အခုနှစ် ဘောလုံးရာသီရဲ့ Final El Clasico ပွဲကိုတော့ ဒီနေ့ည(မနက်ဖြန်အစောပိုင်းတစ်နာရီခွဲ)မှာ ကြည့်ရှု ခံစားသွားရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်က ကိုပါဒယ်ရေး ဖိုင်နယ်အဆင့်ဆီ တတ်ရောက်နိုင်မယ့် အသင်းကို အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲစဉ်လည်း ဖြစ်နေတာကြောင့်မို့ လုံးဝကို အကြိတ်အနယ်ဖြစ်မှာလည်း သေချာနေပါတယ်။

el clasico

Photo Credit : Sportzpoint

ဒီရာသီရဲ့ စပိန် လာလီဂါပြိုင်ပွဲအတွင်း ဘာစီလိုနာ နဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ အားပြိုင်မှုမှာ ဇယားထိပ်က ဘာစီလိုနာက ရီးယဲလ်ထက် (၁၂)မှတ်အထိတောင် ဖြတ်တောက်ထားလိုက်နိုင်တာကြောင့် လာလီဂါဖလားအတွက် ပြိုင်ဆိုင်မှုက အဆုံးသတ်ရပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်းအနေနဲ့ ဒီရာသီအတွက် နောက်ဆုံး ပြိုင်ဆိုင်စရာဆိုလို့ ကိုပါဒယ်ရေးဖလားသာ ရှိနေတော့ပြီး ဒီပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အတွင်းမှာလည်း ဘာစီလိုနာကပဲ (0-1)နဲ့ အနိုင်ရထားလို့ နူးကမ့်မှာ ကစားရမယ့် ဒုကျော့ပွဲက ရီးယဲလ်အတွက် အလွန် အရေးပါနေရပါတယ်။

barca vs real

Photo Credit : The Mirror

ရီးယဲလ်အနေနဲ့ ဒီရာသီမှာ စပိန်စူပါဖလားမှာရော လာလီဂါဘက်မှာပါ ဘာစီလိုနာအသင်းကို မယှဉ်နိုင်တော့ပဲ ဆက်တိုက် ရှုံးနိမ့်ထားခဲ့ရတာမို့ အခု ကိုပါဒယ်ရေးဘက်မှာပါ ထပ်ပြီး အရှုံးပေးရမယ်ဆိုရင် သူတို့ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာကို ပြည်တွင်း ပြိုင်ပွဲ(၃)ခုလုံးမှာ အရေးနိမ့်ရသလို ဖြစ်သွားပါလိမ့်မယ်။ ဘာစီလိုနာ နဲ့ ရီးယဲလ်တို့ဟာ ပြီးခဲ့တဲ့ မတ်လ(၂၀)ရက်နေ့ကမှ လာလီဂါပွဲစဉ်အဖြစ် နူးကမ့်မှာပဲ တွေ့ဆုံထားခဲ့ပြီး အိမ်ရှင် ဘာစီလိုနာအသင်းက ကွင်းလယ်လူ ကတ်ဆေးရဲ့ နောက်ကျဂိုးနဲ့ နိုင်ပွဲရယူကာ ရီးယဲလ်ကို (၁၂)မှတ် ဖြတ်တောက်နိုင်ခဲ့ပါတယ်။

real

Photo Credit : CBS Sports

အခုပွဲစဉ်ကတော့ ဘာကာ နဲ့ ရီးယဲလ်တို့ ဒီရာသီမှာ ပဉ္စမအကြိမ်မြောက်အဖြစ် ဆုံတွေ့ကြမှာ ဖြစ်သလို နောက်ဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်နေတဲ့အပြင် ဘာစီလိုနာကပဲ ပြည်တွင်း ပြိုင်ပွဲတွေမှာလည်း လွှမ်းမိုးသွားနိုင်မလား ဆိုတာကိုပါ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရီးယဲလ်က ဒီရာသီအတွင်း ဘာစီလိုနာနဲ့ (၄)ကြိမ်ထိ တွေ့ဆုံထားရာမှာ (၁)ကြိမ်သာ အန်ိုင်ရခဲ့ပြီး ဘာစီလိုနာက ကျန်တဲ့ (၃)ကြိမ်လုံး အနိုင်ရထားတာမို့ ဒီတစ်ကြိမ် ထိပ်တိုက် ရင်ဆိုင်မှုက ရီးယဲလ် ပြန်နိုင်သွားမလား ဒါမှမဟုတ် ဘာစီလိုနာပဲ အနိုင်ရမလားဆိုတာ…

Featured Photo : The Analyst