နှစ်သစ် တစ်နှစ်သို့ ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ဟောင်းတုန်းက ပိုက်ဆံစုတဲ့ အလေ့အကျင့်ကို သေချာပျိုးထောင် ဖြစ်ခဲ့ရဲ့လား။ ပျိုးထောင်ဖြစ်ခဲ့တယ်ဆိုရင် ထိုအလေ့အကျင့်ကို ဆက်လက်ပျိုးထောင်ပေးသွားရပါမယ်။ မပျိုးထောင်ဖြစ်ဘူးဆိုရင်လည်း အချိန်မနှောင်းသေးပါဘူး။ ယခု နှစ်သစ် မှာ ပိုက်ဆံ စုတတ်တဲ့ အလေ့အကျင့်ကောင်းကို စတင်မွေးမြူလို့ ရပါတယ်။

အလေ့အကျင့်တစ်ခု စွဲကပ်သွားဖို့ရန်အတွက် ရက်ပေါင်း ၂၁ ရက် ကြာအောင် အချိန်ယူရပါတယ်။ ကွီးတို့လည်း နှစ်သစ် မှာ ပိုက်ဆံ စုတတ်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကို မွေးမြူဖို့ရန်အတွက် စစချင်းမှာတော့ ၂၁ ရက်ကြာအောင် အချိန်ပေးရမှာ ဖြစ်ပါတယ်။ ၂၁ ရက်ကြာပြီးနောက်မှာလည်း ထိုအလေ့အကျင့်ကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

အကျင့်ဖြစ်သွားအောင် ကြိုးစားပါ

နှစ်သစ် ပိုက်ဆံ

ကွီးတို့အနေနဲ့ အကျင့်ဖြစ်သွားဖို့ ကြိုးစားရခက်နေတယ်ဆိုရင် တွန်းအားတစ်ခုရှာဖို့ လိုအပ်ပါတယ်။ ကွီးတို့ကို ပိုက်ဆံ စုဖြစ်အောင် ဘယ်အရာတွေက တွန်းပို့နေသလဲဆိုတာကို စဥ်းစားကြည့်လိုက်ပါ။ ကားအကောင်းစား ဝယ်ဖို့လား (သို့) ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ဖို့လား (သို့) ကိုယ်ချစ်ရတဲ့ ချစ်သူနဲ့ လက်ထပ်ဖို့အတွက် ပိုက်ဆံစုချင်တာလား အစရှိတဲ့ ကိုယ့်ကို ပိုက်ဆံစုဖြစ်အောင် ကူညီပေးမယ့် အချက်များကို ရှာဖွေလိုက်ပါ။ ဒါဆိုရင်တော့ ပိုက်ဆံစုဖြစ်တဲ့ အကျင့်ကို မမေ့ပျောက်အောင် တွန်းပို့ပေးနေမှာပဲ ဖြစ်ပါတယ်။

လစဥ် ကုန်ကျစရိတ်များကို စာရင်း ပြုစုထားပါ

နှစ်သစ် ပိုက်ဆံ

လတစ်လရဲ့ အစကနေ နောက်ဆုံးရက်အထိ ပိုက်ဆံ ဘယ်လောက် ကုန်သွားသလဲ ၊ ဘယ်လောက် သုံးစွဲခဲ့သလဲဆိုတာကို စာရင်း ပြုစုထားရမှာဖြစ်ပါတယ်။ မီတာဘေလ်များ၊ ဝိုင်ဖိုင်ဘေလ်များ၊ နေ့စဥ်စားသုံးစရိတ်၊ တစ်ကိုယ်ရည် သုံးစရိတ်များ၊ အသုံးအဆောင်ပစ္စည်းများ အစရှိတဲ့ ကုန်ကျစရိတ်များကို စာရင်းပြုစုထားရပါမယ်။ တစ်နေ့တာလုံး ဘယ်လောက်သုံးစွဲခဲ့သလဲဆိုတာကိုလည်း ညရောက်တဲ့အခါမှာ မမေ့မလျော့ ပြန်လည် စာရင်းပြုစုထားရပါမယ်။ လေး၊ ငါး၊ ဆယ်ရက်လောက်ကြာမှ စာရင်းမှတ်တာထက်စာရင် တစ်ရက်စာ တစ်ရက် စာရင်းပြုစုထားရမှာ ဖြစ်ပါတယ်။ ဒါမှ အလေ့အကျင့်ဖြစ်မှာဖြစ်ပါတယ်။ ပိုက်ဆံ နည်းနည်းပဲ​ ကုန်တဲ့ရက်ဆိုရင် ပျော်ရွှင်မှုကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

သင့်ရဲ့ စမတ်ဖုန်းကို အသုံးပြုပါ

နှစ်သစ် ပိုက်ဆံ

ဈေးဝယ် ထွက်ခါနီးမှာ ဘာတွေ ဝယ်ခြမ်းမလဲဆိုတာကို စမတ်ဖုန်းရဲ့ မှတ်စုပေါ်တွင် ရေးသားထားရမှာ ဖြစ်ပါတယ်။ ဒါမှသာလျှင် ဘာတွေ ဝယ်ယူမလဲဆိုတာကို မမေ့မလျော့နဲ့ ဝယ်ယူဖြစ်မှာဖြစ်ပြီး အပိုအလို ဝယ်ယူမိခြင်းကနေ လျော့ချနိုင်မှာဖြစ်ပါတယ်။

များသောအားဖြင့် ဈေးဝယ်ထွက်ဖြစ်တဲ့အခါ ဘာဝယ်ရမှန်းမသိဘဲ ဟို ဒီ လျှောက်ကြည့်မိတဲ့အခါ မလိုအပ်တဲ့ ပစ္စည်းများကိုပါ ဝယ်ယူမိသွားတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်က ဘာလိုအပ်သလဲ၊ ဘာ ဝယ်ချင်သလဲဆိုတာကို ဈေးဝယ် မထွက်ခင်မှာ စာရင်းပြုစုထားသင့်ပါတယ်။ ပြီးမှသာလျှင် ဈေးဝယ်ထွက်ပါ။

အသုံးစရိတ်များကို လျော့ချပါ

နှစ်သစ် ပိုက်ဆံ

အပြင်စာများ ဝယ်စားမယ့်အစား မိမိအိမ်မှာပဲ ချက်ပြုတ်စားသောက်ခြင်းက အကုန်အကျသက်သာပြီး ကျန်းမာရေးနဲ့လည်း ပိုမိုညီညွှတ်ပါတယ်။ အဝတ်အစားများနှင့် လျှပ်စစ် အသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများနှင့် အခြားသော အသုံးအဆောင်ပစ္စည်းများကို မိမိစိတ်ကို အလိုလိုက်ကာ ဝယ်ယူခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဒီနည်းကို တစ်စိုက်မတ်မတ် ကျင့်သုံးပေးမယ်ဆိုရင်တော့ နှစ်သစ် မှာ ပိုက်ဆံ စုတတ်တဲ့ အလေ့အကျင့်ကောင်းသည် တဖြည်းဖြည်း စွဲကပ်လာမှာ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ကုန်ဈေးနှုန်းတွေသည် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ ပိုက်ဆံတွေသည်လည်း အသုံးမခံတော့တာကို ကွီးတို့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ခံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ပိုက်ဆံကို စိတ်ကြိုက် သုံးစွဲခြင်းကို လျော့ချပေးရမှာဖြစ်ပါတယ်။

ဘရန်းအစွဲ မထားပါနှင့်

နှစ်သစ် ပိုက်ဆံ

ဟိုနာမည်ကြီး ဘရန်းမှ ဝယ်သုံးမယ်၊ ဒီနာမည်ကြီး ဘရန်းက ဝယ်စားမယ် စတဲ့ ဘရန်းအစွဲကိုလည်း လျော့ချသင့်ပါတယ်။ ဘရန်းတွေက ကျွန်တော်တို့ကို စွဲဆောင်နေတယ်ဆိုတာကတော့ အမှန်ပါပဲ။ တချို့ ဘရန်းတွေသည် ပေးရတဲ့ တန်ဖိုးနဲ့ ပြန်ရတဲ့ ကွာလတီက တစ်ထပ်တည်းကျတဲ့အတွက်ကြောင့် ဝယ်ယူရတာလည်း တန်ပါတယ်။ သို့သော် ထိုကဲ့သို့ နာမည်ကြီး ဘရန်းများကို လတိုင်း ဝယ်ယူမယ့်အစား မေ့သွားလောက်တဲ့အချိန်မှ တစ်ခါလောက်သာ ဝယ်ယူသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ဆုချတဲ့ အနေနဲ့ ဝယ်ယူမယ်ဆိုရင်တော့ ကွီးတို့ရဲ့ မိုတီဗေးရှင်းကို မြှင့်တင်ပေးမှာပဲ ဖြစ်ပါတယ်။

ကူပွန်နှင့် ပရိုမိုးရှင်းကုတ်များ အသုံးပြုပါ

how to save money in 2023

Photo: Freepik

နာမည်ကြီး ဘရန်းများကို ဝယ်ယူသင့်တဲ့ နောက်ထပ် အချိန်တစ်ချိန်ကတော့ ဒစ်စကောင့်ချတဲ့ အချိန်ပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဒစ်စကောင့်ချတဲ့ အချိန်ကို စောင့်ဆိုင်းကာ ဝယ်ယူမယ်ဆိုရင် ထက်ဝက်တန်ဖိုးနဲ့ အရည်အသွေးကောင်းတဲ့ ပစ္စည်းများကို ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတဘ်။ ဒါ့အပြင် ကူပွန်နှင့် ပရိုမိုးရှင်းကုတ်များကို ကောင်းစွာ အသုံးချတတ်တယ်ဆိုရင်လည်း ပိုက်ဆံ အကုန်အကျ သက်သာစေမှာပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အချက်များအပြင် နောက်ထပ် အသုံးတည့်တဲ့ ပိုက်ဆံစုနည်း (၃) နည်း ရှိပါသေးတယ်။ ထို (၃) နည်းကတော့ နေ့တိုင်း ပိုက်ဆံစုနည်း၊ လတိုင်း ပိုက်ဆံစုနည်းနဲ့ နှစ်တိုင်း ပိုက်ဆံစုနည်းတို့ပဲ ဖြစ်ပါတယ်။

နေ့တိုင်း ပိုက်ဆံစုနည်း

how to save money in 2023

ကော်ဖီက အပြင်က ဝယ်သောက်မယ့်အစား အိမ်မှာပဲ ဖျော်သောက်ပါ။ ဒါတောင်မှ အသင့်ဖျော် ကော်ဖီတစ်ထုပ်တဲ့ ဈေးနှုန်းက အရင်ကထက် နှစ်ဆလောက် ရှိနေပြီဖြစ်ပါတယ်။

ရုံးသွားတဲ့အခါ နေ့လည်စာကို အပြင်မှာ ဝယ်စားမယ့်အစား အိမ်ကနေ ထမင်းဘူး ထည့်သွားပါ။

ညစာကိုလည်း အပြင်စာ မစားဘဲ အိမ်မှာပဲ ချက်ပြုတ်စားသောက်ပါ။

လတိုင်း ပိုက်ဆံစုနည်း

how to save money in 2023

အပတ်တိုင်း အပတ်တိုင်းမှာ ပိုက်ဆံတွေ ဘယ်လောက်ထိ ကုန်သွားသလဲ။ အရင်အပတ်ကထက် ဒီတစ်ပတ်က ပိုက်ဆံ ပိုကုန်သွားသလား၊ အကုန်အကျ ပိုနည်းသွားသလား စီစစ်ကြည့်ပါ။

၅၀ ၊ ၃၀ ၊ ၂၀ စည်းမျဥ်းကို အသုံးပြုပါ။ ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို နေ့စဥ် မရှိမဖြစ် အသုံးပြုဖို့အတွက် ဖယ်ထားပါ။ ဥပမာ – ကျန်းမာရေး၊ မီခဘေလ်၊ ပို့ဆောင်ဆက်သွယ်ရေးအတွက် ကုန်ကျစရိတ် အစရှိသည်များ။

ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကတော့ ကိုယ့်ရဲ့ စိတ်အပန်းဖြေဖို့အတွက် ကိုယ်လိုချင်တဲ့ အရာတွေအတွက် အသုံးပြုပါ။ ဥပမာ – ခရီးထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အဝတ်အစား အသုံးအဆောင်များ ဝယ်ယူခြင်း။

ဝင်ငွေရဲ့  ၂၀ ရာခိုင်နှုန်းကတော့ ပိုက်ဆံ​စုဆောင်းရမှာဖြစ်ပါတယ်။ ထို ၂၀ ရာခိုင်နှုန်းကိုတော့ (လုံးဝ) ထိလို့ မရပါဘူး။

နှစ်စဥ် နှစ်တိုင်း ပိုက်ဆံစုနည်း

how to save money in 2023

လတိုင်း လတိုင်း စုထားတဲ့ ပိုက်ဆံများကို ပိုမိုပွားများလာအောင် စုဆောင်းချင်တယ်ဆိုရင်တော့ ဘဏ်ထဲမှာ ပိုက်ဆံ စုထားရမှာဖြစ်ပါတယ်။ ဒါမှမဟုတ် စိတ်ချ ယုံကြည်ရတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုခုထံတွင် ရင်းနှီးမြှုပ်နှံပါ။ ဒါမှမဟုတ် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်ကြည့်ပါ။

ဒီနည်းလမ်းတွေက နှစ်သစ်မှာ ဘယ်လို ပိုက်ဆံ​ စုရမှန်းမသိဖြစ်နေလို့ ဦးနှောက်ခြောက်နေရတဲ့ ကွီးတို့အတွက် အသုံးတည့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Bankrate

Featured Image: Freepik