ကျွန်တော်တို့ ဘဝအတွက် အမှတ်တရတွေ၊ ခမ်းနားတဲ့ အချိန်လေးတွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ကြတယ် မဟုတ်ပါလား။ ဓာတ်ပုံတွေဆိုတာ ကျွန်တော်တို့ရဲ့ အမှတ်တရပုံရိပ်တွေကို တည်မြဲနေအောင် ထိန်းသိမ်းထားပေးတဲ့ ကြားခံပစ္စည်းလေး တစ်ခုပါပဲ။ ဒီလို ဓာတ်ပုံလေးရိုက်ပြီး မှတ်တမ်းတင်နိုင်ဖို့ ကင်မရာလေးတစ်လုံးတော့ လိုပါတယ်။ ယနေ့ခေတ်မှာ စမတ်ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်လို့ ရတယ်ဆိုသော်လည်းပဲ ကင်မရာနဲ့ရိုက်ရတဲ့ ခံစားမှုလေးကတော့ ဘာနဲ့မှမတူပါဘူး။ ဒီဆောင်းပါးလေးမှာတော့ အလှပဆုံးသော ပုံရိပ်တွေ၊ ခမ်းနားတဲ့ အခိုက်အတန့်တွေ ကိုဖမ်းယူထားချင်တဲ့ ကွီးတို့အတွက်ရော၊ ဓာတ်ပုံပညာကို စိတ်ဝင်စားတဲ့ ညီအစ်ကိုတို့အတွက်ပါ ဒေါ်လာ ၂၀၀ အောက် အရည်အသွေးကောင်းမွန်တဲ့  ကင်မရာလေးများ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

(၁) Instax Mini 11

ခမ်းနားတဲ့ အခိုက်အတန့်တွေ

Photo : Digital Camera World

အခုမှစပြီး ဓာတ်ပုံပညာကို လေ့လာမဲ့သူများအတွက် ရွေးချယ်သင့်တဲ့ ကင်မရာလေးတစ်လုံးကတော့ Instax Mini 11 ပဲ ဖြစ်ပါတယ်။ ဒီကင်မရာလေးက အသုံးပြုရတာ လွယ်ကူပြီး ပုံအရွယ်အစားကတော့ 54 x 86mm ပါ။ သူ့ရဲ့ Lens အရွယ်အစားကတော့ 60mm ဖြစ်ပါတယ်။ ဒါမဲ့ သူ့မှာ Self Timer တော့ မပါဝင်ပါဘူး။ ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ ရပြီး ဒီဇိုင်းကလည်း လူငယ်တွေ အကြိုက်တွေ့စေမဲ့ ဒီဇိုင်းပါ။

(၂) Fujifilm Instax Square SQ1

ခမ်းနားတဲ့ အခိုက်အတန့်တွေ

Photo : Causal Photiphile

ကွီးတို့ ကိုယ်တိုင် ခမ်းနားတဲ့ အခိုက်အတန့်တွေ ကို ဖမ်းယူထားနိုင်ဖို့ ကျစ်လစ်တဲ့ ကင်မရာလေးတစ်လုံး ရှာနေတယ်ဆိုရင် Fujifilm Instax Square SQ1 ရှိပါတယ်။ Megapixels အနေနဲ့ကတော့ 18.2 MP ပါဝင်ပြီး Lens အမျိုးအစား ကတော့ 10x zoom ဖြစ်ပါတယ်။ ပုံအရွယ်အစား ကတော့ 6.2cm x 6.2cm ဖြစ်ပါတယ်။ သုံးရတာ အဆင်ပြေပြီး ပုံရိပ်တိကျ ပြတ်သားမှုလည်း ရှိပါတယ်။ တစ်ခုရှိတာကတော့ သူ့မှာလည်း Self Timer မပါဝင်ပါဘူး။

(၃) Fujifilm Instax Hybrid Mini LiPlay Instant Camera

ခမ်းနားတဲ့ အခိုက်အတန့်တွေ

Photo : Gadget Phillpinas

ဒီကင်မရာလေးကလည်း ကျစ်ကျစ်လစ်လစ်နဲ့ အခုမှ ဓာတ်ပုံပညာကို စတင်လေ့လာဖို့အတွက် အသုံးချချင်တဲ့ ညီအစ်ကိုတို့အတွက် သင့်တော်တဲ့ ကင်မရာတစ်လုံးပါ။ ပုံအရွယ်အစားကတော့ 5.4 cm × 8.6 cm ဖြစ်ပြီး Lens အမျိုးအစားကတော့ 28mm ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကင်မရာနဲ့ ရိုက်ကူထားတဲ့ ပုံတွေကို ဖုန်းမှာ တည်းဖြတ်နိုင်တာကတော့ တကယ်ကို ရွေးချယ်ချင်စရာ အချက်ပါပဲ။

(၄) Polaroid Now

camera

Photo : Somag News

ဒီကင်မရာလေးကတော့ ကောင်းမွန်တဲ့ ပုံအရည်အသွေးကို ပေးစွမ်းနိုင်တဲ့ ဆယ်စုနှစ်အသစ်တစ်ခုအတွက် ထွက်ရှိထားသော Polaroid အသစ်ဖြစ်ပါတယ်။ ပုံအရွယ်အစားကတော့ 108 x 88mm ဖြစ်ပါတယ်။ သူ့မှာ Lens နှစ်ခုပါဝင်ပြီး Dual-lens Autofocus စနစ်ပါရှိတာကြောင့် ရွေးချယ်ချင်စရာတွေထဲက တစ်ခုပါပဲ။ ဒီကင်မရာမှာတော့ Self Timer ပါရှိပါတယ်။

(၅) Kodak PIXPRO FZ53

camera

Photo : Lifewire

အလှပဆုံးသော ပုံရိပ်တွေ၊ ခမ်းနားတဲ့ အခိုက်အတန့်တွေ ကို ဖမ်းယူထားနိုင်စေဖို့ အတွက် သယ်ဆောင်ရတာရော၊ အသုံးပြုရတာပါ လွယ်ကူတဲ့ Kodak PIXPRO FZ53 ရှိပါတယ်။ ဒီဇိုင်းက ကျစ်ကျစ်လစ်လစ် ရှိပြီး Flash လည်း တပ်ဆင်ထားပါတယ်။ သို့သော်လည်း ဒီကင်မရာမှာတော့ Viewfinder မပါရှိပါဘူး။

ကွီးတို့အတွက် အမှတ်တရ ပုံရိပ်လေးတွေ ဖမ်းယူထားနိုင်ဖို့ ကင်မရာလေး ရွေးချယ်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီဆောင်းပါးလေးက အထောက်အကူ ပြုမယ်လို့ ထင်ပါတယ်။

Source : Digital Camera World

Featured Photo : Trusted Review