ကွီးတို့ရေ ကိုယ့်အိမ်မှာပဲ Gym သွားစရာမလိုဘဲ လေ့ကျင့်ခန်းများကို စနစ်တကျ လုပ်ချင်ပါသလား။ ဒါမှမဟုတ် ကွီးတို့ရဲ့ တစ်နေ့တာ Workout လုပ်ဆောင်မှုများနဲ့ ကိုယ့်ရဲ့ တိုးတက်မှုကို မှတ်တမ်းတင်ထားချင်ပါသလား။ ဒါဆိုကွီးတို့ကို ကူညီပေးနိုင်မဲ့ Apps တွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ Workout လုပ်ရာမှာ အမှန်တကယ်ပင် အထောက်အကူပြုစေပြီး iOS ရော Android မှာပါ အသုံးပြုနိုင်မဲ့ အကောင်းဆုံး အခမဲ့ Apps များကို ဖော်ပြပေးချင်ပါတယ်။
Strong

Photo : www.strong.app
iOS မှာရော Android မှာ အခမဲ့ ရယူနိုင်ပြီး Workout လုပ်ရာမှာ ကူညီပေးနိုင်မဲ့ Fitness Apps များထဲကတစ်ခုကတော့ Strong ပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ လေ့ကျင့်ခန်း များကို လွယ်လွယ်ကူကူဖြင့် မှတ်တမ်းတင်နိုင်သော App တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ App မှာ စာရင်းသွင်းထားပြီးသော လေ့ကျင့်ခန်းများနှင့် အစီအစဉ်များ ပါရှိသော်လည်း ကွီးတို့ ကိုယ်တိုင်လည်း စိတ်ကြိုက်ထည့်သွင်းနိုင်ပါတယ်။ ကွီးကိုယ်တိုင် နေ့စဉ်လုပ်ရမဲ့ Workout များကို ဖန်တီးပြီး အချိန်နှင့်အမျှ ကိုယ့်ရဲ့ တိုးတက်မှုကို ခြေရာခံနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ကိုယ်အလေးချိန်နဲ့ ခန္ဓာကိုယ်တိုင်းတာမှုတွေကို မှတ်တမ်းတင်ထားနိုင်ပါတယ်။
Jefit

Photo : Steemit
ဒီ App ကလည်း ကွီးတို့ရဲ့ လေ့ကျင့်ခန်းများကို ခြေရာခံနိုင်ပါတယ်။ ဒါ့အပြင် စာရင်းသွင်းထားပြီးသော လေ့ကျင့်ခန်းများနှင့် အစီအစဉ်များပါရှိပြီး ကွီးတို့ကိုယ်တိုင်လည်း ဖန်တီး ထည့်သွင်းနိုင်ပါတယ်။ လုပ်ရမဲ့ Workout များကို အစီအစဉ်ချ ဖန်တီးခြင်း ၊ တိုးတက်မှုကို ခြေရာခံနိုင်ခြင်း ၊ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ် အတိုင်းအတာများကို မှတ်တမ်းတင်နိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါတယ်။
Nike Training Club

Photo : CHIP
နောက်ထပ် ဖော်ပြပေးချင်တဲ့ App လေးတစ်ခုကတော့ Nike Training Club ပဲ ဖြစ်ပါတယ်။ ဒီ App မှာ ခွန်အား ၊ ခံနိုင်ရည် ၊ ယောဂ စတဲ့ အမျိုးအစားအလိုက် လေ့ကျင့်ခန်းပေါင်း ၁၈၅ ခုကျော် ပါဝင်ပါတယ်။ ကွီးတို့လိုချင်တဲ့ Workout ရည်မှန်းချက်များ ၊ အသုံးပြုလိုသော ပစ္စည်းပမာဏနှင့် တစ်ပတ်လျှင် လေ့ကျင့်ခန်းများအလိုက် အစီအစဉ်များကို ဖန်တီးပေးပါတယ်။ ဒီ App မှာ ကွီးတို့ရဲ့ လေ့ကျင့်ရေး မှတ်တမ်းနှင့် လေ့ကျင့်ခန်း လုပ်ဆောင်ပုံ ဗီဒီယိုများအလိုက် အကြံပြုချက်များကိုလည်း ပြုလုပ်ပေးပါတယ်။
Nike Run Club

Photo : unis.sn
ဒီ App ကလည်း Nike ကနေထုတ်ထားတဲ့ အပြေးသမားတွေအတွက် အဆင်ပြေတဲ့ App ဖြစ်ပါတယ်။ ကွီးတို့ရဲ့ လေ့ကျင့်ခန်းများကို App မှာ မှတ်ပုံတင်ထားပြီး ကွီးတို့ရဲ့ တိုးတက်မှုကို ခြေရာခံပါ။ ကွီးတို့ဟာ အခြားသော လေ့ကျင့်ခန်းများထက် ပြေးတာကို အားသန်ရင် ဒီ App လေးကို ဒေါင်းလုဒ်ဆွဲထားလိုက်ရင် အမှန်တကယ်ပင် အသုံးဝင်မှာပါ။ ဒီ App ကလည်း iOS ရော Android မှာပါ အခမဲ့ ရနိုင်ပါတယ်။
Strava

Photo :Flickr
ကွီးတို့ကို နောက်ထပ်ဖော်ပြချင်တဲ့ လေ့ကျင့်ခန်း လုပ်ရာတွင် အထောက်အကူပြုမဲ့ Apps များထဲက တစ်ခုကတော့ Strava ပဲ ဖြစ်ပါတယ်။ စက်ဘီးစီးခြင်း ၊ ရေကူးခြင်းနဲ့ အပြေးလေ့ကျင့်ခန်းများအတွက် ဒီ App ကို အသုံးပြုနိုင်ပါတယ်။ Strava ဖြင့် ကွီးတို့ရဲ့ လေ့ကျင့်ခန်း လုပ်ဆောင်နိုင်မှု နဲ့ တိုးတက်မှုကို အချိန်နှင့်အမျှ ပိုင်းခြားစိတ်ဖြာ နိုင်ပါတယ်။ ဥပမာအားဖြင့် ကွီးတို့ရဲ့ အကွာအဝေး ၊ အမြန်နှုန်း ၊ ကယ်လိုရီလောင်ကျွမ်းမှုကို ခြေရာခံနိုင်ပါတယ်။
ကွီးတို့အတွက် အခုဖော်ပြပေးလိုက်တဲ့ Fitness Apps အမှန်တကယ်ပင် အကျိုးရှိစေမှာပါ။ ဒီ Apps များကို iOS နဲ့ Android မှ အခမဲ့ ရယူနိုင်ပါတယ်။
Source : Boom Fit
Featured Photo : Tom’s Guide
