ချဲလ်ဆီး ကစားသမားဟောင်း နည်းပြဟောင်း legend ကြီး ဖရန့် လမ်းပတ် ချဲလ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် ပြန်လာချိန်မှာ ဟုတ်သည်ရှိ မဟုတ်သည်ရှိ လမ်းပတ်က တာအထွက်လှအောင်တော့ လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမယ့်လည်း အိမ်ရှင် ဝုလ်ဗ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့သာ အရေးနိမ့်သွားခဲ့ရပါတယ်။

lampard cfc

Photo Credit : Twitter

ချဲလ်ဆီးက ဂရေဟမ် ပေါ်တာကို အသင်းကနေ ထုတ်ပယ်လိုက်ပြီးနောက် နာဂယ်စမန်း ဒါမှမဟုတ် အင်းနရစ် တို့ထဲက တစ်ဦးဦးကို ခန့်အပ်ဖို့ ရှိနေပေမယ့်လည်း အသင်း တာဝန်ရှိသူတွေက ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်လာစေဖို့အတွက် ချဲလ်ဆီး ကစားသမား အများစုရဲ့ idol ဖြစ်နိုင်သူ လမ်းပတ်ကိုသာ ရာသီကုန်အထိ ယာယီ ကိုင်တွယ်ပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ လမ်းပတ် ရဲ့​ ချဲလ်ဆီး ယာယီနည်းပြ တာထွက်ကလည်း ဇယားအောက်ခြေနားက ဝုလ်ဗ်အသင်းနဲ့ ဆုံနေရတာကြောင့် တာထွက်ကောင်းနိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။

frank lampard

Photo Credit : Twitter

ဒါပေမယ့် ပွဲအပြီးမှာတော့ အားလုံးအထင်နဲ့ လုံးဝကို လွဲချော်သွားခဲ့ရပါတယ်။ ဝုလ်ဗ်က သူတို့ရဲ့ အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူ မာသီးယပ်စ် နူးနက်စ်ရဲ့ ဒုံးပျံကန်ချက်ဂိုး တစ်ဂိုးတည်းနဲ့ လမ်းပတ်ရဲ့ ချဲလ်ဆီးကို အနိုင်ယူသွားခဲ့ပါတယ်။ လမ်းပတ် ရဲ့ ပထမပိုင်း နည်းဗျူဟာကလည်း အသင်းသားတွေနဲ့ သိပ်အံ့ဝင်ခြင်း မရှိပဲ ဒုတိယပိုင်းမှသာ ကစားပုံ ကောင်းမွန်လာခဲ့ရပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်ပိုင်းက ဆက်လက် ညံ့ဖျင်းမြဲ ဖြစ်နေပြီး တစ်ပွဲလုံး ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်သာ ရှိခဲ့တဲ့အထိ တိုက်စစ် လိုအပ်ချက်က သိသာ ထင်ရှားနေခဲ့ပါတယ်။

frank cfc

Photo Credit : Twitter

လက်ရှိမှာတော့ လမ်းပတ် အနေနဲ့ ပရီးမီးယားလိဂ် (၇)ပွဲနဲ့ ချန်ပီယံလိဂ် (၂)ပွဲ စုစုပေါင်း (၉)ပွဲ ကိုင်တွယ်ရဖို့ ရှိနေပြီး တကယ်လို့ ချန်ပီယံလိဂ်မှာ တစ်ခုခုသာ လုပ်ပြနိုင်မယ်ဆိုရင် နောက်ထပ် ပွဲအနည်းငယ်လောက် ဆက်ကိုင်တွယ်ရပါလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ ရီးယဲလ်နဲ့ ရင်ဆိုင်ရမှယ ဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း ဘရိုက်တန် ဘရန်ဖို့ဒ် အာဆင်နယ် မန်စီးတီး နယူးကာဆယ် မန်ယူနိုက်တက်တို့လို အသင်းမျိုးနဲ့ ဆုံရဦးမှာမို့ လမ်းပတ်ရဲ့ ဒုတိယအကြိမ် အိမ်အပြန် ခရီးစဥ်ဟာ…

Featured Photo : Twitter