အဖြူရောင်က အေးချမ်းမှုနဲ့ ရှင်းသန့်မှုတို့ကို ဖော်ဆောင်နိုင်တဲ့ အရောင်ဖြစ်ပြီး အရိုးရှင်းဆုံးအရာင်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် အဖြူရောင်က ဘယ်လိုအရောင်၊ ဘယ်လိုရာသီဥတု၊ ဘယ်လိုအချိန်အခါမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ ဒီလိုပူပြင်းလှတဲ့ နွေရာသီနဲ့ အလိုက်ဖက်ဆုံးနဲ့ အသင့်တော်ဆုံး အရောင်ကို ပြောပါဆိုရင်လည်း အဖြူရောင်ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ နွေအပူအောက်မှာ အမျိုးသားတို့အတွက် ရှင်းသန့် လင်းလက် ထင်းထွက်နေစေဖို့ အဖြူရောင်ကို ဘယ်လိုဝတ်ဆင်ရမလဲဆိုတဲ့ ဖက်ရှင် အိုင်ဒီယာကောင်းလေးတွေ ဝေမျှပေးမှာ ဖြစ်ပါတယ်။

အဖြူရောင်က အရောင်တော်တော်များများနဲ့ လိုက်ဖက်တာကြောင့် အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ကို ကြိုက်တဲ့ အရောင်၊ ကြိုက်တဲ့ ဘောင်းဘီ အမျိုးအစားနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ပိုပြီး ရှင်းသန့်တောက်ပတဲ့ အသွင်အပြင်ကို လိုချင်ရင်တော့ အပေါ်အောက် All White ဝတ်ဖို့ မတွန့်ဆုတ်ပါနဲ့။ ဆက်လက်ပြီးတော့ အလန်းစား အဖြူရောင် ဖက်ရှင်လေးတွေကို ကြည့်လိုက်ရအောင်။

အိုင်ဒီယာ (၁)

ရှင်းသန့် လင်းလက်

Photo : Styleholic

ဒီစတိုင်လ်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာ Street Style ကိုမှ အထာကျစေမဲ့ အသွင်အပြင် ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ အဖြူရောင်တီရှပ်အပေါ်မှာ ရှပ်အင်္ကျီလက်တိုဝတ်ပြီး ဂျင်းဘောင်းဘီ အဖြူနဲ့ တွဲဖက် ဝတ်ဆင်လိုက်ပါ။ နေရောင်ခြည်ကို အံ့တုဖို့ ဦးထုတ် အဖြူလေးပါ ဆောင်းလိုက်ရင်တော့ တကယ်ကို အမိုက်စားပါပဲ။

အိုင်ဒီယာ (၂)

ရှင်းသန့် လင်းလက်

Photo : Styleholic

အမျိုးသားတို့အတွက် ရှင်းသန့် လင်းလက် နေစေမယ့်အပြင် သပ်ရပ်ပြီး စတိုင်လ်လည်း မိုက်ဖို့ဆိုရင် အဖြူရောင် လက်တိုအင်္ကျီနှင့် ဘောင်းဘီရှည်၊ အဖြူရောင် Sneakers တို့ကို တွဲဖက်ဝတ်ဆင်လိုက်ပါ။

အိုင်ဒီယာ (၃)

ရှင်းသန့် လင်းလက်

Photo : Styleholic

အမျိုးသားတော်တော်များများက ဘောင်းဘီတိုတွေ ဝတ်ဆင်ဖို့ ဝန်လေးလေ့ရှိပါတယ်။ တကယ်တော့ ဘောင်းဘီတိုတွေက ဒီလို ပူပြင်းတဲ့နွေရာသီနဲ့ တော်တော်လေး လိုက်ဖက်ပြီး စတိုင်လ်ကျစေတဲ့ ဖက်ရှင်တစ်ခုပါ။ ဘောင်းဘီအတို တစ်ထည်ကို ချည်သားရှပ်အင်္ကျီ အဖြူနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ဒီဖက်ရှင်က ကမ်းခြေနဲ့လည်း လိုက်ဖက်ပြီး ပေါ့ပါးလန်းဆန်းတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

အိုင်ဒီယာ (၄)

ရှင်းသန့် လင်းလက်

Photo : Styleholic

ဘောင်းဘီတိုတွေကို Street Style အနေနဲ့ ဝတ်ဆင်ရင်လည်း တကယ်ကို သက်တောင့်သက်သာနဲ့ ပေါ့ပါးတဲ့ Look ကို ရရှိစေပါတယ်။ ကွီးတို့အနေနဲ့ နေအရမ်းပူလို့ ဘာမှအများကြီး မဝတ်ချင်ဘူးဆိုရင် ဘောင်းဘီတို အဖြူတစ်ထည်ကို ပေါ့ပါးတဲ့ တီရှပ်လက်တို တစ်ထည်နဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

အိုင်ဒီယာ (၅)

Photo : Styleholic

လေးနက်ပြီး စူးရှတဲ့ အသွင်အပြင်ကို ဖန်တီးချင်တယ်ဆိုရင် အဖြူရောင်တီရှပ်တစ်ထည်နဲ့ အဖြူရောင် ဘောင်းဘီရှည်တစ်ထည်ကို တွဲဖက်ဝတ်ဆင်လိုက်ရုံပါပဲ။ ဖိနပ်အညိုရောင် ရွေးချယ်ရင်တော့ ကွီးတို့ ဖက်ရှင်ကို ပိုပြီးပေါ်လွင်စေပါလိမ့်မယ်။

Photo : All White Outfit

အိုင်ဒီယာ (၆)

Photo : Styleholic

ပွဲတစ်ခုခုကို အနည်းငယ်ပေါ့ပါးပြီး အထာကျတဲ့ အသွင်အပြင်မျိုးနဲ့ တတ်ချင်ရင် အဖြူရောင် ရှပ်အင်္ကျီ၊ အဖြူရောင် ဂျင်းနဲ့ အပေါ်ကနေ Blazer အဖြူကိုထပ်ဝတ်လိုက်ပါ။ အထာကျပြီး အများအာရုံကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ။

ကွီးတို့ရေ အဖြူရောင် ဖက်ရှင်တွေက ရှင်းသန့်ပြီး အထာကျစေတာကြောင့် တစ်ခါလောက်တော့ Try ကြည့်သင့်ပါတယ်။ ဒါ့အပြင် နွေရာသီနဲ့လည်း အလိုက်ဖက်ဆုံးအရောင် ဖြစ်တာကြောင့် နွေရာသီရဲ့ နေရောင်အောက်မှာ ကွီးတို့ကို ထင်းထွက်နေစေဖို့ ဒီအိုင်ဒီယာလေးတွေက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Source : Styleholic

Featured Photo : Style