နည်းပညာမြင့် ပစ္စည်း တွေဟာ ကျွန်တော်တို့ လူသားတွေရဲ့နေ့စဉ်ဘဝကို တစ်ဖက်တစ်လမ်းက ပိုမိုလွယ်ကူအဆင်ပြေအောင် ကူညီပေးနေပါတယ်။ အခုဆိုရင် နည်းပညာအသစ်အဆန်းတွေ ဆန်းသစ်တီထွင်လာတာနဲ့အမျှ တစ်နှစ်ထက်တစ်နှစ် ပိုလန်းပိုမိုက်တဲ့ Smart Devices တွေ ၊ ဉာဏ်ရည်မြင့် Gadgets တွေလည်း အမျိုးမျိုးကို ပေါ်ထွက်လာနေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အလန်းလွန် အလွန်လန်းတဲ့ ထူးထူးခြားခြား နည်းပညာမြင့် ပစ္စည်းတွေကို ပြောပြပေးပါမယ်။
(၁) Transparent Speaker

Photo : Selectedd.hr
သီချင်းတွေကြိုက်နှစ်သက်တဲ့ ကွီးတို့အနေနဲ့ Speaker ကောင်းကောင်းတစ်လုံး ရှာနေတယ်ဆိုရင်တော့ ဒီဇိုင်းကွာလတီ ရွေးချယ်စရာအများကြီးရှိတဲ့အထဲကမှ မြင်လိုက်တာနဲ့ လုံးဝ Wow ကနဲ ဖြစ်သွားစေမယ့် Speaker တစ်လုံး ရှိပါတယ်။ ဒါကတော့ Transparent Speaker ပါ။ ထိုးဖောက်မြင်နိုင်တဲ့ ဒီဇိုင်းနဲ့ အရိုးရှင်းဆုံးတည်ဆောက်ထားပြီး လုံးဝကိုထူးခြားဆန်းသစ်တဲ့ ခံစားမှုဖီလင်ကိုပေးမယ့် အလန်းစား Speaker တစ်လုံး ဖြစ်ပါတယ်။
(၂) Guinness Nitrosurge

Photo : British GQ
ဆရာကျကျ ဘီယာမငှဲ့တက်ရင် Guinness Nitrosurge ဝယ်ထားဖို့ လိုပါတယ်။ ဒီ ပစ္စည်း လေးက ဘီယာဗူးပေါ်မှာ တပ်ဆင်ပြီး အသုံးပြုရတဲ့ နှုတ်သီးပါ ဘီယာငှဲ့တဲ့ အသေးစား ဂေါက်တံလေးပါ။ လက်တဆုပ်ပဲရှိလို့ အိမ်မှာဖြစ်ဖြစ် ၊ ခရီးသွားတဲ့အခါမှာပဲ ဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်ပြီး အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။
(၃) Logitech Litra Glow

Photo : CNET
Logitech ကထုတ်တဲ့ Litra Glow လို့ခေါ်တဲ့ Device လေးကတော့ Video Conferencing တွေ ၊ Zoom Calls တွေ နေ့စဉ်ထိတွေ့အသုံးပြုနေရတဲ့ ရုံးသမား ၊ ကျောင်းသားတွေနဲ့ Streamer တွေအတွက် တော်တော်လေးကို အသုံးဝင်တဲ့ ပစ္စည်း တစ်ခုဖြစ်ပါတယ်။ ဒီပစ္စည်းလေးက ဗီဒီယိုထဲမှာ ရုပ်သံကိုပိုမိုကြည်လင်ပြတ်သားမှုရှိအောင် Lighting ကောင်းကောင်း ထောက်ပံ့ပေးပြီး ကိုယ့်အသားအရေအရောင်နဲ့ ကိုက်ညီတဲ့ Brightness နဲ့ Colour Temperatures တွေကိုလည်း ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။
(၄) Dodow Sleep Aid Device
Photo : Autonomous
ညဘက်အိပ်ပျော်ရခက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကွီးတို့ ဝယ်သင့်တဲ့ ပစ္စည်း လေးပါ။ Dodow Sleep Aid Device က ရိုးရှင်းတဲ့ နည်းပညာကိရိယာလေး တစ်ခုဖြစ်ပြီး အသက်ရှုသွင်း ၊ ရှုထုတ်မှုအလိုက် အာရုံရှုမှတ်ခြင်းဖြင့် စိတ်ကိုငြိမ်သက်အေးချမ်းစေပြီး မြန်မြန်အိပ်ပျော်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။
Featured Photo : Dezeen

