ကွီးတို့ရဲ့ ဘော်ဒါတစ်ယောက်က စိတ်ချမ်းသာ ဖို့အတွက် ရည်းစား ထားရမလား၊ ခရီးသွား ရမလားလို့ မေးလာခဲ့ရင် ကွီးတို့က ဘယ်လိုပြန်ဖြေမှာလဲ။
ကွီးတို့ရဲ့ အဖြေက တစ်ယောက်နဲ့တစ်ယောက်နဲ့ မတူဘဲ ကွဲပြားပါလိမ့်မယ်။ ဒါပေမယ့် အများစုက တစ်သက်တာ စိတ်ချမ်းသာ ချင်တယ်ဆိုရင် ခရီးသွား လို့ပဲ အကြံပေးကြပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ ရစ်စိန်ကောင်မလေးတွေ ကြောင့်ပါပဲ။
ကွီးတို့အနေနဲ့ ခရီးသွားမယ်ဆိုရင် ဘယ်နေရာတွေကို ခရီးသွားသင့်တယ်လို့ ထင်ပါသလဲ။
ကမ္ဘာပေါ်မှာ လှပတဲ့ နေရာတွေမှ အများကြီးပါပဲ။ ထိုနေရာ အများကြီးထဲကမှ ကွီးတို့အတွက် အလှဆုံး နေရာအချို့ကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။
အီတလီနိုင်ငံရှိ Abruzzo
အီတလီနိုင်ငံလေးကတော့ ဗိသုကာ အနုပညာလက်ရာများ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ Abruzzo မြို့လေးဟာဆိုရင် လှပရှုမောစရာကောင်းတဲ့ သဘာဝ တောင်တန်းကြီးများ စီတန်းထားသကဲ့သို့ တည်ရှိနေပြီး လည်ပတ်လို့ကောင်းတဲ့ နေရာတစ်နေရာပဲဖြစ်ပါတယ်။ တောတောင်ရှုခင်းများ ကြိုက်နှစ်သက်သူတွေအတွက် ရွေးချယ်သင့်တဲ့ နေရာတစ်ခုပါ။
Alaska
ခိုက်ခိုက်တုန်အောင် ချမ်းအေးလှတဲ့ ရာသီဥတုကို ကိုယ်တိုင် ကြုံတွေ့ ခံစားချင်တယ်ဆိုရင်တော့ Alaska ကိုသာ သွားရောက်သင့်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားများအတွက် ရာသီဥတုများကို ကြိုတင်ခန့်မှန်းပေးထားကြောင်း Alaska ရဲ့ ခရီးသွား ဝန်ကြီးဌာနက ပြောကြားထားပါတယ်။ သို့မှသာ ခရီးသွားများအနေနဲ့ စိတ်ချလက်ချ ခရီးသွားလာနိုင်မှာဖြစ်ပါတယ်။
ဟန်ဂေရီနိုင်ငံရှိ Budapest
ဟန်ဂေရီနိုင်ငံသည်လည်း ခရီးသွားလာလို့ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Budapest ကတော့ သူ့ရဲ့ မြို့တော်ဖြစ်ပြီး လှပပြီး လည်ပတ်လို့ကောင်းတဲ့ နေရာများလည်း အများအပြားရှိပါသေးတယ်။ ဒါ့အပြင် ဝိုင်ချစ်သူများအတွက် ဝိုင်ထုတ်လုပ်ရာ နေရာဒေသများကလည်း Budapest မြို့ကို ဝိုင်းရံထားတဲ့အတွက်ကြောင့် ထိုမြို့များဆီသို့လည်း ခြေဆန့်သင့်ပါသေးတယ်။
ပြင်သစ်နိုင်ငံရှိ Burgundy
ပြင်သစ်နိုင်ငံရှိ Burgundy မြို့က ဘာ့ကြောင့် နာမည်ကြီးတယ်လို့ ထင်ပါသလဲ။ ကွီးတို့ အရင်ဆုံး မှန်းကြည့်ကြည့်ပါဦး။
သူတို့ နာမည်ကြီးရခြင်း အကြောင်းအရင်းကတော့ Burgundy ဝိုင်တွေ ကြောင့်ပဲဖြစ်ပါတယ်။ ထိုဝိုင်တွေက အကြောင်းမဲ့ နာမည်ကြီးနေရခြင်း မဟုတ်ပါဘူး။ တစ်မူထူးခြားတဲ့ ဝိုင်များကို ကမ္ဘာ့အဆင့်မှီ ထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားများက ထိုနေရာသို့ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။
စကော့တလန်နိုင်ငံရှိ Edinburgh
စကော့တလန်နိုင်ငံရှိ Edinburgh ဆိုတဲ့ နေရာလေးကတော့ လာရောက်လည်ပတ်သူများကို လွမ်းမောဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေတာပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲမှာပဲ မြင်တွေ့ရတဲ့ အဆောက်အဦးကြီးများက Edinbrugh မှာ မြင်တွေ့နိုင်ပြီး လာရောက်လည်ပတ်သူများအတွက် လည်ပတ်လို့ကောင်းတဲ့ နေရာဒေသတွေကလည်း အများကြီးပဲဆိုတော့ ဒီနေရာလေးကိုလည်း ကွီးတို့ရဲ့ Bucket List ထဲမှာ ထည့်ထားသင့်ပါတယ်။
ကွီးတို့ရဲ့ တစ်သက်တာလုံး စိတ်ချမ်းသာ ဖို့အတွက် ရည်းစားထားမလား၊ ခရီးသွား မလား။
Source: Travelandleisure
Featured Image: Freepik