၂၀၂၂-၂၀၂၃ ဘောလုံးရာသီဟာလည်း အဆုံးသတ်လုနီးပါး ဖြစ်လာခဲ့ရပါပြီ။ ဒီအချိန်မှာ တချို့သော ကလပ်အသင်း တွေက ဒီရာသီအတွင်းမှာပဲ နည်းပြ အပြောင်းအလဲတွေကို အကြိမ်ကြိမ် ပြောင်းလဲခဲ့ရတဲ့ အသင်းတွေ ရှိခဲ့ပါတယ်။ ဒီအသင်းတွေကို ဖော်ပြပေးသွားချင်ပါတယ်။
ချဲလ်ဆီး
Photo Credit : The Royal Gazette
ချဲလ်ဆီးအသင်းကတော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို သောမတ်စ်တူဟယ်လ်နဲ့ စတင်ခဲ့ပြီး ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အပြီးမှာပဲ တူဟယ်လ်ကို ထုတ်ကာ ဂရေဟမ်ပေါ်တာနဲ့ အစားထိုးခဲ့ပေမယ့် အခုတော့ ပေါ်တာပါ out သွားခဲ့ရပြန်ပြီ ဖြစ်ပါတယ်။
ဆီဗီလာ
Photo Credit : Estadio Deportivo
လာလီဂါကလပ် ဆီဗီလာကလည်း စပိန်နည်းပြ လိုပက်တယ်ဂီနဲ့ ဒီရာသီကို စတင် ဖြတ်သန်းခဲ့ပေမယ့် သူ့လက်ထက်မှာ ရလဒ်တွေ မကောင်းလို့ ဆမ်ပါအိုလီနဲ့ ပြောင်းလဲလိုက်ရာ ဆီဗီလာက ပိုဆိုးသွားခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဆမ်ပါအိုလီကိုပါ ပြန်ထုတ်ကာ မန်ဒီလီဘာနဲ့ ထပ်မံ အစားထိုးခဲ့ရပြန်ပါတယ်။
ဆောက်သမ်တန်
Photo Credit : talkSPORT
ဒီရာသီမှာ ပရီးမီးယားလိဂ်ကို တာ့တာပြသွားရနိုင်တဲ့ ဆောက်သမ်တန်အသင်းဟာလည်း ချဲလ်ဆီး ဆီဗီလာတို့လို နည်းပြ(၃)ဦးထိ အပြောင်းအလဲ ဖြစ်ထားခဲ့ရပြီး ဒုတိယမြောက် နည်းပြ နေသန်ဂျုံးစ်ဆိုရင် (၁၄)ပွဲသာ ကိုင်တွယ်ခဲ့ရပါတယ်။ လက်ရှိကတော့ ရူဘင်ဆဲလ်လက်စ်က ယာယီနည်းပြအဖြစ် တာဝန်ယူထားပါတယ်။
အန်ဂါစ်
Photo Credit : La Parisian
ဆောက်သမ်တန်နဲ့ ဘဝတူလို့ ဆိုနိုင်ပေမယ့် ဆောက်သမ်တန် အခြေအနေ ပိုဆိုးတဲ့ အန်ဂါစ်ကလည်း ဒီရာသီအတွင်းမှာ နည်းပြ (၃)ကြိမ်အထိ အပြောင်းအလဲ လုပ်ထားခဲ့ပေမယ့် ဘယ်လိုမှကို အခြေအနေ မကောင်းသေးလို့ စတုတ္ထမြောက်နည်းပြပါ ရှာထားရဖွယ် ရှိနေပါပြီ။
ဗီရိုနာ
Photo Credit : The Mirror
ဒီ စီးရီးအေကလပ်က အန်ဂါစ် ဆောက်သမ်တန်တို့လို ဇယားအောက်ဆုံး ရောက်နေတာ မဟုတ်ပေမယ့်လည်း တန်းဆင်းဇုန်ထဲမှာသာ ရှိနေတဲ့ အသင်းဖြစ်ပြီး နည်းပြတွေ (၃)ဦးအထိ ပြောင်းလဲထားတာတောင် အသင်းရဲ့ အခြေအနေက တိုးတတ်မှု မရှိသေးပဲ ရုန်းကန်နေရပါတယ်။
Featured Photo : Evening Standard