ချစ်သူများနေ့ မှာ ကိုယ့်ရဲ့ မယ်မဒီလေးနဲ့အတူတူ ရိုဆန် ဆန် ဖြတ်သန်းချင်ပေမယ့် အိုင်ဒီယာစဥ်းစားမရလို့ စိတ်ညစ်နေပါသလား။ ဒီဆောင်းပါးလေးက ကွီးတို့ရဲ့ အခက်အခဲကို ကူညီပေးရှင်းပေးပြီး ချစ်သူများနေ့ မှာ ကိုယ့်ရဲ့ချစ်သူ ကောင်မလေးနဲ့ ရိုဆန် တဲ့အချိန်လေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

မနက်စာ အတူတူ စားပါ

ချစ်သူများနေ့ ရိုဆန်

ချစ်သူများနေ့ဆိုတော့ မနက်စာကို ခါတိုင်းနေ့တွေကလို ဖြစ်သလို ပြင်ဆင်တာမျိုးမဟုတ်ဘဲ ရိုမန့်တစ်ဆန်ဆန် ပြင်ဆင်ကာ နှစ်ယောက်သား တန်ဖိုးရှိတဲ့အချိန်လေးကို အတူတူ ကုန်ဆုံးလိုက်ပါ။ မနက်စာကို အိပ်ရာပေါ်မှာ အတူတူ စားတာမျိုးသည်လည်း ရိုမန့်တစ်ဆန်ပါတယ်။

ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်ဇာတ်ကားများ အတူတူကြည့်ပါ

ချစ်သူများနေ့ ရိုဆန်

တစ်နေကုန် ဘယ်မှမသွားချင်ဘူး၊ အိမ်မှာပဲ နေချင်တယ်ဆိုတဲ့ စုံတွဲများအတွက်တော့ ရုပ်ရှင်ကြည့်ရင်း အတူတူ ပျော်ပါးနိုင်ပါတယ်။ ကြည့်ချင်တဲ့ ရုပ်ရှင်လေးတွေကို သေသေချာချာရွေးထားပြီး အတူတူကြည့်ကာ ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းနိုင်ပါတယ်။ ရုပ်ရှင်ကြည့်တဲ့အခါ စားမယ့် မုန့်ပဲသွားရေစာများကိုလည်း ပြင်ဆင်ထားလိုက်ပါ။

နေဝင်ချိန်ကို အတူတူ ခံစားပါ

ချစ်သူများနေ့ ရိုဆန်

နေဝင်ချိန်မှာ ဘယ်နေရာက အလှဆုံးဖြစ်မလဲ အရင်စဥ်းစားပါ။ တကယ်လို့ ကွီးတို့က ကမ်းခြေဘက်၊ တောင်တန်းတွေဘက် ရောက်နေရင်တော့ နေဝင်ချိန်ကို အတူတူ ကြည့်ရှုခံစားရင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားတဲ့ နွေးထွေးတဲ့ ခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။

ပထမ စချိန်းတွေ့တုန်းက ပုံစံအတိုင်း ပြန်ချိန်းတွေ့ပါ

couple date

ကွီးတို့ ပထမဦးဆုံး ချိန်းတွေ့တုန်းက ဘယ်လိုခံစားချက်မျိုးကို ခံစားရပါသလဲ။ ရင်ခုန်စိတ်လှုပ်ရှားနေပြီး ခံစားချက်များကလည်း သစ်လွင်နေမှာ အမှန်ပါပဲ။ လာမယ့်ချစ်သူများနေ့မှာလည်း ကွီးတို့ရဲ့ ချစ်သူကောင်မလေးနဲ့အတူတူ ပထမဆုံးအချိန်တုန်းက ချိန်းတွေ့တဲ့ပုံစံအတိုင်း ပြန်လည်ချိန်းတွေ့ကာ ခံစားချက်များကို တစ်ဖန်ပြန်လည်သစ်လွင်လာအောင် ပြုလုပ်နိုင်ပါတယ်။

နေ့ချင်းပြန်ခရီး အတူတူ သွားပါ

ချစ်သူများနေ့ ရိုဆန်

ကိုယ်ချစ်ရတဲ့သူနဲ့အတူတူ နေ့ချင်းပြန်ခရီး အတူတူ သွားရတာကလည်း ပျော်ရွှင်ကြည်နူးစရာပါပဲ။ တစ်ချိန်ချိန်မှာ အဖိုးတန်တဲ့ အမှတ်တရတွေ ထင်ကျန်ရစ်ခဲ့မှာပါ။ ချစ်သူများနေ့ မှာ ကိုယ့်ရဲ့ ချစ်သူ ကောင်မလေးနဲ့ ရိုဆန် ဆန် ဖြတ်သန်းချင်သူများအတွက် ဒီအိုင်ဒီယာကလည်း အမိုက်စားပါပဲ။

ပျော်ပွဲစားထွက်ပါ

valentine's day

ခရီးမထွက်ချင်တဲ့သူတွေအတွက် နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ ပျော်ပွဲစားထွက်ခြင်းပဲ ဖြစ်ပါတယ်။ ပျော်ပွဲစားထွက်လို့ကောင်းတဲ့နေရာကို သေသေချာချာရှာဖွေထားကာ စားစရာ သောက်စရာများကို တစ်ပါတည်း ပြင်ဆင်ပြီး ပျော်ပွဲစားထွက်နိုင်ပါတယ်။

စားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင်မှာ ညစာအတူတူစားပါ

valentine's day

ရိုမန့်တစ်ဆန်ဆန် ဖြတ်သန်းချင်သူများအတွက် စားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင်မှာ ညစာစားခြင်းသည်လည်း လက်တွေ့ဆန်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ကောင်မလေးကို စပရိုက်ပါတီ ပြုလုပ်ပေးလို့လည်းရပါတယ်။ ချစ်သူများနေ့ဆိုတော့ Street Food မုန့်ဈေးတန်းမှာ မုန့်ပတ်စားတာထက် တစ်နေရာမှာ ငြိမ်ငြိမ်ဆိမ်ဆိမ်ထိုင်ရင်း ညစာ စားလိုက်၊ ဝိုင်သောက်လိုက်နဲ့ ပြုလုပ်ခြင်းက ပိုပြီး ရိုမန့်တစ်ဆန်ပါလိမ့်မယ်။

ကွီးတို့ရော ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကောင်မလေးနဲ့အတူတူ ဘယ်လိုပုံစံနဲ့ အချိန်ကုန်ဆုံးဖို့ စဥ်းစားထားပါသလဲ။

Source: Bucketlistjourney

Featured Image: Freepik