မိုဘိုင်းလ်ဂိမ်းတွေ ကစားရတာ ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ ဒီနေ့ခေတ်မှာ Graphics ကောင်းကောင်းနဲ့ တကယ်ကို အမိုက်စား မိုဘိုင်းလ်ဂိမ်းတွေက အများအပြားရှိနေပါပြီ။ ဒါ့အပြင် အချို့သော ဂိမ်းတွေက အစပိုင်းမှာ PC တွေ အတွက်သာ ထွက်ရှိသော်လည်း နောက်ပိုင်းမှာ ဖုန်းနဲ့လည်း ကစားနိုင်ဖို့ iOS ရော Android အတွက်ပါ ထွက်ရှိလာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Android ဖုန်းသမားများအတွက် အမိုက်စား မိုဘိုင်းလ် ဂိမ်း တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) Dragon Quest: The Adventure of Dai

Source : GamersPrey

Android သမားတွေအတွက် ပထမဆုံးဖော်ပြချင်တဲ့ မိုဘိုင်းလ် ဂိမ်း တစ်ခုကတော့ အက်ရှင်ဂိမ်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ သဘောကျစေမဲ့ Dragon Quest: The Adventure of Dai ဆိုတဲ့ ဂိမ်းလေးပါပဲ။ ဒီဂိမ်းက ဂျပန် Manga စီးရီးကို အခြေခံပြီး ဖန်တီးထားတဲ့ ဂိမ်းဖြစ်ပါတယ်။ Graphics အမိုက်စားတွေနဲ့ စိတ်လှုပ်ရှားဖွယ် တိုက်ခိုက်ရေးကို ဆင်နွှဲရမှာပါ။ ဒီဂိမ်းမှာ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်နဲ့ ပြင်သစ်ဘာသာ စကားတို့ပါ ထည့်သွင်းပေးထားပါတယ်။

(၂) Fortnite Battle Royale

Source : Fortnite

နောက်ထပ် ရှယ်မိုက်တဲ့ အမိုက်စား ဂိမ်းလေးကတော့ Fortnite Battle Royale မိုဘိုင်းလ်ဂိမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ Online Battle တွေ တိုက်ရတာကြိုက်တဲ့ ညီအစ်ကို အတွက်တော့ အံကိုက်ပါပဲ။ ဒီဂိမ်းကို ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့ပြီး Free-to-Play ကစားလို့လည်း ရတဲ့ ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။

(၃) GRID Autosport

Source : Feral Interactive

Weekend မှာ ပျင်းနေလို့ စိတ်လှုပ်ရှားစရာ မိုဘိုင်းလ်ဂိမ်းလေး ရှာနေတယ်ဆိုရင်တော့ GRID Autosport ဆိုတဲ့ ကားမောင်းပြိုင်တဲ့ ဂိမ်းလေးရှိပါတယ်။ GRID Autosport က ထွက်ရှိပြီးပြီးချင်းမှာပဲ Android ဖုန်းတွေအတွက်အကောင်းဆုံး Racing Game တစ်ခုဖြစ်လာပါတယ်။ ဒီ ဂိမ်းမှာ အမိုက်စား Graphics တွေနဲh အတူ Racing ပြိုင်ဖို့အတွက် စတိုင်လ် အမျိုးမျိုးလည်း ပါရှိပါတယ်။

(4) Call of Duty

Source : Call of Duty

iOS အတွက်ပဲ ဖြစ်ဖြစ်၊ Android အတွက်ပဲ ဖြစ်ဖြစ်၊ ရှယ်မိုက်တဲ့ မိုဘိုင်းလ် ဂိမ်း တွေကို ပြောပါဆိုရင် ကွီးတို့ အားလုံးသိတဲ့ Call of Duty ကတော့ မပါမဖြစ်ပါပဲ။ စိတ်လှုပ်ရှားဖွယ် ဒီမိုဘိုင်းလ် ဂိမ်းကို တစ်နှစ်အတွင်း Downloads ပေါင်း သန်း ၂၇၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီ အမိုက်စား Shooter ဂိမ်းကို ကွီးတို့ တစ်ခါလောက်မှ မကစားကြည့်ဖူးရင် ခေတ်နောက်ကျနေမယ်နော်။

Featured Photo : Polygon