ဘိုဘို လို့ နာမည်ပြောင်ရထားသူ မန်ယူနိုက်တက် တိုက်စစ်ကစားသမားကြီး ဗောက်ဗက်ဟို့စ်ဟာ မနေ့ညက အိုးထရက်ဖို့ဒ် ကွင်းထဲ ရီးယဲလ်ဘက်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ပွဲစဉ်မှာ အသင်းအတွက် (၄)ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးရင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးမှာ ဂိုးအရမ်း သွင်းယူချင်နေတဲ့ သူရဲ့ စိတ်ဆန္ဒတွေ ပြည့်ဝသွားခဲ့ရပါတယ်။

ten hag weghorst

Photo Credit : The Athletic

အသက်(၃၀)အရွယ်ရှိ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဗက်ဟို့စ်ဟာ ဒီရာသီမှာ ချန်ပီယံရှစ်ကလပ် ဘန်လေကနေ တူရကီ စူပါလိဂ်ကလပ် ဘက်ဆစ်တတ်အသင်းမှာ အငှားနဲ့ ကစားနေရင်း ဆောင်းဈေးကွက်အတွင်းမှာပဲ ဘက်ဆစ်တတ်နဲ့ အငှားစာချုပ် ဖျက်သိမ်းပြီး မန်ယူနိုက်တက်ဆီ အငှားနဲ့ပဲ ထပ်မံ ပြောင်းရွှေ့လာခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းကနေ ထွက်ခွာခွင့်ပြုပြီး ဗက်ဟို့စ်လို ကစားသမားမျိုးကို ပြန်လည် ခေါ်ယူခဲ့လို့ အသင်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ဗက်ဟို့စ်ကိုယ်တိုင်ကလည်း သူ့အရည်အသွေးတွေကို ပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။

weghorst efl cup

Photo Credit : The Mirror

ဒါပေမယ့် ဗက်ဟို့စ်က ယူနိုက်တက်အတွက် အကောင်းဆုံး ကြိုးစားအားထုတ်ပြီး ကစားပြနိုင်ခဲ့သလို နည်းပြ အဲရစ်တန်ဟက်ဂ် ကစားစေတဲ့ နေရာတိုင်းမှာပါ ကြိုးစား ကစားပေးခဲ့ရာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာပဲ သူရဲ့ ပထမဆုံးသော သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့ပါတယ်။ AZအယ်လ်ခမာ ဝုလ်ဖ်ဘတ် ဘက်ဆစ်တတ်တို့လို အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဗက်ဟို့စ်ဟာ ကစားသမားဘဝအတွင်း ဘာဆုဖလားကိုမှ မရယူနိုင်ခဲ့ဖူးသေးသူ ဖြစ်ပေမယ့်လည်း ယူနိုက်တက်ဆီ ရောက်ရှိလာချိန်မှာတော့ ပထမဆုံး ဆုဖလားအဖြစ် လိဂ်ဖလားကို စတင် ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

weghorst 1st goal

Photo Credit : Twitter

ယူနိုက်တက်အသင်းဆီ ရောက်ရှိလာမှသာ ကစားသမားဘဝအတွင်း ပထမဆုံးသော ဆုဖလားကို စတင် ပိုင်ဆိုင်ခဲ့ရတဲ့ ဗက်ဟို့စ်ဟာ ခမ်းနားလွန်းလှတဲ့ အိုးထရက်ဖို့ဒ် ကွင်းကြီးထဲမှာလည်း ပထမဆုံးအကြိမ်အဖြစ်နဲ့ သွင်းဂိုးတစ်ဂိုးကို မနေ့ညကပဲ စတင် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီအသင်းအတွက် ဒီကွင်းကြီးထဲမှာ ပထမဆုံးဂိုးကို သွင်းယူနိုင်ဖို့အတွက် ဂိုးကန်ချက်ပေါင်းစွာနဲ့ ကြိုးပမ်းခဲ့ရတဲ့ ဗက်ဟို့စ်ဟာ (၂၃)ကြိမ်မြောက် ဂိုးကန်ချက်မှပဲ သွင်းဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်သလို ဒီဂိုးအပေါ် သူ ဘယ်လောက်အထိ မျှော်လင့်ထားခဲ့ရသလဲဆိုတာလည်း သူရဲ့ အောင်ပွဲခံမှုမှာ ပေါ်လွင်နေပါတယ်။ အခုလို အိုးထရက်ဖို့ဒ်မှာ ဈေးဦးပေါက်သွားခဲ့တဲ့ ဗက်ဟို့စ် နောက်ထပ် ဂိုးတွေ ထပ်မံ ရယူသွားနိုင်ဦးမလားဆိုတာ…

Featured Photo : Squawka’s Twitter