Xiaomi ကတော့ နှုတ်ခမ်းနီမလေးတွေ သည်းခြေကြိုက် Limited Editon ဖုန်းတစ်လုံး မိတ်ဆက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ထွက်ခဲ့တဲ့ Selfie အသားပေး Civi 2 စမတ်ဖုန်းကို အခုတဖန် Hello Kitty ဒီဇိုင်းနဲ့ ဆန်းသစ်ဖန်တီးလိုက်တာပါ။ Civi 2 Hello Kitty Limited Edition ဖုန်းမှာ စိတ်ဝင်စားစရာ Features တွေများစွာ ပါဝင်လာပါတယ်။

Xiaomi

Photo : Gizmochina

အထူးခြားဆုံး အနေနဲ့ကတော့ နေရောင်နဲ့ထိတဲ့အခါ အရောင်ပြောင်းနိုင်တဲ့ Photochromic ကျောဘက်ကိုယ်ထည်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်ကိုယ်ထည်ပေါ်မှာ Hello Kitty Doodle ပုံတွေကို ရေးဆွဲထားပြီး Unique ဖြစ်တဲ့ အသွင်အပြင်ကို ဖန်တီးပေးထားပါတယ်။ Hello Kitty Doodle ပုံတွေက ပုံမှန်အတိုင်းဆို မီးခိုးရောင်ရှိမှာ ဖြစ်ပေမယ့် နေရောင်နဲ့ထိတဲ့အခါမှာတော့ တောက်ပတဲ့ အနီရောင်အသွင်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Packaging Box ကိုလည်း Hello Kitty Doodle ပုံတွေ ရေးဆွဲထားတဲ့ ထူးခြားတဲ့ ထုပ်ပိုးမှုပုံစံနဲ့လာမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ Civi 2 Hello Kitty Limited Edition ဖုန်းမှာ မြင်တွေ့ရမယ့် စိတ်ဝင်စားဖွယ်ရာ အပြောင်းအလဲတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Hello Kitty Vibes အပြည့်အဝပေးနိုင်ဖို့ UI အတွင်း Theme တချို့ကိုလည်း အပြောင်းအလဲတစ်စုံတစ်ရာ ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။ Civi 2 Hello Kitty Limited Edition ဖုန်းမှာ ၆.၅၅ လက်မ 2400 x 1080 OLED Hyperbolic ၊ 58-Degree Flexible မျက်နှာပြင်တပ်ဆင်ပေးထားပြီး 120 Hz Refresh Rate အထိ ထောက်ပံ့ပေးထားပါတယ်။ Stainless Eteel VC Fluid Cooling Chamber ပါရှိပြီး Processor အနေနဲ့ကတော့ Snapdragon 7 Gen 1 Chipset ကို မောင်းနှင်ထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ 67W အမြန်အားသွင်းစနစ်ထောက်ပံ့ပေးထားတဲ့ 4500 mAh ဘက်ထရီပါဝင်ပါတယ်။ ဖုန်းရဲ့အရှေ့ဘက်မှာ Xiaomi ဖုန်းတွေထဲမှာ ကြည်လင်ပြတ်သားမှုအရှိဆုံး AF ပါတဲ့ 32MP Sensors နဲ့ 100-degree FoV ကင်မရာ ၂ လုံးကို ပူးတွဲတပ်ဆင်ပေးထားပြီး ကျောဘက်မှာတော့ 50MP Sony IMX766 Sensor Main ကင်မရာအပါအဝင် ကင်မရာ ၃ လုံး တွဲဖက်တပ်ဆင်ပေးထားပါတယ်။

Xiaomi

Photo : Gizmochina

Civi 2 Hello Kitty Limited Edition ဖုန်းကို 12GB RAM/256GB Storage ဗားရှင်းတစ်မျိုးတည်းနဲ့သာ ထုတ်ထားပြီး ဈေးနှုန်း အနေနဲ့ကတော့ ယွမ် ၂၇၉၉ (ဒေါ်လာ ၄၁၀ / မြန်မာငွေ ၈ သိန်းဝန်းကျင်ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ Xiaomi ဝက်ဘ်ဆိုဒ်မှာ လာမယ့် ဖေဖော်ဝါရီ ၉ ရက်ကနေ စတင်ရောင်းချသွားမှာ ဖြစ်တာကြောင့် ချစ်သူများနေ့အမှီ Hello Kitty ကြိုက်တဲ့ ချစ်သူလေးကို စပရိုက်ချင်တဲ့ ကွီးတို့ကတော့ ကြိုတင်အော်ဒါတင်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။

Featured Photo : GSMArena.com