လူတစ်ယောက်မှာ ကျန်းမာကြံ့ခိုင်နေဖို့လည်း အရေးကြီးသလို တစ်ကိုယ်ရည် သန့်ရှင်းခြင်းသည်လည်း အရေးကြီးပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိတဲ့လူအနေနဲ့ ဘက်တီးရီးယားများ ပုန်းခိုရာနေရာကို ဖန်တီးနေပြီး ကြာလာတဲ့အခါ ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာမှာဖြစ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းခြင်းကို ကူညီပေးမယ့် အသုံးအဆောင် ပစ္စည်း တွေကလည်း အများအပြားပဲ ရှိပါတယ်။ ဒီ ပစ္စည်း တွေသည် ကွီးတို့ရဲ့ ညစ်ပတ်အိုး ဘော်ဒါ တွေဆီမှာ ရှိ မရှိဆိုတာကို မန်းရှင်းခေါ်ပြီး မေးကြည့်လိုက်ပါဦး။
မုတ်ဆိတ်ရိတ်စက်
ဒီပစ္စည်းကတော့ အမျိုးသားတိုင်း ပိုင်ဆိုင်ထားသင့်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး သိပ်မပေါက်တဲ့ ကွီးတို့ကတော့ ပြဿနာမရှိပေမယ့် အမွှေးသန်တဲ့ ကွီးတို့အတွက်တော့ မုတ်ဆိတ်ရိတ်စက်သည် နှစ်ရက်တစ်ခါ (သို့) သုံးရက်တစ်ခါလောက် အသုံးပြုရမှာပဲဖြစ်ပါတယ်။ နို့မဟုတ်ရင် မုတ်ဆိတ်မွှေးပေါက်တဲ့ မေးရိုးတစ်လျှောက်မှာ ဝက်ခြံများ ပေါက်နိုင်ပါတယ်။
နှာခေါင်းအမွှေးရိတ်စက်
တချို့လူတွေကို မြင်ဖူးပါလိမ့်မယ်။ နှာခေါင်းတွင်းရှိ အမွှေးတွေကို အပြင်ဘက်ထိ တချို့တဝက်မြင်နေရတာကို တွေ့ရပါလိမ့်မယ်။ ကာယကံရှင်အနေနဲ့ ဘာပြဿနာမှ မရှိဘူးလို့ ထင်နိုင်ပေမယ်ံ မြင်နေရသူအဖို့တော့ စိတ်ညစ်စရာကောင်းလှတာတော့ အမှန်ပါပဲ။ ဒီ ပစ္စည်း ကတော့ နှာခေါင်းတွင်းရှိ အမွှေးများ အပြင်ထိပါ ပေါက်နေတတ်တဲ့ ကွီးတို့ရဲ့ ဘော်ဒါ ကို လက်ဆောင်ပေးလို့ အကောင်းဆုံး ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။
ခရီးဆောင် ဘီး
လွယ်အိတ်ထဲ ထည့်သယ်သွားလို့ရတဲ့ ဘီးသေးသေးလေးတွေကိုလည်း ကွီးတို့အားလုံး ဝယ်ယူထားသင့်ပါတယ်။ ဒါမှ ရုံးသွားတဲ့အခါမျိုး (သို့) အပြင်သွားတဲ့အခါမျိုးမှာ လေအဝှေ့မှာ ဆံပင်ကေလေး ပျက်စီးသွားတဲ့အခါ ပြန်လည်ပုံသွင်းနိုင်မှာပဲ ဖြစ်ပါတယ်။
ချိုင်းလိမ်း Roll-On (သို့) ရေမွှေး
ချွေးထွက်များပြီး ကိုယ်နံ့ပြင်းတဲ့ ကွီးတို့အတွက် Roll-On သည် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါမှသာ လူကြားထဲ သွားလာတဲ့အခါ ကိုယ့်ရဲ့ ချွေးနံ့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်ချက် ကျဆင်းရတဲ့အဖြစ်မျိုးကနေ ကင်းဝေးနိုင်မှာပါ။ ရေမွှေးကတော့ ကိုယ်နံ့ပြင်းတဲ့ ကွီးတို့အတွက် ဝယ်သုံးဖို့ အားမပေးချင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ရေမွှေးသည် ချွေးနံ့များကို Roll-On လောက် မဖုံးအုပ်ပေးနိုင်လို့ပါပဲ။ ချွေးနံ့ပြင်းသူအနေနဲ့ ရေမွှေးဆွတ်မယ်ဆိုရင် ချွေးအရမ်းထွက်လာတဲ့အချိန်မှာ ရေမွှေးနံ့သက်သက်၊ ချွေးနံ့သက်သက် ဖြစ်သွားမှာပဲဖြစ်ပါတယ်။
လျှပ်စစ်သွားတိုက်တံ
သွားတိုက်တံ တစ်ချောင်းသည် သွားကျန်းမာရေးအတွက် မရှိမဖြစ် အရေးကြီးတဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ယနေ့လို ခေတ်မီနေတဲ့အချိန်မှာတော့ ရိုးရိုးသွားတိုက်တံထက် လျှပ်စစ်သွားတိုက်တံတွေက ပိုပြီး ခေတ်စားလာပါတယ်။ သွားတိုက်တံကတော့ လူတိုင်းမှာ ရှိနိုင်ပေမယ့် လျှပ်စစ်သွားတိုက်တံကတော့ ခေတ်မီနေတဲ့ လူတွေဆီမှာပဲ ရှိနိုင်မယ့်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒီ ပစ္စည်း ကို ကွီးတို့ရဲ့ ဘော်ဒါ တွေ ဝယ်ပြီးပြီလားဆိုတာ မန်းရှင်းခေါ်ပြီး မေးကြည့်လိုက်ပါဦး။
Source: Coolmaterial
Featured Image: Freepik