သင့်ရဲ့ Sex Life အပြောင်းအလဲဟာ လိင်စိတ်ဆန္ဒနဲ့ လိင်အင်္ဂါ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိပါတယ်။ လေ့လာမှုတွေအရ အချိန်ကြာမြင့်စွာ လိင်မှုကိစ္စနဲ့ ဝေးကွာနေတဲ့ ယောကျာ်း တွေမှာ လိင်အင်္ဂါ ကမောက်ကမဖြစ်မှု အပါအဝင် တခြားသော ဆိုးကျိုးသက်ရောက်မှုတွေအများကြီးကို ဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ သဘာဝနဲ့ဆန့်ကျင်ပြီး အချစ်နဲ့နေဝေးတာဟာ ကျွန်တော်တို့ ယောကျာ်းလေးတွေအတွက်တော့ ရှော့ခ်ရှိတယ်လို့ ပြောရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ အချိန်အကြာကြီး လိင်မှုကိစ္စ/လိင်ဆက်ဆံခြင်း မပြုတာဟာ အမျိုးသားတို့ရဲ့ ကျားကျန်းမာရေးအပေါ် ဘယ်လို ဆိုးကျိုးသက်ရောက်စေနိုင်လဲဆိုတာ ပြောပြပေးပါမယ်။

(၁) လိင်အင်္ဂါကြွက်သားတွေကို အားနည်းလာစေတယ်

Cucumber

Photo : Sleep and Wellness Medical Associates

ခန္ဓာကိုယ်မှာရှိတဲ့ အခြားသော ကြွက်သားအစိတ်အပိုင်းတွေလိုပါပဲ လိင်အင်္ဂါကြွက်သားတွေဟာလည်း လှုပ်ရှားမှု လေ့ကျင့်ခန်းတချို့ လုပ်ပေးဖို့ လိုပါတယ်။ ဆန့်ကျင်ဘက် ပါတနာနဲ့ ဆက်ဆံခြင်းဖြစ်စေ ၊ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြစ်စေ ဒါတွေဟာ လိင်အင်္ဂါကြွက်သားတွေအတွက် လေ့ကျင့်ခန်းလုပ်ပေးခြင်း ဖြစ်ပါတယ်။ လိင်အင်္ဂါကြွက်သားတွေကို ပုံမှန်လေ့ကျင့်ခန်း မလုပ်ဘူးဆိုရင် လိင်တံတစ်ရှူးတွေစီကို သွေးစီးဆင်းမှု လျော့နည်းစေပြီး အချိန်ကြာလာတာနဲ့အမျှ လိင်အင်္ဂါမသန်စွမ်းတာ ၊ လိင်အင်္ဂါထောင်မတ်နိုင်စွမ်း လျော့ကျတာတွေ ဖြစ်လာနိုင်ပါတယ်။

(၂) ပန်းသေပန်းညို ဖြစ်နိုင်ခြေရှိတယ်

erectile dysfunction

Photo : Samitivej Hospital

လိင်ဆက်ဆံမှုလုံးဝမရှိတဲ့ ယောကျာ်း လေးတွေ သို့မဟုတ် လိင်မှုကိစ္စနဲ့ အထိအတွေ့ နည်းပါးတဲ့ အမျိုးသားတွေဟာ ပုံမှန်လိင်မှုကိစ္စ ရှိသူတွေနဲ့ ယှဉ်ပါက လိင်အင်္ဂါမသန်စွမ်းမှု ၂ ဆ ပိုဖြစ်နိုင်ခြေရှိတယ်လို့ လေ့လာမှုများစွာက ဖော်ပြထားပါတယ်။ သို့သော်လည်း အမျိုးသားတစ်ယောက်ဟာ လိင်ဆက်ဆံမှု လုံးဝမရှိရုံနဲ့ပဲ သေချာပေါက် ပန်းသေပန်းညိုး ဖြစ်လာမယ်လို့ ဆိုလိုခြင်းမဟုတ်တာကိုတော့ နားလည်ထားရပါမယ်။ လိင်အင်္ဂါမသန်စွမ်းမှု ပိုဖြစ်နိုင်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ ပန်းသေပန်းညိုပြဿနာပါ ဖြစ်လာနိုင်ခြေရှိတာ ဖြစ်ပါတယ်။

(၃) လိင်စိတ်နည်းပါးလာနိုင်တယ်

Decreased Libido

Photo : Elektra Health

သေချာပါတယ် လိင်မှုကိစ္စနဲ့ အချိန်အကြာကြီး ဝေးကွာနေမယ်ဆိုရင် Libido လိင်စိတ်ပါ နည်းပါးလာပါလိမ့်မယ်။ Libido လျော့ကျတာဟာ လိင်ဆက်ဆံမှုမရှိခြင်းရဲ့ ပုံမှန်ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်ပြီး တက်စတိုစတီရုန်းခေါ် ကျားဟော်မုန်း လျော့နည်းခြင်းကြောင့် ဖြစ်ပါတယ်။ သတင်းကောင်းအနေနဲ့တော့ လိင်မှုကိစ္စနဲ့ ပြန်ပြီး အထိအတွေ့အဆက်စပ်ရှိလာတာနဲ့ Libido ပြန်တက်လာမှာ ဖြစ်ပါတယ်။

(၄) ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်တယ်

Prostate Cancer
Photo : Siteman Cancer Center

လိင်မှုကိစ္စနဲ့ဝေးတာ သို့မဟုတ် လိင်ဆက်ဆံခြင်းမရှိတာရဲ့ အကျိုးဆက်တစ်ခုကတော့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို ပိုများစေတာဖြစ်ပါတယ်။ သုတေသီတွေကတော့ ပုံမှန် သုတ်လွှတ်လေ့ရှိတဲ့ ယောကျာ်း လေးတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။ ဒါကြောင့် အချိန်အတော်ကြာ လိင်မှုကိစ္စနဲ့အထိအတွေ့ မရှိတော့တာ ၊ သုတ်လွှတ်မှုလုံးဝမရှိတဲ့အခြေအနေတွေဟာ ဆီးကျိတ်ကင်ဆာကို ဖိတ်ခေါ်နေခြင်းလို့ဆိုရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် လိင်ဆက်ဆံခြင်း ဒါမှမဟုတ် တစ်ကိုယ်ရည်အာသာဖြေခြင်းတွေဟာ လိင်အင်္ဂါကျန်းမာရေးနဲ့ ကျားကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာပါပဲ။ ပုံမှန် လိင်ဆက်ဆံမှုရှိတာဟာ သင့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အတိုင်းအတာတစ်ခုအထိ ကောင်းကျိုးပြုနိုင်ပြီး လိင်စိတ်နည်းပါးခြင်း ၊ လိင်တံအရွယ်အစားကျုံ့ခြင်း ၊ လိင်အင်္ဂါကမောက်ကမဖြစ်ခြင်းအပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

Featured Photo : Flo Health