက်ခင်း အကြောလျော့

အဆင့် (၁) ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေပါ။

အဆင့် (၂) ဘယ်ဒူးကို ၉၀ ဒီဂရီ ထောင်လိုက်ပြီးနောက် ဘေးဘက်သို့ လှဲချလိုက်ပါ။ (ခန္ဓာကိုယ်အပေါ်ပိုင်းက လိုက်ရွေ့စရာ မလိုပါဘူး။)

ထိုအဆင့်များအတိုင်း ညာဒူးကိုလည်း ထိုနည်းများအတိုင်း ပြုလုပ်ပေးလိုက်ပါ။

စုစုပေါင်း ၃ ကြိမ် မှ ၅ ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၆)

မနက်ခင်း အကြောလျော့

အဆင့် (၁) ကြမ်းပြင်ပေါ်တွင် စောစောကအတိုင်း လှဲလျောင်းနေပါ။

အဆင့် (၂) ညာဒူးကို ၉၀ ဒီဂရီ မ လိုက်ပြီးနောက် ပေါင်အရင်းနားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပါ။

အဆင့် (၃) ဒူးကို အပေါ်သို့ ထောင်မတ်လိုက်ပါ။

ဘယ်ဒူးကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

တစ်ဖက်စီကို ၁၀ ကြိမ် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၇)

မနက်ခင်း အကြောလျော့

အဆင့် (၁) ညာဒူးကို ၉၀ ဒီဂရီအနေအထားဖြင့် ကွေးထားလိုက်ပါ။ ညာလက်ကို ဘေးဘက်သို့ ဆန့်တန်းပါ။

အဆင့် (၂) ဘယ်လက်က ညာလက်ကို ထိကပ်ပြီး ခန္ဓာကိုယ်ကိုလည်း အလိုက်သင့်လေး ရွေ့လျေားပေးဖို့ လိုပါလိမ့်မယ်။

ထိုပုံစံအတိုင်း ၁၀ ကြိမ် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၈)

မနက်ခင်း အကြောလျော့

အဆင့် (၁) အရင်ဦးဆုံး ခန္ဓာကိုယ်ကို Plank ထောက်မယ့် အနေအထားပြင်ပါ။

အဆင့် (၂) ထို့နောက် တင်ပါးကို တဖြည်းဖြည်းချင်း အပေါ်ထောင်လိုက်ပါ။ လက်နှစ်ဖက်ကလည်း အလိုက်သင့်လေး လိုက်ရွေ့ပေးလိုက်ပါ။

အဆင့် (၃) ထို့နောက် တင်ပါးကို အောက်ချပြီး ကြမ်းပြင်နဲ့ ထိကပ်ပေးလိုက်ပါ။

မူလအနေအထားအတိုင်း ပြန်နေပါ။

စုစုပေါင်း ၅ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

Source: Bobbyberk

Featured Image: Freepik