များမကြာခင် ရက်ပိုင်းမှာပဲ WWE ဝါသနာရှင် ကွီးတို့ လုံးဝ လက်မလွတ်စတမ်း စောင့်ကြည့်ရမယ့် main event ပွဲကြီး လာပါတော့မယ်။ ဒါကတော့ သင်္ကြန်အချိန်သမယတိုင်း တနည်းအားဖြင့် ဧပြီလတိုင်းမှာ ကျင်းပနေကြဖြစ်သော WWE ရဲ့ Wrestlemania ပွဲကြီးဖြစ်ပြီး ဒီပွဲရဲ့ main event ဖြစ်တဲ့ Roman Reigns နဲ့ Cody Rhodes တို့ရဲ့ Undisputed WWE Universal Championship ပွဲပဲ ဖြစ်ပါတယ်။

cody

Photo Credit : WWE

လက်ရှိ WWE မှာ WWE Champion ခါးပတ်နဲ့ WWE Universal ခါးပတ်တို့ကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့တဲ့ Roman Reigns က ပြိုင်ဘက်ကောင်းတွေတိုင်းကို အနိုင်ယူပြီး လက်ရှိအချိန်ထိ သူရဲ့ ချန်ပီယံဆုကို ဘယ်သူ့ဆီမှ အပါမခံနိုင်သေးပဲ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ သူ ရင်ဆိုင်ရတော့မယ့် Cody Rhodes ကတော့ သူ Roman လုံးဝကို မရင်ဆိုင်ဖူးသေးတဲ့ ဖိုက်တာတစ်ဦး ဖြစ်ပြီး AEW ကနေ WWE ဆီကို ပြန်ရောက်လာခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

cody rhodes

Photo Credit : Pro Wrestling Torch

Cody Rhodes ဟာ ပြီးခဲ့တဲ့နှစ် Wrestlemaina တုန်းက Roman Reigns ရဲ့ Shields အဖွဲ့ဝင်ဟောင်း Seth Rollins ရဲ့ ပြိုင်ဘက်အဖြစ် ပြန်လည် ပေါ်လာခဲ့တာဖြစ်ပြီး သူရဲ့ WWE ပြန်လည် တာထွက်တဲ့ ပွဲစဉ်မှာပဲ Seth Rollins ကို အနိုင်ယူခဲ့ပါတယ်။ ၂၀၂၂ခုနှစ် Wrestlemaina ပြီးဆုံးချိန်ကတည်းက Seth Rollins နဲ့ပဲ တောက်လျှောက် ယှဉ်ပြိုင်နေခဲ့ရတဲ့ Cody Rhodes က Seth Rollins နဲ့ Hell in a Cell ပွဲစဉ်အပြီးမှာ သူရဲ့ ဒဏ်ရာကို ခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့လိုက်ရပြီး ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် (၉)လ နီးပါးလောက်အထိ အနားယူခဲ့ရပါတယ်။

cody vs roman

Photo Credit : WhatCulture

အနားယူပြီးချိန်မှာ Cody Rhodesက ၂၀၂၃ခုနှစ်ရဲ့ Royal Rumble ပွဲမှာ ပါဝင်ကစားမယ်လို့ အသိပေးခဲ့ပြီး 2023 Royal Rumble Winner ပါ ဖြစ်လာခဲ့တဲ့အတွက် Wrestlemaina မှာ Roman Reigns နဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ရပါတယ်။ Roman Reigns ဟာ John Cena ၊ Brock Lesnar ၊ Goldberg တို့လို ထိပ်သီးပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ပြီး သူကိုယ်တိုင် အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့်ရော သူရဲ့ တူတော်မောင်တွေဖြစ်တဲ့ The Usos နဲ့ Solo တို့ရဲ့ အကူအညီကြောင့်ပါ အခုအချိန်ထိ ခါးပတ်နှစ်ခုလုံးကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် Wrestlemaina မှာတော့ Roman Empire ကို Cody Rhodes က သေချာပေါက် ဖျက်ဆီးပစ်ဖွယ် ရှိနေပြီး Roman ရဲ့ စံချိန်ကိုလည်း ရပ်တန့်ပစ်ဖွယ် ရှိနေပါတယ်။

Featured Photo : Youtube