ချန်ပီယံလိဂ် ရက်သတ္တပတ် ပြီးဆုံးသွားချိန် ယူရိုပါလိဂ်ပွဲစဉ်တွေရဲ့ အလှည့်ရောက်လာချိန်မှာတော့ ဘောလုံး ဝါသနာအိုး ကွီးတို့ လုံးဝကို မလွတ်တမ်း စောင့်ကြည့်သွားရမဲ့ ပွဲကြီးပွဲကောင်း တစ်ပွဲကလည်း ရှိနေပါတယ်။ ဒီပွဲကတော့ အိုးထရက်ဖို့ဒ် မှာကစားမဲ့ မန်ယူနိုက်တက်အသင်း နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ယူရိုပါလိဂ် ရှုံးထွက် ပလေးအော့အဆင့် ဒုတိယအကျော့ပွဲစဉ်ပဲ ဖြစ်ပါတယ်။

barca vs manutd

Photo Credit : Sky Sports

နူးကမ့်မှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်ကတော့ ယူရိုပါလိဂ်ပွဲလို့ မထင်ရလောက်အောင်ကို ချန်ပီယံလိဂ် vibe မျိုး ပေးစွမ်းနိုင်ခဲ့တဲ့အပြင် အသင်းနှစ်သင်းလုံးရဲ့ အားပြိုင်မှုက တကယ့်ကို ကြည့်ကောင်းလွန်းခဲ့ပါတယ်။ ပကျော့မှာ (၂)ဂိုးစီ သရေကျခဲ့တာဖြစ်လို့ အခု အိုးထရက်ဖို့ဒ် က ပွဲစဉ်ဟာ နောက်တစ်ဆင့် တတ်လှမ်းနိုင်ရေးအတွက် အဆုံးအဖြတ် ခံယူရမဲ့ ပွဲပါ ဖြစ်လာနိုင်ပါတယ်။

man utd

Photo Credit : Yahoo!

ဒုကျော့ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရမဲ့ မန်ယူနိုက်တက်က အိုးထရက်ဖို့ဒ် ကွင်းထဲ စက်တင်ဘာလဆန်း နောက်ပိုင်းကတည်းက အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ နောက်ဆုံး ရှုံးထားခဲ့တဲ့ အသင်းက စပိန်ကလပ် ဆိုစီဒက် ဖြစ်နေတာကတော့ ထူးခြားချက် တစ်ခုလို့ ဆိုရပါမယ်။ ဒါပေမဲ့ အခုပွဲမှာ ပကျော့တုန်းက ပွဲပယ်ခံထားရတဲ့ လီဆန်ဒရိုမာတီနက်ဇ် ဆာဘစ်ဇာတို့ ပြန်လည် ကစားခွင့်ရတာ တောင်ပံကစားသမား အန်တိုနီ ပါဝင်လာနိုင်တာတွေက ယူနိုက်တက်အတွက် အားသာမှု ဖြစ်နိုင်သလို လောလောလတ်လတ်မှာလည်း အိမ်ကွင်းမှာ လက်စတာကို ဂိုးပြတ် အနိုင်ရထားလို့ ယုံကြည်မှု ပိုမို အားကောင်းနေနိုင်ပါတယ်။
Barcelona

Photo Credit : Evening Standard

ဘာစီလိုနာကလည်း ဒီရာသီ ပြိုင်ပွဲစုံ အဝေးကွင်း ပွဲစဉ်တွေထဲ ရီးယဲလ် အင်တာ ဘိုင်ယန်တို့ (၃)သင်းတည်းကိုသာ အရှုံးပေးထားခဲ့ရပါတယ်။ အဲ့ဒီ(၃)ပွဲအတွင်း တိုက်စစ်က သွင်းဂိုး(၁)ဂိုးတည်းသာ ရရှိထားခဲ့ပေမဲ့ ကျန်တဲ့ အဝေးကွင်းပွဲ အားလုံးကိုတော့ နိုင်ပွဲရအောင် ကစားထားနိုင်တာကိုလည်း မေ့ထားလို့ မရပါဘူး။ အခုပွဲမှာတော့ ဘာစီလိုနာဘက် ဂါဗီ ပတ်ဒရီ ဒမ်ဘီလီတို့ မပါဝင်နိုင်ပေမဲ့ ဘူးစကတ်စ် ပြန်ပါလာပြီး အသင်း ကွင်းလယ်ကို ဦးဆောင်လာနိုင်ပါတယ်။ တစ်ခု သတိထားရမှာက ဒီရာသီထဲ ဥရောပပွဲစဉ် (၇)ပွဲလုံး ဂိုးပေးထားရတဲ့ ဘာစီလိုနာရဲ့ ခံစစ်ပါ။ ဒီခံစစ်က အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို ဘယ်လို ရပ်တန့်ပစ်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

manutd vs barca

Photo Credit : Goal

အဝေးဂိုး စည်းမျဉ်းတွေ မရှိတော့တဲ့အချိန် ပကျော့မှာ သရေကျထားတဲ့အချိန် နောက်တစ်ဆင့်ကို တတ်လှမ်းဖို့က နှစ်သင်းလုံးအတွက် ဆတူ အခွင့်အရေးမျိုး ရှိနေပါတယ်။ ယူနိုက်တက်က အိမ်ကွင်း အားသာချက် ရှိနေတယ် ဆိုပေမဲ့ ယခင် အိုးထရက်ဖို့ဒ် ကွင်းအတွင်း တွေ့ဆုံမှုတွေမှာတော့ ၂၀၀၈ခုနှစ် တစ်ကြိမ်ကပဲ အနိုင်ရထားပြီး ဘာစီလိုနာက ၂၀၁၉ခုနှစ်က တစ်ကြိမ်နိုင် ကျန်တဲ့ (၂)ကြိမ်က သရေကျထားပါတယ်။ အခုပွဲမှာတော့ အိမ်ရှင် အားသာချက်ထက် နည်းပြ(၂)ဦးထဲကမှ ဥရောပ အတွေ့အကြုံတွေ ပိုကြွယ်ဝပြီး အသင်းကိုလည်း အကောင်းဆုံး ဦးဆောင်ထားတဲ့ တန်ဟက်ဂ်ရဲ့ မန်ချက်က ရလဒ်ကောင်းဖို့ အခြေအနေများနေတယ်လို့ ယူဆမိပါတယ်။

Featured Photo : Bet Central