တစ်ခါတစ်လေ ဘာလုပ်လုပ်အဆင်မပြေ စိတ်အချဉ်ပေါက်ရတဲ့ ရက်တွေ ကြုံဖူးကြမယ် ထင်ပါတယ်။ ဒီလိုအချိန်တွေမှာ စိတ်ရောလူပါ လန်းဆန်းသွားစေဖို့ သံပုရာသီး နဲ့ဖျော်စပ်ထားတဲ့ ကော့လ်တေး တစ်ခွက်က အများကြီး အကူညီဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ညစ်နေသမျှ အစွမ်းကုန် လန်းသွားမယ့် Lime Rickey ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။

သံပုရာသီး ကော့လ်တေး

Photo : A Couple Cooks

Lime Rickey ဆိုတာကတော့ ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ အရိုးရှင်းဆုံး ဖျော်စပ်ထားတဲ့ Highball ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ၁၈၈၀ ခုနှစ်တွေမှာ ဘော်ဘွန်း ဝီစကီ Bourbon Whiskey နဲ့ဖျော်စပ်ခဲ့ပြီး ၁၈၉၀ ခုနှစ်တွေမှာတော့ ဂျင် Gin ကို ပြောင်းလဲအသုံးပြုဖျော်စပ်လာခဲ့တာ ဖြစ်ပါတယ်။ ဂျင် Gin ဒါမှမဟုတ် ဘော်ဘွန်း ဝီစကီ Bourbon Whiskey နဲ့အတူ Soda Water ၊ လတ်ဆတ်တဲ့ သံပုရာရည် တို့ကို အချိုးကျကျ ပေါင်းစပ်ဖျော်ထားတာ ဖြစ်ပါတယ်။

Lime Rickey ကော့လ်တေးရဲ့ ဇာတ်ကြောင်းကို ပြောရမယ်ဆိုရင်တော့ Colonel Joe Rickey လို့ခေါ်တဲ့ ဒီမိုကရက်တစ်နိုင်ငံရေးသမားတစ်ယောက်က ဝါရှင်တန်ဒီစီဘားမှာ စတင်တီထွင်ဖျော်စပ်ခဲ့လို့ ဆိုကြပါတယ်။ ဒီကော့လ်တေးဟာ ကမ္ဘာတစ်ဝှမ်းအထိကို ရေပန်းစားပျံ့နှံ့လာခဲ့ပြီး ၁၉၂၀ ခုနှစ်ထုတ် Great Gatsby Novel ကဲ့သို့ စာအုပ်တွေမှာပါ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ကော့လ်တေးဖျော်စပ်နည်းကလည်း တကယ့်ကို ရိုးရိုးရှင်းရှင်းပဲမလို့ ကွီးတို့အိမ်မှာ ကိုယ်တိုင်ဖျော်စပ်မြည်းစမ်းကြည့်နိုင်ဖို့ ဖျော်စပ်နည်းအဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်နော်။

သံပုရာသီး ကော့လ်တေး

Photo : A Couple Cooks

အရင်ဆုံး Highball ဖန်ခွက်ထဲကို လတ်ဆတ်တဲ့ သံပုရာရည် ၁ အောင်စခွဲ ၊ ဂျင် Gin သို့မဟုတ် ဘော်ဘွန်း ဝီစကီ Bourbon Whiskey (နှစ်သက်ရာတစ်မျိုး) ၃ အောင်စ တို့ကိုရောထည့် မွှေလိုက်ပါ။ ထို့နောက် ဖန်ခွက်ထဲကိုရေခဲဖြည့်ပြီး အပေါ်ကနေ Soda Water လောင်းထည့်လိုက်ရုံပါပဲ။ သံပုရာသီး စိပ်လေးတစ်ခြမ် းအလှဆင်ပြီးတာနဲ့ ရှယ်လန်းတဲ့ Lime Rickey ကော့လ်တေး တစ်ခွက်အသင့်သောက်နိုင်ပါပြီ။ ကွီးတို့ စိတ်တွေညစ်ညူးပြီး လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးနေချိန်မှာ အစွမ်းကုန် Refreshing ဖြစ်စေမယ့် Lime Rickey ကော့လ်တေးတစ်ခွက်သာ ဖျော်သောက်လိုက်ပါ။

Featured Photo : Cocktails – LoveToKnow