ကိုယ့်ထက် အသက်ငယ်တဲ့ ကလေးတွေက ဆော်လေးတွေ တစ်ဗွေပြီး တစ်ဗွေ တွဲနေပေမယ့် ကိုယ့်မှာတော့ မွေးကတည်းက FA ဘဝကနေ မကျွတ်နိုင်တဲ့ကွီးတို့ ရှိပါသလား။ ဆော်ကြည်ဘဲတစ်ဗွေ ဖြစ်ချင်တဲ့ ညိုကီ တို့အတွက် တော်ကီကောင်းခြင်းသည်လည်း လျှို့ဝှက်ချက် တစ်ခုဖြစ်သလို ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အားကိုးချစ်စရာဖြစ်အောင် ပြုလုပ်ခြင်းသည်လည်း လျှို့ဝှက်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။

တော်ကီကောင်းဖို့ကိုလည်း ကွီးတို့အနေနဲ့ ကြိုးစားနိုင်သလို ဘော်ဒီတောင့်ဖို့ကိုလည်း လေ့ကျင့်ခန်းတွေ ပြုလုပ်ရင်း ကြိုးစားနိုင်ပါတယ်။

ဘော်ဒီတောင့်ပြီး စကီလေးတွေ ကြွေဖို့အတွက် ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

လေ့ကျင့်ခန်း (၂)

ကွီးတို့အားလုံးနဲ့ ရင်းနှီးပြီးသား Push-Up လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ ဆော့ရမယ့် အကြိမ်ရေကတော့ စုစုပေါင်း ၆ ကြိမ်မှ ၁၂ ကြိမ်အထိ၊ ၃ ကျော့မှ ၆ ကျော့အတွင်း ဆော့ကစားနိုင်ပါတယ်။

လေ့ကျင့်ခန်း (၂)

လေ့ကျင့်ခန်း (၂)

Burpee လေ့ကျင့်ခန်းကတော့ ကွီးတို့ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများကို တောင့်တင်းသန်မာလာအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ၁ မိနစ်အတွင်းမှာ ၆ ကြိမ် ပြည့်အောင် ဆော့ကစားပါ။ စုစုပေါင်း ၁၅ ကြိမ် ပြည့်အောင် ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

ညိုကီ လျှို့ဝှက်ချက်

ဝမ်းဗိုက်ကြွက်သားများ ကျစ်လျစ်သန်မာချင်တဲ့ ကွီးတို့အတွက် Plank ထောက်ခြင်း လေ့ကျင့်ခန်းသည်လည်း မပါမဖြစ်ပါပဲ။ သူ့ကိုတော့ ၁ မိနစ်၊ ၃ ကျော့ ကစားပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ညိုကီ လျှို့ဝှက်ချက်

ကွီးတို့ရဲ့ လက်မောင်းကြွက်သားများကို သန်မာလာစေဖို့ ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ်၊ ၂ ကျော့ ကစားပေးရမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၅)

ညိုကီ လျှို့ဝှက်ချက်

Source: Menshealth

ပုံမှာ ပြထားတဲ့အတိုင်း အရင်ဦးဆုံး မတ်တပ်ရပ်နေပါ။ ထို့နောက် အရှေ့သို့ တဖြည်းဖြည်းချင်းစီ တိုးကာ လေ့ကျင့်ခန်း ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၆)

ညိုကီ လျှို့ဝှက်ချက်

Source: Menshealth

ဒီလေ့ကျင့်ခန်းကိုတော့ တစ်ဖက်လျှင် ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကွီးတို့ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများနှင့် အထူးသဖြင့် ခြေထောက်ကြွက်သားများကို သန်မာလာအောင် ကူညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း (၇)

ညိုကီ လျှို့ဝှက်ချက်

Source: Menshealth

ဒီလေ့ကျင့်ခန်းရဲ့ နာမည်ကတော့ Lunge လို့ ခေါ်ပြီး ကွီးတို့ရဲ့ ခြေသလုံးနှင့် ပေါင်ကြွက်သားများကို သန်မာလာအောင် ကူညီပေးပါတယ်။ သူတို့ကိုတော့ တစ်ဖက်လျှင် ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၈)

ညိုကီ လျှို့ဝှက်ချက်

Squat ထိုင်တဲ့ လေ့ကျင့်ခန်းကိုတော့ စုစုပေါင်း ၈ ကြိမ်မှ ၁၂ ကြိမ်၊ ၃ ကျော့မှ ၅ ကျော့အထိ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းသည်လည်း ကွီးတို့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကြွက်သားများကို သန်မာလာအောင် ကူညီပေးနိုင်ပါတယ်။

ဆော်ကြည်ချင်တဲ့ ညိုကီ တို့လည်း အဖိုးတန် လျှို့ဝှက်ချက် လေးကို သိရှိသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Featured Image: Freepik