ချီလီ လက်ရွေးစင် တောသားကြီး အလက်ဆစ် ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းက သူ့ကို မန်ချက်စတာ ကလပ်အသင်း နှစ်သင်းက ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ဖူးပြီး ဆန်းချက်ဇ် ကိုယ်တိုင်ကလည်း သူ့ဆရာဟောင်း ဂွာဒီယိုလာရှိရာ စီးတီးကို ပြောင်းရွှေ့ချင်ခဲ့ပေမယ့် အဲ့ဒီအချိန်က မန်ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟို က သူ့ကို ကျောနံပါတ်တစ်ခုနဲ့ သွေးဆောင် ကမ်းလှမ်းခဲ့တယ်လို့ ဆန်းချက်ဇ်ကိုယ်တိုင် ပြောဆိုလာခဲ့ပါတယ်။

sanchez

Photo Credit : The Sun

အာဆင်နယ်ကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်အသင်း ခေါ်ယူခဲ့တဲ့ ကစားသမား ခေါ်ယူမှုတွေ တစ်လျှောက်လုံးမှာ အကြီးမားဆုံး ဂျင်းကြီး ဖြစ်ခဲ့ရတဲ့ ဆန်းချက်ဇ် ဟာ တကယ်တော့ အာဆင်နယ်ကနေ ယူနိုက်တက်ဆီ မပြောင်းရွှေ့ခင်မှာ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့ပါသေးတယ်။ ဒီအကြောင်းတွေကို ဆန်းချက်ဇ်က ပြန်ပြောင်း ပြောဆိုသွားခဲ့ပါတယ်။

mourinho sanchez

Photo Credit : The Sun

“ကျွန်တော်က စီးတီးကို သွားခါနီးပါပြီ။ ကျွန်တော်က ဂွာဒီယိုလာနဲ့လည်း နေ့တိုင်း စကားပြောဖြစ်ပါတယ်။ သူက ကျွန်တော့်ကို မွေးနေ့ ဆုတောင်းစကားလည်း ပြောခဲ့သေးတယ်။ သူက ကျွန်တော့်အတွက်ဆို အဖေတစ်ယောက်လိုပါပဲ။ ဘာစီလိုနာမှာတုန်းကဆိုရင် ကျွန်တော်နဲ့ သူက သားအဖတွေလိုပဲ။ စီးတီးမှာဆိုရင်လည်း ဒီလို ဆက်ဆံရေးမျိုးရှိမှာ သေချာပါတယ်။ ကျွန်တော်တို့ စကားပြောဖြစ်တယ်။ နေ့တိုင်းလည်း ပြောဖြစ်တယ်။ သူက ကျွန်တော့်ကို မက်ဆေ့ချ်လည်း ပို့တယ်။ စီးတီးကို ပြောင်းရွှေ့ဖို့ကလည်း အဆင့်သင့် ဖြစ်နေပါပြီ။ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာမယ့် ကစားသမားတစ်ယောက်လည်း ရှိနေပါတယ်”

sanchez pep

Photo Credit : The Sun

“အဲ့ဒီနောက်မှာတော့ ဝင်းဂါးက ကျွန်တော့်ကို အသင်းက ထွက်မသွားရဘူးလို့ ပြောလာတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်ဆီ ပြောင်းလာမယ့် ကစားသမားက ပြောင်းလာဖို့ မရှိသလို အဲ့ဒီအသင်းကလည်း သူတို့ ကစားသမားကို ရောင်းချဖို့ ဆန္ဒမရှိသလိုတွေ လုပ်လာတယ်။ ရုတ်တရက်တော့ ဖုန်းက ထမြည်လာတယ်။ မော်ရင်ဟိုက ကျွန်တော့်ကို ဖုန်းခေါ်လာတာ။ အလက်ဆစ်ရေ ဒီမှာ မင်းအတွက် ကျောနံပါတ်(၇) ရှိနေတယ်ဆိုပြီး ပြောလာခဲ့တယ်” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : The Sun