ကွီးတို့ရဲ့ လက်တွဲဖော်နှင့် Relationship သက်တမ်းက ရက် ၃၀ ပဲကြာကြာ၊ အနှစ် ၃၀ ပဲကြာကြာ နှစ်ဦးသားရဲ့ Sex Life နဲ့ ပတ်သက်လာရင် အနည်းနဲ့ အများနဲ့ ပူပန်စိုးရိမ်တာတွေ ရှိကြမှာပါပဲ။ ဖဲမွေ့ယာ ထက်မှာ တူနှစ်ကိုယ် အပြည့်အဝ ပျော်မြူးဖို့လည်း လိုအပ်သလို တစ်ယောက်နဲ့ တစ်ယောက် အပေးအယူမျှကာ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိဖို့လည်း လိုအပ်ပါတယ်။
ဒီလိုမျိုး ဖဲမွေ့ယာ ထက်မှာ တူနှစ်ကိုယ် အပြည့်အဝ ကြည်နူးဖို့ဆိုရင် တစ်ယောက်ကို တစ်ယောက် ရှက်ကြောက်နေလို့ မရပါဘူး။ ရှက်ကြောက်နေမယ်ဆိုရင်တော့ စိတ်ကျေနပ်မှု အပြည့်အဝရဖို့ ဝေးစွ၊ ဘာမှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အခုဖော်ပြပေးမယ့် အချက်များကို နှစ်ဦးသားစလုံး ကျင့်သုံးဖို့ လိုအပ်ပါတယ်။
နှစ်ဦးသား ပွင့်ပွင့်လင်းလင်း ပြောဆိုပါ
လူသားတိုင်းမှာ သဘာဝအလျောက် လိင်စိတ်တပ်မက်မှုဆိုတာ ရှိကြပါတယ်။ ကျနော်တို့သည် အသိဥာဏ် မြင့်မားသူများဖြစ်တဲ့ အားလျော်စွာ ဆန္ဒကို သိက္ခာနဲ့ ထိန်းတတ်ကြပါတယ်။ ဟုတ်ပါတယ်။ လူ့ပတ်ဝန်းကျင်မှာ ထိန်းသိမ်းစောင့်ရှောက် လိုက်နာရမယ့် အရာများစွာ ရှိပါတယ်။ သို့သော် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ကိုယ်နဲ့အကြားက ဘယ်ကိစ္စမဆို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှသာလျှင် တစ်ယောက်က ဘာလိုချင်သလဲ၊ အခြားတစ်ယောက်ရဲ့ စိတ်သဘောဆန္ဒကရော ဘာလဲဆိုတာကို သိရှိမှာဖြစ်ပါတယ်။ အရှက် အကြောက်ကြီးပြီး လျှို့ဝှက်ချက်တွေ များနေမယ်ဆိုရင်တော့ နှစ်ဦးသားရဲ့ Relationship သည် ဘယ်လိုမှ သာယာနိုင်မှာမဟုတ်ပါဘူး။ ဒီအချက်သည် အိပ်ရာထက်က ကိစ္စအတွက်ရော၊ နှစ်ယောက်ကြားက ဆက်ဆံရေးအတွက်ပါ အကျုံးဝင်ပါတယ်။
ဟန်မဆောင်ပါနဲ့
တစ်ယောက်ရဲ့ စိတ်မှာ ထိခိုက်ဒဏ်ရာရသွားမှာစိုးလို့ဆိုပြီး ဟန်ဆောင်ခြင်းသည်လည်း ရေရှည်အတွက် မကောင်းပါဘူး။ ကိုယ်ကတော့ ဒီအနေအထားဆို အဆင်မပြေဘူး၊ အချိန် ဘယ်လောက်အတိုင်းအတာတစ်ခုထိမှ ကျေနပ်တယ် စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။ တစ်ဖက်လူမှ အားနည်းချက်ရှိတယ်ဆိုရင်လည်း ကိုယ့်ဘက်က ဟန်ဆောင်ပြီး ဖုံးကွယ်ပေးတာထက်စာရင် ကိုယ့်ဘက်က သူ့အတွက် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို စဥ်းစားရမှာပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ တစ်ဖက်လူ သိမ်ငယ်စိတ် ဝင်သွားအောင်လို့ သူ့ရဲ့ အားနည်းချက်ကို နင်းကန်ပြီး ပြောဆိုတာမျိုး မလုပ်ရပါဘူး။
အချိန်ယူဖို့ မမေ့ပါနဲ့
နှစ်ယောက်သား နှစ်ပါးသွားကဖို့ဆိုရင် နှစ်ယောက်စလုံးက ရယ်ဒီဖြစ်နေဖို့ လိုအပ်ပါတယ်။ နှစ်ယောက်စလုံးအတွက် ပထမဦးဆုံး အတွေ့အကြုံဆိုရင်လည်း မိန်းကလေးဘက်က ရယ်ဒီဖြစ်တဲ့အချိန်အထိ စောင့်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အစပြုတော့မယ်ဆိုရင် သူ(မ)ဘက်က စိတ်ပါလာအောင် ကိုယ့်ဘက်က လှုံဆော်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ မနာမကျင်ရဘဲနဲ့ နှစ်ဦးသားစလုံး စိတ်ကျေနပ်မှု အပြည့်အဝ ရရှိမှာဖြစ်ပါတယ်။
ပြီးသွားတဲ့အချိန်သည်လည်း အရေးကြီးပါတယ်
ကိစ္စဝိစ္စအားလုံး ပြီးသွားတဲ့အခါ ခြေကုန်လက်ပန်းကျကာ မောပြီး အိပ်ပျော်သွားတာမျိုး၊ သူ(မ) အနားက ချက်ချင်း ထွက်သွားတာမျိုးတွေ မပြုလုပ်သင့်ပါတယ်။ ဒီလိုဆိုရင် နှစ်ဦးသားအချင်း စိတ်ချင်းဆက်နွယ်မှုသည် အားနည်းသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိစ္စအားလုံး ပြီးသွားတဲ့အခါ တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာ ပွေ့ဖက်ထားပြီး စကားစမြည် ပြောပေးဖို့လည်း လိုအပ်ပါတယ်။
Timing ကိုက်ဖို့ လိုပါတယ်
စိတ်ဖိစီးမှု များနေချိန်မှာ နှစ်ပါးသွားကဖို့ကို ဘယ်လိုမှ စိတ်ပါနိုင်မှာမဟုတ်တာ အသေအချာပါပဲ။ ကိုယ့်အနေနဲ့ ကိုယ့်ရဲ့ ဆန္ဒကိုပဲ ရှေ့တန်းမတင်သင့်ဘဲ နှစ်ဦးနှစ်ဖက်စလုံး အခြေအနေကို တွက်ကြည့်ပြီးမှ လုပ်ငန်းစသင့်ပါတယ်။ နေမကောင်းဖြစ်နေတဲ့အချိန်၊ အလုပ်များလို့ ပင်ပန်းစွာ စောစောစီးစီး အိပ်ပျော်သွားချိန်၊ စိတ်ဖိစီးမှု များနေချိန်တို့မှာ ကိုယ့်ဘက်က နားလည်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် Timing ကိုက်ဖို့သည်လည်း ထည့်သွင်းစဥ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အချက်တွေကို စိတ်ဝင်တစားနဲ့ ဖတ်သွားတဲ့ ကွီးတို့မှာရော နှစ်ပါးသွားကဖို့ ရှော်တီလေး ရှိရဲ့လား။
Source: Healthline
Featured Image: Freepik