Libido ဒါမှမဟုတ် Sex Drive လို့ခေါ်တဲ့ လိင်စိတ်ဟာ လူတစ်ဦးနဲ့တစ်ဦး မတူပါဘူး။ အမျိုးသားတွေမှာ လိင်စိတ်ဟာ အသက်အရွယ်အရ လျော့နည်းလာတက်ပြီး စိတ်ဖိစီးမှု ၊ အစားအသောက် ၊ အနေအထိုင်တွေအပေါ်လည်း အများကြီး မူတည်နေပါတယ်။ တကယ်လို့ ကွီးတို့က ပုံမှန်ထက် ဟိုစိတ်ဒီစိတ် တွေ လျော့ နေတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန် နည်းလမ်းတွေနဲ့ ကွီးတို့ရဲ့လိင်စိတ်တက်ကြွမှုကို မြှင့်တင်နိုင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ချပါ

Photo : Men’s Fitness

စိတ်ဖိစီးမှုဟာ လိင်စိတ်တက်ကြွမှုကို ဟန့်တားနေတဲ့အကြီးမားဆုံး အတားအဆီးတစ်ခုပါပဲ။ အမျိုးသားဖြစ်ဖြစ် ၊ အမျိုးသမီးဖြစ်ဖြစ် စိတ်ဖိစီးမှုမြင့်နေချိန်မှာ လိင်စိတ်တက်ကြွမှုဟာ သာမန်ထက် လျော့နည်းနေတက်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ လိင်အင်္ဂါချို့ယွင်းမှုပြဿနာ တနည်းအားဖြင့် ပန်းသေပန်းညိုးရောဂါကို ဖြစ်စေနိုင်တာကြောင့် စိတ်ဖိစီးမှုတွေကို အတက်နိုင်ဆုံး လျော့ချပေးဖို့ လိုပါတယ်။

(၂) ပြည့်ပြည့်ဝဝ အိပ်စက်အနားယူပါ

Photo : Pexels

ကောင်းမွန်တဲ့ အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာရေးအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အချို့ သုတေသနပြုချက်တွေမှာလည်း အိပ်စက်ခြင်းနဲ့ ဟိုစိတ်ဒီစိတ် တက်ကြွမှုဟာ ဆက်စပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၅ ခုနှစ်က လေ့လာမှုအရ ညဘက်မှာ ကောင်းမွန်တဲ့ အိပ်စက်မှုရှိသူတွေဟာ လိင်စိတ်ဆန္ဒကို ပိုမို တိုးပွားစေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ လိင်စိတ်လျော့နည်းနေတယ်ဆိုပါက အိပ်စက်မှုပုံစံကို ပြောင်းလဲပြီး ကောင်းမွန်ပြည့်ဝစွာ အိပ်စက်အနားယူဖို့ အကြံပြုချင်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ

Weight Training

Photo : Men’s Health

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တာက Libido မြှင့်တင်ပေးနိုင်တဲ့ အထိရောက်ဆုံး သဘာဝ နည်းလမ်းတွေထဲက တစ်ခုပါ။ လေ့လာမှုတစ်ခုအရ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်တဲ့အမျိုးသားတွေဟာ ခန္ဓာကိုယ်ပုံသဏ္ဍာန်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေနည်းစေပြီး ၊ လိင်စိတ်တက်ကြွမှုကို ပိုမိုရရှိစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ တစ်ရက်ကို အနည်းဆုံး နာရီဝက် ၊ ၄၅ မိနစ်ခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခု ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

Quit smoking

Photo : Gmhba

စီးကရက်သောက်ခြင်းဟာ ကျွန်တော်တို့ရဲ့ နှလုံးသွေးကြောစနစ်အပေါ် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေနိုင်ပါတယ်။ လိင်မှုကိစ္စနဲ့အဓိက ဆက်စပ်နေတာဟာလည်း ကျွန်တော်တို့ရဲ့ နှလုံးကျန်းမာရေးပါပဲ။ ဆေးလိပ်သောက်သူတွေဟာ လိင်အင်္ဂါကမောက်ကမဖြစ်မှုပိုများပြီး လိင်စိတ်တက်ကြွမှုလည်း လျော့နည်းတက်ပါတယ်။ ကွီးတို့အနေနဲ့ ဆေးလိပ်လည်းသောက်ဖြစ်နေတယ် ၊ ဟိုစိတ်ဒီစိတ် တွေလည်း လျော့လာနေတယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ လိုနေပါပြီ။

(၅) ပါတနာနဲ့ ဆက်ဆံရေးကို မြှင့်တင်ပါ

couple

Photo : DFWChild

ကိုယ့်လက်တွဲဖော် ပါတနာနဲ့ ဆက်ဆံရေးအခြေအနေတွေဟာလည်း လိင်စိတ်တက်ကြွမှုနဲ့ အများကြီး သက်ဆိုင်မှုရှိပါတယ်။ နှစ်ဦးသားရဲ့ဆက်ဆံရေးဟာ ယို့ယွင်းမှု/ပြဿနာလေးတွေရှိနေမယ် ဒါမှမဟုတ် ရင်းနှီးမှုနည်းနေမယ်ဆိုရင်လည်း လိင်စိတ်တက်ကြွမှုဟာ သာမန်ထက်ကို လျော့နည်းနေတက်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ကိုယ့်ပါတနာကြားက ဆက်ဆံရေးကိုမြင့်တင်ဖို့ အိပ်ရာပေါ်မှာရော ပြင်ပအချိန်တွေမှာပါ ရင်ခုန်စရာကောင်းတဲ့အခိုက်အတန့်တွေ ၊ ရင်းနှီးမှုတိုးစေမယ့် Activities လေးတွေကို အတူတကွလုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။

အထက်ပါအချက်တွေအပြင် ကျန်းမာတဲ့ စားသောက်မှုပုံမှန်ရှိတာ ၊ ကိုယ်အလေးချိန် ထိန်းတာ ၊ အရက်ကို ချင့်ချိန်သောက်သုံးတာ စတဲ့ နည်းလမ်းလေးတွေနဲ့လည်း လိင်စိတ်ကို မြှင့်တင်နိုင်ပါတယ်။ လိုအပ်ပါကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုထုံးနည်းတွေနဲ့ ကုသမှုခံယူနိုင်ပါတယ်။ ဒီဆောင်ရန်ရှောင်ရန်လေးတွေကို သိထားပြီဆိုရင် ဟိုစိတ်ဒီစိတ် တွေ မလျော့ပဲ ကိုယ့်လက်တွဲဖော် ပါတနာနဲ့ အချစ်တွေနယ်ကျွံနိုင်ပြီပေါ့ဗျာ။

Featured Photo : Dr. SK Jain