vivo ကတော့ Y-series ရဲ့နောက်ဆုံးထွက် အလယ်အလတ်တန်းစား ဖုန်း Vivo Y100 ကို အိန္ဒိယနိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်ပါတယ်။ Vivo Y100 ဖုန်းဟာ 5G Network ထောက်ပံ့ပေးထားပြီး နေရောင်နဲ့ထိတဲ့အခါမှာ အရောင်ပြောင်းနိုင်တဲ့ ကျောဘက်ကိုယ်ထည်ကို ထည့်သွင်းပေးထားပါတယ်။

vivo Y100

Photo : GSMArena.com

Display အနေနဲ့ကတော့ ကြီးမားကျယ်ပြန့်တဲ့ ၆.၃၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး Full HD+ resolution 2400 × 1080 pixels နဲ့ 90hz refresh rate ထောက်ပံ့ပေးထားကာ 1300nits peak brightness တို့ ပါဝင်ပါတယ်။ အရှေ့ဘက် မျက်နှာပြင်မှာတော့ 16MP ဆယ်လ်ဖီ ကင်မရာထည့်သွင်းထားတဲ့ waterdrop notch တစ်ခုပါရှိပြီး ကျောဘက်မှာ OIS ပါတဲ့ 64MP main ကင်မရာနဲ့အတူ 2MP Macro ကင်မရာ ၊ 2MP Depth Module တို့ကို တွဲဖက်တပ်ဆင်ပေးထားပါတယ်။

Vivo Y100 ဖုန်း မှာ MediaTek Dimensity 900 SoC မောင်းနှင်ထားပြီး 8GB RAM ၊ 128GB storage နဲ့ microSD slot တစ်ခုပါရှိပါတယ်။ ဒါ့အပြင် နောက်ဆုံးထွက်ရှိထားတဲ့ Android 13 အခြေပြု Funtouch OS 13 ကို အသုံးပြုထားပြီး 44W အမြန်အားသွင်းစနစ်ထောက်ပံ့ပေးထားတဲ့ 4,500 mAh ဘက်ထရီအပြင် in-display fingerprint scanner ၊ IP54 rating ၊ 3.5mm audio jack နဲ့ Hybrid Dual SIM slot တို့လည်း ပါဝင်လာပါတယ်။

vivo Y100

Photo : GSMArena.com

အရောင်တွေအနေနဲ့ကတော့ Metal Black ၊ Twilight Gold နဲ့ Pacific Blue ဆိုပြီး ရွေးချယ်စရာ အရောင် ၃ မျိုး ပေးထားပြီး ဒီထဲမှာ Twilight Gold နဲ့ Pacific Blue မော်ဒယ်တွေကတော့ နေရောင်နဲ့ ထိတဲ့အခါ လိမ္မော်ရောင်နဲ့ ပင်လယ်ရေပြာရောင်လို အရိပ်တွေအဖြစ် ဖုန်းရဲ့ကျောဘက်ကိုယ်ထည်မှာ အရောင်တွေပြောင်းသွားမှာ ဖြစ်ပါတယ်။

Vivo Y100 ဖုန်းရဲ့ 8/128GB ဗားရှင်းအတွက် ဈေးနှုန်းကတော့ ရူပီး ၂၄,၉၉၉ (ဒေါ်လာ ၃၀၀ ဝန်းကျင်ခန့်) ကျသင့်မှာဖြစ်ပြီး vivo ရဲ့တရားဝင်ဝဘ်ဆိုဒ်ကနေတဆင့် အော်ဒါမှာယူနိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : Cashify