ရှန်ပိန် ဆိုတာကတော့ ပြင်သစ်နိုင်ငံ Champagne (ရှန်ပိန်) ဝိုင်ဒေသတွင် စတင်ထုတ်လုပ်ခဲ့သော စပါကလင်ဝိုင် တစ်မျိုးဖြစ်ပါတယ်။၊ ရှန်ပိန်ကို များသော အားဖြင့် မင်္ဂလာပွဲတွေ၊ မွေးနေ့တွေ၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေ ဒါမှမဟုတ် ကုမ္ပဏီ နှစ်ပတ်လည်နေ့တွေ၊ ပါတီပွဲတွေ စတဲ့ နေ့ထူးနေ့မြတ်တွေမှာ ဒါမှမဟုတ် ပျော်စရာကောင်းတဲ့ နေ့တွေမှာ တည့်ခင်းဧည့်ခံလေ့ရှိပါတယ်။ ရှန်ပိန် မပါတဲ့ ပွဲအခမ်းအနား က ဆားမပါတဲ့ ဟင်းတစ်ခွက်လို ဖြစ်နေမှာပါ။ ဒါကြောင့် ပွဲအခမ်းအနားတွေမှာ အခြားသော အဖျော်ယမကာတွေ မပါရင်နေပါစေ၊ ရှန်ပိန်ကတော့ မပါမဖြစ်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ပွဲအခမ်းအနားတွေမှာ ထည့်သွင်းဧည့်ခံဖို့ သင့်တော်တဲ့ အကောင်းဆုံး ရှန်ပိန်များကို ဖော်ပြပေးချင်ပါတယ်။

Moet & Chandon Imperial

ရှန်ပိန် ပွဲအခမ်းအနား

Photo : Town & Country

ရှန်ပိန် တွေထဲမှာ အကောင်းဆုံးထဲက တစ်ခုဖြစ်ပြီး ပွဲအခမ်းအနား တွေအတွက်လည်း သင့်တော်တဲ့ အထင်ကရ ရှန်ပိန်ဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်တွင်ဖန်တီးခဲ့ပြီး Moët & Chandon ရဲ့ ထူးခြားသောစတိုင်လ် ရှိပါတယ်။ ၎င်းမှာ အယ်လ်ကိုဟော ၁၂ ရာခိုင်နှုန်း ပါဝင်ပြီး ‌ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၅၀ ဝန်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။

Bollinger Brut Special Cuvee

ရှန်ပိန် ပွဲအခမ်းအနား

Photo : Town & Country

ဒီ ရှန်ပိန်မှာလည်း အယ်လ်ကိုဟော ပါဝင်နှုန်း ၁၂ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ညစာစားပွဲများမှာ တည်ခင်းဧည့်ခံမယ်ဆိုရင် ပင်လယ်စာများ၊ ချိစ့်များ၊ ကြက်ဆင်ဟင်းလျာတို့တဲ့ တကယ်ကိုလိုက်ဖက်တဲ့ ရှန်ပိန်ပါပဲ။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၈၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Veuve Clicquot Brut Yellow Label

ရှန်ပိန် ပွဲအခမ်းအနား

Photo : Town & Country

နောက်ထပ်ရွေးချယ်စရာ ရှန်ပိန်တစ်ခုကတော့ နူးညံ့သော အထိအတွေ့ကို ခံစားရနိုင်တဲ့ အယ်လ်ကိုဟော ၁၂ ရာခိုင်နှုန်းပါဝင်တဲ့ Veuve Clicquot Brut Yellow Label ပဲဖြစ်ပါတယ်။ သူ့ရဲ့ဈေးနှုန်းကတော့ ဒေါ်လာ ၇၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Krug Grande Cuvée

ရှန်ပိန် ပွဲအခမ်းအနား

Photo : Town & Country

ဒီ ရှန်ပိန် ကလည်း ဘယ်လို ပွဲအခမ်းအနား နဲ့မဆို လိုက်ဖက်ပြီး ဝိုင် ၂၀၀ နီးပါးနဲ့ ရောစပ်ထားပါတယ်။ သူ့မှာ အယ်လ်ကိုဟော ပါဝင်နှုန်း ၁၂.၅ ရာခိုင်နှုန်းရှိပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ၂၅၀ ပတ်ဝန်းကျင် ရှိတာကြောင့် အနည်းငယ်မြင့်တယ်လို့တော့ ဆိုနိုင်ပါတယ်။

Taittinger Brut Champagne

Taittinger Brut

 

Photo : Taittinger Brut

ကွီးတို့ရဲ့ ပွဲအခမ်းအနားမှာ လတ်ဆတ်တဲ့ ပင်လယ်စာ ဟင်းလျာများနဲ့ တည့်ခင်းဧည့်ခံမယ်ဆိုရင်တော့ ဒီရှန်ပိန်က တကယ်ကို လိုက်ဖက်တဲ့ ရွေးချယ်မှုတစ်ခုပါ။ သူ့မှာ အယ်လ်ကိုဟော ၁၂ ရာခိုင်နှုန်း ပါဝင်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၆၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။

Billecart-Salmon Brut Reserve

champagne

Photo : Town & Country

ဒီရှန်ပိန်ကတော့ ပွဲအခမ်းအနား တစ်ခုခု သို့မဟုတ် ညစာစားပွဲတစ်ခုမှာ အဓိက အစားအစားနဲ့ အချိုပွဲ ကြားထဲမှာ ထည့်သွင်း ဧည့်ခံပါက တကယ်ကို အရသာရှိပြီး လန်းဆန်းမှုကို ပေးစွမ်းနိုင်မဲ့ ရှန်ပိန် ပဲဖြစ်ပါတယ်။ သူရဲ့စျေးနှုန်းကတော့ ဒေါ်လာ ၅၉ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Ruinart Blanc de Blancs

champagne

Photo : Town & Country

တောက်ပပြီး ခမ်းနားတဲ့ အသွင်အပြင်နဲ့ ဒီရှန်ပိန်က ကွီးတို့ရဲ့ ကျက်သရေရှိတဲ့ အခမ်းအနားနဲ့ လိုက်ဖက်ညီစေမှာတော့ အမှန်ပါ။ လက်ဆောင်ပေးဖို့ ရွေးချယ်ဖို့ကောင်းတဲ့ ရှန်ပိန်တစ်ခုဆိုလည်း မမှားပါဘူး။ အယ်လ်ကိုဟော ၁၂.၅ ရာခိုင်နှုန်း ပါဝင်ပြီး ၈၈ ဒေါ်လာခန့်ကျသင့်မှာ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ်ရဲ့ ပွဲအခမ်းအနားအတွက်ဆိုရင် ဘယ်ရှန်ပိန်ကို ရွေးချယ်ချင်ပါသလဲ။

Source : Town & Country

Featured Photo : Creative