ကော်ဖီမကြိုက်တဲ့သူတော့ ခပ်ရှားရှားဖြစ်မယ် ထင်ပါတယ်။ ကွီးတို့ရော ကော်ဖီကို ခုံခုံမင်မင် သောက်သုံးကြပါသလား။ ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်တဲ့အတွက် လန်းဆန်းနိုးကြားစေတာကြောင့် လူတော်တော်များများက ၎င်းတို့ရဲ့ မနက်ခင်းမှာ ကော်ဖီတစ်ခွက်နဲ့ စတင်ကြပါတယ်။ ဒါ့အပြင် ကော်ဖီက ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုကို ချိန်ညှိပေးပြီး စွမ်းအင်အဆင့်ကို မြှင့်တင်ပေးတာကြောင့် လူတော်တော်များများ ကြိုက်ကြတဲ့ သောက်စရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီလို နေ့တိုင်းသောက်နေတဲ့ ကော်ဖီ ကို သင့်တင်မျှတသော ပမာဏသာ သောက်သုံးမယ်ဆိုရင် ကွီး တို့အတွက် အကျိူးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာ သိပါသလား။

ဆက်လက်ပြီးတော့ သင့်တင့်မျှတဲ့ ပမာဏနဲ့ ကော်ဖီစစ်စစ် တစ်ခွက်က ဘယ်လို အကျိုးတွေ ရစေလဲဆိုတာ ကြည့်လိုက်ရအောင်။

စွမ်းအင်အဆင့်ကို တိုးမြှင့်ပေးတယ်

ကော်ဖီ ကွီး

Photo : Harvard Gazette

ကွီးတို့ရေ မနက်ခင်းတွေမှာ သာမက ညနေခင်းပိုင်းမှာဆိုလည်း အလုပ်လုပ်ရင်း အိပ်ချင်လာလို့ ဖြစ်စေ၊ ပင်ပန်းနွမ်းနယ်လာလို့ ဖြစ်စေ၊ ပြန်ပြီး လန်းစေဖို့ ကော်ဖီတစ်ခွက်လောက်ကို သောက်တတ်ကြတယ် မဟုတ်ပါလား။ ကော်ဖီမှာ ပင်ပန်းနွမ်းနယ်မှုကို တိုက်ဖျက်နိုင်စွမ်းရှိပြီး ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးသည့် ကဖိန်းဓာတ်ပါရှိခြင်းကြောင့် ဖြစ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

ဦးနှောက်ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်ပါတယ်

ကော်ဖီ ကွီး

Photo : Bicycling Magazine

ကော်ဖီ က ကွီးတို့ရဲ့ ဦးနှောက်ကျန်းမာရေးကိုလည်း အထောက်အပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ အချို့သော သုတေသနများက ကော်ဖီက အယ်လ်ဇိုင်းမားရောဂါနှင့် ပါကင်ဆန်ရောဂါ အပါအဝင် အချို့သော အာရုံကြောဆိုင်ရာ ချို့ယွင်းမှုရောဂါများကို ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ လေ့လာမှု ၁၃ ခုရဲ့ သုံးသပ်ချက်တစ်ခုအရ ကဖိန်းဓာတ်ကို ပုံမှန်သောက်သုံးသူများက အမျိုးသားတွေမှာ ပိုပြီး အဖြစ်များလေ့ရှိတဲ့ ပါကင်ဆန်ရောဂါ ဖြစ်ပွားနိုင်ခြေ သိသိသာသာ လျော့နည်းကြောင်း သိရသည်။ ထို့အပြင်၊ ကဖိန်းဓာတ်စားသုံးမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပါကင်ဆန်ရောဂါဖြစ်ပွားမှုကို နှေးကွေးစေတယ်လို့လည်း ဆိုထားပါတယ်။

အသည်းကို အထောက်အကူပြုတယ်

coffee

Photo : Eating Well

ကော်ဖီကနေပေးတဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ အသည်းကျန်းမာရေးအတွက် အထောက်အကူပြုတာပဲ ဖြစ်ပါတယ်။ ကော်ဖီသောက်ခြင်းက နာတာရှည် အသည်းရောဂါကြောင့် သေဆုံးနိုင်ခြေ နည်းပါးကြောင်း သုတေသီများက ဆိုထားပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့လျှင် ကော်ဖီနှစ်ခွက်ထက် ပိုသောက်ခြင်းသည် အသည်းအမာရွတ်နှင့် အသည်းကင်ဆာဖြစ်နှုန်း နည်းပါးခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေ နည်းပါးခြင်း

coffee

Photo : Roasty Coffee

ကော်ဖီသောက်ခြင်းက စိတ်ကျရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုအချို့က တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လေ့လာမှု (၇) ခုရဲ့ ပြန်လည်သုံးသပ်မှုအရ ကော်ဖီတစ်ခွက်စီ သောက်သုံးသူများက စိတ်ကျရောဂါဖြစ်နိုင်ခြေ ၈ ရာခိုင်နှုန်း လျော့နည်းခြင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ နောက်ထပ် လူပေါင်း ၂၀၀,၀၀၀ ကျော် လေ့လာမှုတစ်ခုအရ ကော်ဖီသောက်ခြင်းက မိမိကိုယ်ကို သတ်သေနိုင်ခြေ နည်းပါးခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

ကော်ဖီ မှ ကော်ဖီဆိုတဲ့ ကွီး တို့အတွက်ကတော့ ဒီလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုတာ သတင်းကောင်းပါပဲ။ ဒ့ါအပြင် အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိပါသေးတယ်။ သို့သော်လည်း “တန်ဆေး လွန်ဘေး” ဆိုတဲ့အတိုင်း ကော်ဖီစစ်စစ်ကို ရွေးချယ်ပြီး သင့်တင့်မျှတသော ပမာဏကိုသာ သောက်သုံးရမှာ ဖြစ်ပြီး အလွန်အကျွံ သောက်ရင်တော့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

ကဲ……….. ကွီးတို့ရေ ချိုမြိန်တဲ့ အချစ်တွေနဲ့ ကော်ဖီခါးခါးတစ်ခွက် ရှိရင် ဘဝမှာ ဘာလိုသေးလဲဗျာ။

Source : Healthline

Featured Photo : Unsplash