ကွီးတို့ဆီမှာ ရှိသမျှ ပိုက်ဆံ အားလုံး ပုံအောပစ်ပြီး ဝယ်ချင်လာအောင် ညှို့ယူနေတာကတော့ နောက်ဆုံးပေါ် ဒီဇိုင်းများနှင့် ထုတ်လုပ်ထားတဲ့ နောက်ဆုံးပေါ်ဖုန်းများပဲ ဖြစ်ပါတယ်။ သို့သော် စမတ်ဖုန်းတွေသည် ထုတ်လုပ်မှုက ဘယ်တော့မှ ရပ်တန့်သွားတယ်ဆိုတာ မရှိပါဘူး။ အသစ် အသစ်တွေက အမြဲတမ်း ထွက်ရှိနေဆဲပဲဖြစ်ပါတယ်။ ကွီးတို့လက်ထဲ နောက်ဆုံးပေါ် ဖုန်းတစ်လုံးကို ဝယ်လိုက်ပြီဆိုတာနဲ့ ထိုဖုန်းက ဒိတ်အောက်သွားမှာပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သိပ်မကြာတော့တဲ့အချိန်မှာ နောက်ထပ် နောက်ဆုံးပေါ်ဖုန်းတစ်လုံး ထပ်မံထွက်ရှိလာမှာပဲဖြစ်ပါတယ်။
ဒီလိုမျိုး အသစ် အသစ်တွေ ထပ်မံထွက်ရှိလာလို့လည်း ကျွန်တော်တို့တွေရဲ့ လိုချင်တပ်မက်စိတ်က တစ်ဆထက် တစ်ဆ ပိုမို များပြားလာတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုနောက်ဆုံးပေါ် ဒီဇိုင်းများ၊ Performance များကပဲ ကိုယ့်ရဲ့ ပိုက်ဆံတွေ အားလုံး သုံးပစ်ချင်လာအောင် ညှို့ယူနေလို့ပဲဖြစ်ပါတယ်။
ယခုတစ်ခါမှာလည်း ကွီးတို့ ပိုက်ဆံ အားလုံးကို သုံးပစ်ချင်လာအောင် ထပ်မံ ဆွဲဆောင်နေမယ့် နောက်ဆုံးပေါ် ဖုန်းများ ထပ်မံထွက်ရှိလို့လာဦးမှာဖြစ်ပါတယ်။ ဒီဖုန်းများသည် Launch မလုပ်ရသေးပေမယ့် အသစ်ထွက်ရှိလာတော့မယ့် ဖုန်းများဖြစ်တယ်လို့ ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။
Huawei Mate X3

Photo: Pandaily
Huawei Mate XS 2 ကို ၂၀၂၂ ခုနှစ်တုန်းက စတင်မိတ်ဆက်ပေးခဲ့ပြီး Huawei Mate X3 ကိုတော့ ဒီနှစ်ထဲမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ သူ့ရဲ့ ဒီဇိုင်းက Huawei Mate XS 2 ထက် ပိုပြီး ပါးလွှားပြီး သူ့ရဲ့ Performance ကလည်း ပိုမြင့်သွားမှာပဲ ဖြစ်ပါတယ်။
OnePlus 11 Pro

Photo: Gsmarena
ဒီမော်ဒယ်အမျိုးအစားမှာတော့ Snapdragon 8 Gen 2 Chipset ၊ 5000mAh ဘက္ထရီနှင့် 100W Charging တို့ ပါဝင်မှာဖြစ်ပြီး ကွန်ရက်ပိုင်းအနေနဲ့ကတော့ 5G နည်းပညာကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ဒီဇိုင်းမှာတော့ သူ့ရဲ့ ကင်မရာကို လေးထောင့်ကျကျ ဒီဇိုင်း ရေးဆွဲထားတာဖြစ်ပြီး ယခု ထပ်မံထွက်ရှိလာမယ့် မော်ဒယ်အမျိုးအစားမှာတော့ ကင်မရာများကို စက်ဝိုင်းပုံသဏ္ဍာန် ပုံဖော်ထားတာပဲဖြစ်ပါတယ်။
Oppo Find X6 Pro

Photo: Gagadget
Oppo Find X6 Pro ကတော့ ၂၀၂၃ နှစ်စမှာ ထွက်ရှိသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ သူ့ရဲ့ ဖုန်းဒီဇိုင်းပိုင်းကတော့ ဆိုရှယ်မီဒီယာများပေါ်မှာ ပျံ့နှံ့နေပြီး လူအများကလည်း စိတ်ဝင်စားနေကြပါတယ်။ Specifications အနေနဲ့ကတော့ ၆.၈ (သို့) ၆.၉ လက်မ AMOLED QHS+ 120Hz Display ကိုမှ ပုံမှန်အတိုင်း In-Screen Fingerprint ဆင်ဆာပါဝင်ပါတယ်။ Snapdragon 8 Gen 2 နဲ့ ပါဝါပေးလာမှာဖြစ်ပြီး ဘက္ထရီပိုင်းကိုလည်း အဆင့်မြင့်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။
Samsung Galaxy S23 series

Photo: Phonearena
၂၀၂၃ ဆိုတဲ့အတိုင်းပဲ Samsung က Galaxy S23 စီးရီးများနှင့် မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။ ထုံးစံအတိုင်း Galaxy S23 ၊ Galaxy S23+ နဲ့ Galaxy S23 Ultra ဆိုပြီး စီးရီးသုံးမျိုး ထွက်လာမှာဖြစ်ပါတယ်။ Galaxy S23 စီးရီးရဲ့ မိတ်ဆက်ပွဲက နီးလာလေ ကောလဟလတွေကလည်း တစ်မျိုးပြီး တစ်မျိုးပဲ ထွက်ရှိလာနေပါတော့တယ်။
ကွီးတို့ရော ဖုန်းအသစ်လဲဖို့ စဥ်းစားနေပါသလား။ ဘယ်ဖုန်းအမျိုးအစားကို ဝယ်ယူဖို့ စဥ်းစားထားပါသလဲ။
Featured Image: Androidauthority
