အာရောဂျံ ပရမ္မံလာဘံ ဆိုတဲ့ စကားအတိုင်းပဲ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ကျန်းမာခြင်းသည်လည်း အရေးကြီးသလို စိတ်ကျန်းမာရေးသည်လည်း အရေးပါပါတယ်။ နှစ်သစ် မှာ ကိုယ် ကျန်းမာ ၊ စိတ်ချမ်းသာမှသာလျှင် ဘဝကြီးမှာ ရှင်သန်နေထိုင်ရတာ အဓိပ္ပါယ်ရှိမှာ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ နှစ်သစ် မှာ ကိုယ်ရော စိတ်ပါ ကျန်းမာ ကြံ့ခိုင်နေဖို့ဆိုရင် အလေ့အကျင့်ကောင်းများကို ပြုကျင့်ဖို့ လိုအပ်ပါတယ်။

ဘယ်လို အလေ့အကျင့်ကောင်းများကို ပြုမူကျင့်ကြံရမလဲဆိုတော့ …

ကျန်းမာရေးနှင့် ညီညွှတ်အောင် စားသောက်ပါ

နှစ်သစ် ကျန်းမာ

သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ များများစားသုံးပါ။ အဆီ၊ အဆိမ့်များ၊ အငန်များ လျော့စားပါ။ အစားအစာများကိုလည်း တစ်ကြိမ်တည်းမှာပဲ အားရပါးရ စားသုံးတာထက်စာရင် ပမာဏ နည်းနည်းဖြင့် အကြိမ်ရေ များများ စားသုံးပေးရမှာဖြစ်ပါတယ်။

ဒီလို စားသုံးခြင်းအားဖြင့် သက်လတ်ပိုင်းအရွယ် ရောက်လာတဲ့အခါ ကောင်းကျိုးများ ခံစားရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ သက်တူ ရွယ်တူ ဘော်ဒါတွေက သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အဝလွန်းရောဂါများ ခံစားရချိန်မှာ ကွီးတို့ရဲ့ ကျန်းမာရေးနှင့် ညီညွှတ်အောင် စားသောက်တတ်တဲ့ အလေ့အကျင့်ကောင်းကြောင့် ထိုရောဂါများအတွက် စိတ်ပူနေစရာမလိုပါဘူး။

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပါ

နှစ်သစ် ကျန်းမာ

Gym သွားပြီး လေ့ကျင့်ခန်း ပြုလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင်မှ တစ်ရက်လျှင် မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းအားဖြင့် ကိုယ်ခံစွမ်းအား မြင့်တက်လာမှာဖြစ်ပြီး မကြာခဏ ဖျားနာခြင်းမှလည်း ကင်းဝေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ကွန်ပျူတာရှေ့ ၊ အလုပ်စားပွဲရှေ့မှာ တစ်နေကုန် အလုပ်လုပ်နေရတဲ့ ကွီးတို့အဖို့ ကိုယ်လက်လှုပ်ရှားခြင်းကို မကြာခဏ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူပါ

နှစ်သစ် ကျန်းမာ

အိပ်ရေး ဝဝ အိပ်စက်ခြင်းသည် စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ညဘက်မှာ အိပ်ရေး ဝဝ အိပ်စက်အနားယူတဲ့အခါ မနက်နိုးထလာချိန်မှာ စိတ်လက်ရွှင်လန်းပြီး ဦးနှောက်ကလည်း ကြည်လင်နေကာ စိတ်ခံစားချက်များလည်း ကောင်းမွန်နေမှာဖြစ်ပါတယ်။

ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာများကို ပြုလုပ်ပါ

နှစ်သစ် ကျန်းမာ

နှစ်သစ် မှာ ကိုယ်ရော စိတ်ပါ ကျန်းမာ နေစေချင်တယ်ဆိုရင်တော့ ကွီးတို့ကို ပျော်ရွှင်စေတဲ့အရာများကို ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ဝါသနာပါတဲ့အရာများအတွက် အချိန်ပေးပါ။ အလုပ်ချည်းပဲ ဖိလုပ်မနေဘဲ ကိုယ့်ရဲ့ စိတ်ကို အနားပေးဖို့ရန်အတွက်လည်း လိုအပ်ပါတယ်။ အားလပ်ချိန်မှာ ကိုယ် ဝါသနာပါတဲ့အရာများကို ပြုလုပ်ပေးလိုက်ပါ။

ကိုယ့်ကိုယ်ကို ချစ်ပါ

man self-love

ဒီအချက်ကတော့ အရေးကြီးဆုံးပါပဲ။ ကျွန်တော်တို့တွေသည် ကိုယ့်ဘေးနားက လူတွေကို ဂရုစိုက်ရင်းနဲ့ တခါတရံမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တောင် မေ့သွားတတ်ကြပါတယ်။ ဒီ နှစ်သစ် မှာ ကိုယ်ရော စိတ်ပါ ကျန်းမာ ချင်တယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ချစ်ဖို့လည်း မမေ့ပါနဲ့။ မိမိကိုယ်ကို ဂရုစိုက်ပါ။ ကိုယ့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်း အချိန်ပေးပါ။

ဆိုရှယ် မီဒီယာတွေပေါ်ကနေ ခဏလောက် အနားယူပါ

man social media

ဆိုရှယ် မီဒီယာများ အသုံးပြုခြင်းသည် ကောင်းကျိုးများလည်း ရှိသလို၊ ဆိုးကျိုးများလည်း ရှိပါတယ်။​ ကောင်းကျိုးတွေကတော့ သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး အဝေးမှ သူငယ်ချင်းများနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဆိုရှယ် မီဒီယာများကို အကျိုးရှိရှိ အသုံးချတတ်ဖို့လိုအပ်ပါတယ်။

တခါတရံမှာ ဆိုရှယ် မီဒီယာများသည် အတင်းအဖျင်းများနှင့် အဆိပ်အတောက်များနှင့်သာ ပြည့်နှက်နေတတ်ပါတယ်။ ကွီးတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အလဟဿ ကုန်ဆုံးသွားစေပြီး ဘာအကျိုးမှလည်း မရှိပါဘူး။ ဒါ့ကြောင့် ဆိုရှယ် မီဒီယာတွေကနေ ခဏတဖြုတ်လောက် အနားယူဖို့လည်း လိုအပ်ပါတယ်။

ဘော်ဒါများနှင့် အတူတူ အချိန်ကုန်ဆုံးဖို့လည်း မမေ့ပါနှင့်

man spending time

အလုပ်ချည်းပဲ ဖိလုပ်နေတာထက်စာရင် ကိုယ် ချစ်ရတဲ့သူတွေ၊ ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်းများ၊ ဘော်ဒါများနှင့်အတူတူ အချိန်ကုန်ဆုံးခြင်းသည်လည်း ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ကွီးတို့အနေနဲ့ ရုံးပိတ်ရက်တွေမှာ ကိုယ် ချစ်ရတဲ့သူတွေနဲ့ အတူတူ အချိန်ကုန်ဆုံးပါ။ အိမ်တွင်းပဲ အောင်းနေမယ့်အစား အပြင်ထွက်ကာ လူအများနှင့် Socialize လုပ်ခြင်းအားဖြင့် ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်လာမှာဖြစ်သလို အထီးကျန်ဆန်တဲ့ ခံစားချက်ကနေ လွတ်မြောက်နိုင်မှာပဲ ဖြစ်ပါတယ်။

Source: Priorygroup

Featured Image: Freepik