သောမတ်စ် အယ်ဒီဆင်ကတော့ သမိုင်းတလျှောက်မှာ နာမည်ကြီးတဲ့ တီထွင်ဖန်တီးသူပဲ ဖြစ်ပါတယ်။ လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူဖြစ်သလို အသံသွင်းစက်နှင့် ရုပ်ရှင်ကင်မရာတို့ကိုလည်း တီထွင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကွီး တို့မှာလည်း သောမတ်စ် အယ်ဒီဆင် လိုမျိုးပဲ တီထွင် မှု ပါရမီ ပါလာပါတယ်။

တီထွင်ဖန်တီးမှုဆိုတဲ့နေရာမှာ ထိုတီထွင်မှုက ကြီးကြီးမားမား ဖြစ်စရာမလိုပါဘူး။ သေးငယ်တဲ့အရာဆိုပေမယ့်လည်း ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ အများအတွက်ပဲဖြစ်ဖြစ် အသုံးတည့်တယ်ဆိုရင်ပဲ အဓိပ္ပါယ် ပြီးပြည့်စုံနေပြီပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ အိမ်မှာ ဘယ်လိုပစ္စည်း ပစ္စယတွေနဲ့ တီထွင် ဖန်တီးမှုအမျိုးမျိုးကို ပြုလုပ်လေ့ရှိပါသလဲ။ ကွီးတို့အနေနဲ့ အိမ်မှာ တစ်ယောက်တည်း ပျင်းနေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးချနိုင်ပါတယ်။ အပျင်းလည်း ပြေပြီး ကွီးတို့အိမ်အတွက်လည်း ငွေကုန် ကြေးကျနည်းတဲ့ ပစ္စည်းတစ်မျိုးကို တီထွင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

သံနှင့် ပြုလုပ်ထားတဲ့ ဖောက်တံ

ကွီး တီထွင်

သစ်သားတုံးကို ပုံပါ အရွယ်အစားအတိုင်း ရအောင် ဖြတ်ထားလိုက်ပါ။

ကွီး တီထွင်

ထို့နောက် သစ်သားတုံးရဲ့ ထိပ်နားကို သံတစ်ချောင်း ထည့်ဖို့ရန်အတွက် Drill နဲ့ ဖောက်လိုက်ပါ။

ကွီး တီထွင်

ထို့နောက် သစ်သားကို ဖောက်ထားတဲ့အထဲ ထည့်ပြီးနောက် ကွေးသွားအောင် ထုရိုက်လိုက်ပါ။ သံကို သစ်သားထက် အရှေ့နည်းနည်းထွက်အောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ပုလင်းအဖုံးကို ဖောက်နိုင်မှာပါ။

ကွီး တီထွင်

ရရှိလာတဲ့ သစ်သားနှင့် သံဖောက်တံကို ကွီးတို့ စိတ်ချလက်ချ အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။

ဖုန်း Holder ပြုလုပ်နည်း

ကွီး တီထွင်

ဖုန်း Holder လေးကို ပိုက်ဆံ အကုန်အကျ မခံဘဲနဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို အသုံးပြုနိုင်ပါတယ်။

ကွီး တီထွင်

အရင်ဦးဆုံး ကိုယ့်ဖုန်း အရွယ်အစားထက် ပိုကြီးတဲ့ ဘုတ်ပြား တစ်ပြားကို ယူလိုက်ပါ။

phone holder

ထို့နောက် ပုံထဲမှာ ပြထားတဲ့အတိုင်း အစိတ်အပိုင်း ၄ ခု ဖြစ်သွားအောင် ဖြတ်ထားလိုက်ပါ။

phone holder

ထို့နောက် အခုလိုပဲ ဘောင်လေးရသွားအောင် ကပ်ထားလိုက်ပါ။

phone holder

ထို့နောက် ဖုန်းစပီကာရှိတဲ့ နေရာနားမှာ အပေါက်သေးသေးလေး ထပ်ဖောက်လိုက်ပါ။ ထို့နောက် အနောက်ကနေ ထောက်တိုင်းဖြင့် ထောက်ထားလိုက်ပါ။

phone holder

ဒါဆိုရင်တော့ ကွီးတို့ ဖုန်းအတွက် ပိုက်ဆံကုန်သက်သာမယ့် ထောက်တိုင်တစ်ခု ရရှိသွားပြီပဲ ဖြစ်ပါတယ်။

ကွီး တို့ရော ကိုယ့်ရဲ့ တီထွင် မှု ပါရမီကို ဘယ်လိုမျိုး အသုံးချလေ့ရှိပါသလဲ။

Source: Blog.365canvas

Featured Image: Freepik