ကော့တေးချစ်သူ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ ရမ်နှင့် သကြားလုံးတို့ ပေါင်းစပ်ကာ ဖျော်စပ်ထားတဲ့ Candy Cane Punch ကော့တေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- နွားနို့ ပန်းကန်လုံး ၃ လုံးစာ (စားပွဲတင်ဇွန်း ၄၈ ဇွန်းစာ)
- ရမ် စားပွဲတင်ဇွန်း ၃၆ ဇွန်းစာ
- Heavy Cream စားပွဲတင်ဇွန်း ၂၄ ဇွန်းစာ
- Agave Nectar စားပွဲတင်ဇွန်း ၁၈ ဇွန်းစာ
- Candy Cane Syrup စားပွဲတင်ဇွန်း ၁၆ ဇွန်း
- Campari စားပွဲတင်ဇွန်း ၆ ဇွန်း
- Peychaud’s Bitters ၂၄ စက်ခန့်
- Angostura Coca Bitters ၂၄ စက်ခန့်
- Vanilla Extract စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါ။
၂။ အရင်ဦးဆုံး Candy Cane သကြား ရရှိအောင် ပြုလုပ်မှာဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ သကြားချောင်း ၅ ချောင်းကို သေးသေးလေးများဖြစ်သွားအောင် လက်ဖြင့် ချေပေးလိုက်ပါ။ ထို့နောက် ရရှိလာတဲ့ အခဲသေးသေးလေးများကို ကော်ဖီကြိတ်စက်ထဲထည့်ကာ အမှုန့်များဖြစ်သွားအောင် ၁၀ စက္ကန့်မှ ၁၅ စက္ကန့်ခန့်အထိ ကြိတ်ချေပးရမှာဖြစ်ပါတယ်။
၃။ ရရှိလာတဲ့ Candy Cane ရောင်စုံသကြားမှုန့်များကို ပန်းကန်လုံး သေးသေးလေးထဲသို့ လောင်းထည့်လိုက်ပါ။ ထို့နောက် သကြားဖြူ ထပ်ထည့်ကာ အမှုန့်များကို သမအောင် ရောမွှေပေးလိုက်ရပါမယ်။
၄။ ထို့နောက် ကော့တေးဖန်ခွက်ရဲ့ နှုတ်ခမ်းဝကို ရမ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ကော့တေး နှစ်ခွက်ဖျော်မယ်ဆိုရင် ကော့တေးဖန်ခွက် နှစ်ခွက် လိုအပ်ပါလိမ့်မယ်။
ထို့နောက် ကော့တေး ဆက်ဖျော်မှာဖြစ်တဲ့အတွက်ကြောင့် ကော့တေးဖန်ခွက်ကို ရေခဲသေတ္တာ Freezer ထဲ ခေတ္တခဏ ထည့်ထားလိုက်ပါ။
၅။ ထို့နောက် ကော့တေးဖျော်ဖို့ရန်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းများအားလုံးကို ရေကရား ကြီးကြီးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ပါဝင်ပစ္စည်းများအားလုံး သမသွားအောင်လို့ ၃ မိနစ်ခန့် မွှေပေးလိုက်ရပါမယ်။ ထို့နောက် ရေခဲသေတ္တာထဲတွင် ၁ နာရီခန့် အအေးခံထားလိုက်ပါ။
၆။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ကော့တေးဖျော်ရည်နှင့် ကော့တေးဖန်ခွက် နှစ်မျိုးစလုံးကို ရေခဲသေတ္တာထဲမှ ထုတ်လိုက်ပါ။ ထို့နောက် ကော့တေးဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲသို့ ပြောင်းထည့်လိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားစေမယ့် Candy Cane Punch ကော့တေး ဖျော်ရည်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။
Candy Cane Punch ဆိုတဲ့ နာမည်လေးအတိုင်းပဲ သူ့ရဲ့အရသာက ကော့တေးကို ချိုချိုလေး သောက်သုံးချင်သူများအတွက် ကွက်တိကျစေမှာပါ။
Source: Thespruceeats
Featured Image: Thespruceeats