အမိုက်စား ကော့လ်တေး တွေကို အမြဲတမ်း ခုံမင်နှစ်သက်စွာ မြည်းစွမ်းလေ့ရှိတဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ဗော့ဒ်ကာနဲ့ ဖျော်စပ်ထားတဲ့ Dirty Shirley ဆိုတဲ့ ကော့လ်တေးကိုလည်း ကွီးတို့ စာရင်းထဲမှာ ထည့်ထားလိုက်ပါ။ ဒီကော့လ်တေးက ရာသီဥတု ပူပြင်းတဲ့အချိန်မှာ တည့်ခင်းဧည့်ခံလို့ ကောင်းတဲ့ ကော့လ်တေး တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါ့အပြင် တက်ကြွလန်းဆန်းမှုကိုလည်း ပေးစွမ်းနိုင်ပြီး သူရဲ့ အရောင်အဆင်းကလည်း တကယ်ကို မြည်းစမ်းချင်စရာပါပဲ။ ကွီးတို့ကို ဒီအမိုက်စား Dirty Shirley ကော့လ်တေးကို ကိုယ်တိုင် ဖျော်စပ် မြည်းစမ်းနိုင်အောင် စပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

အရင်ဆုံး ကော့လ်တေး ဖျော်စပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေကတော့………………

(၁) ဗော့ဒ်ကာ ၂ အောင်စ

(၂) လတ်ဆတ်သော သံပရာရည် ၀.၅ အောင်စ

(၃) Grenadine ၁.၅ အောင်စ

(၄) သံပုရာဆိုဒါ ၆ အောင်စမှ ၈ အောင်စ (အရသာအတွက်)

(၅) Maraschino ချယ်ရီရည် ၀.၅ အောင်စ (မထည့်လည်း ရပါတယ်)

(၆) ရေခဲများ နဲ့

(၇) အလှဆင်ရန် ချယ်ရီသီး တစ်လုံး ဒါမှမဟုတ် ၂ လုံးခန့် စသည်တို့ လိုအပ်ပါတယ်။

အရသာ ကောင်းမွန်စေရန်အတွက် ဗော့ဒ်ကာ ကောင်းကောင်းကို အသုံးပြုပါ။‌ ဈေးအသင့်အတင့်ရှိပြီး အရည်အသွေးကောင်းတဲ့ ဗော့ဒ်ကာကို ရွေးချယ်ဖို့ လိုပါတယ်။ ပါဝင်ပစ္စည်းတွေ အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ ကော့လ်တေး ဖျော်စပ်လို့ရပါပြီ။ ကော့လ်တေး ဖျော်စပ်ပုံကတော့

Dirty Shirley

Photo : The Spruce Eats

(၁) ပထမဦးစွာ ပါဝင်ပစ္စည်းတွေကို တစ်နေရာတည်းမှာ စုလိုက်ပြီး အဆင်သင့် ဖြစ်အောင်ပြင်ဆင်ထားပါ။

Dirty Shirley

Photo : The Spruce Eats

(၂) ဒီ ကော့လ်တေးကို များသောအားဖြင့် ဖန်ခွက်ရှည်နဲ့ တည့်ခင်းဧည့်ခံလေ့ ရှိပါတယ်။ ဒါကြောင့် အရင်ဆုံး ဖန်ခွက်ရှည်ထဲသို့ ဗော့ဒ်ကာနဲ့ လတ်လတ်ဆတ်ဆတ် ညှစ်ထားတဲ့ သံပုရာရည် တို့ကို လောင်းထည့်လိုက်ပါ။ ပြီးနောက် ရေခဲများကို ဖန်ခွက်အပြည့်နီးပါး ထည့်လိုက်ပါ။

cockatil

Photo : The Spruce Eats

(၃) ပြီးလျှင် ထိုဖန်ခွက်ထဲသို့ သံပုရာဆိုဒါ ကိုထည့်ပါ။ ထို့နောက် Grenadine နဲ့ ချယ်ရီရည်ကို ထည့်မည်ဆိုရင် နောက်ဆုံးမှ ထည့်ပေးပါ။ မထည့်လည်း ရပါတယ်။ ပြီးလျှင် အကုန်လုံး သမအောင် ညင်သာစွာ မွှေပေးပါ။

cocktail

Photo : The Spruce Eats

ကွီးတို့အနေနဲ့ သံပုရာဆိုဒါနဲ့ Grenadine ကို မိမိတို့စိတ်ကြိုက် ပိုထည့်လို့ရပါတယ်။ နောက်ဆုံးအနေနဲ့ အဆင်သင့်ပြင်ထားတဲ့ ချယ်ရီသီး လေးများဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့ကိုယ်တိုင် ဖျော်စပ် မြည်းစမ်းနိုင်တဲ့ အမိုက်စား Dirty Shirley ကော့လ်တေး တစ်ခွက် ရပါပြီ။

ဒီကော့လ်တေးလေးက ဖျော်စပ်ရတာလည်း လွယ်ကူတဲ့အတွက် ကွီးတို့ရဲ့ ဒင်နာပါတီတွေ၊ ပေါ့ပေါ့ပါးပါး ကျင်းပတဲ့ အိမ်တွင်းပါတီတွေမှာ ဘော်ဒါတွေနဲ့ မြည်းစမ်းသုံးဆောင်ဖို့ ရွေးချယ်သင့်တဲ့ ကော့လ်တေးပါပဲ။

Source : The Spruce Eats

Featured Photo : The Spruce Eats