Vivo က ပြီးခဲ့တဲ့ သြဂုတ်လမှာ Y02s ဖုန်း ကို မိတ်ဆက်ခဲ့ပြီး ယခုအခါ vivo Y02 လို့ နာမည်ပေးထားတဲ့ Vanilla မော်ဒယ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ vivo Y02 ဖုန်းမှာ အမည်မသိရသေးတဲ့ Octa-Core Processor နဲ့ 3GB RAM တို့ ထောက်ပံ့ပေးထားပါတယ်။

Photo : GSMArena.com

vivo Y02 ဖုန်းရဲ့ ဆော့ဖ်ဝဲပိုင်းမှာတော့ Android 12 Go Edition အခြေပြု Funtouch OS 12 ကို အသုံးပြုထားပြီး Internal Storage 32GB ပါရှိကာ 1TB အထိ ထပ်စိုက်နိုင်မယ့် microSD ကတ် Slot တစ်ခု ပါရှိပါတယ်။

vivo Y02 ဖုန်းမှာ ၆.၅၁ လက်မ HD+ LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး 5MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းမြုပ်နှံထားတဲ့ Notch ပါရှိပါတယ်။ ကျောဘက်မှာတော့ LED Flash နဲ့ ချိတ်ဆက်ထားတဲ့ 8MP ပင်မကင်မရာတစ်လုံး ထည့်သွင်းပေးထားပါတယ်။

Photo : TellForce Blog

vivo Y02 ဖုန်းကို ပါးလွှာတဲ့ ၈.၄၉ မီလီမီတာ ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Matte finish နဲ့ 2.5D ဘောင်အပြားဒီဇိုင်း ဖန်တီးထားကာ ဖုန်းကိုယ်ထည်ဟာ ခြစ်ရာပွန်းရာနဲ့ လက်ရာတွေကို ကောင်းကောင်း ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

vivo Y02 ဖုန်းမှာ microUSB အပေါက်ကနေတဆင့် 10W အထိ အားသွင်းနိုင်တဲ့ 5,000 mAh ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ 3.5 မီလီမီတာ နားကြပ်ပေါက် ပါရှိပေမယ့်လည်း လက်ဗွေဖတ်စနစ် ပါမလာတာကြောင့် ဖုန်းကို Lock ဖွင့်ရာမှာ Face Unlock Feature ကိုသာ အသုံးပြုရမှာ ဖြစ်ပါတယ်။


Photo : GSMArena.com

vivo Y02 ဖုန်း ရဲ့ အရောင်တွေ အနေနဲ့ကတော့ Cosmic Grey နဲ့ Orchid Blue စတဲ့ အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး စျေးနှုန်းကတော့ ရူပီး ၁၄၉၉,၀၀၀ (၉၅ ဒေါ်လာ / ယူရို ၉၀ / မြန်မာငွေ ၂ သိန်းဝန်းကျင်ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ vivo Y02 ဖုန်းကို Tokopedia နဲ့ vivo ရဲ့ တရားဝင် အင်ဒိုနီးရှား ဝက်ဘ်ဆိုဒ်ကနေ တစ်ဆင့်လည်း ရောင်းချသွားမှာဖြစ်ပြီး အခြားဈေးကွက်တွေမှာ ရောင်းချမှုရှိ/မရှိဆိုတာနဲ့ ပတ်သတ်ပြီးတော့ အသေးစိတ် မသိရသေးပါဘူး။

Featured Photo : Gizmochina