ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစွာ ဆက်ဆံပြီး စိတ်ထားပြည့်ဝတဲ့သူနဲ့ မောက်မာ ထောင်လွှားပြီး စိတ်ဓာတ် အောက်တန်းကျတဲ့သူတွေမှာ ဘယ်လူက လူမုန်း ခံရမယ်လို့ ထင်ပါသလဲ။ အရာရာမှာ မောက်မာ ထောင်လွှားပြီး စိတ်ဓာတ်ယုတ်ညံ့သူသည် လူမုန်း ခံရမှာပဲဖြစ်ပါတယ်။ ကမ္ဘာကျော် အောင်မြင်နေတဲ့ လူတွေကို ကြည့်မယ်ဆိုရင် သူတို့မှာ မောက်မာတတ်တဲ့ စိတ်သဘောထား မရှိတာကို တွေ့မြင်ရပါလိမ့်မယ်။ မောက်မာနေမယ်ဆိုရင်တော့ ထိုအောင်မြင်မှုသည်လည်း ကြာရှည်ခံမှာ မဟုတ်ပါဘူး။

ထစ်ခနဲရှိ ထောင်လွှား မောက်မာနေတဲ့သူတွေ လူမုန်းခံရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးရှိပါတယ်။

စိတ်ပျစ်စရာကောင်းလို့

မောက်မာ လူမုန်း

ကမ္ဘာပေါ်မှာ စိတ်ပျက်စရာအကောင်းဆုံး လူတွေကို ပြောပြပါဆိုရင် အကြောင်းအရင်း တစ်စုံတစ်ရာ မရှိပါဘဲနဲ့ ထစ်ခနဲရှိ မောက်မာထောင်လွှားနေတတ်သူတွေပဲဖြစ်ပါတယ်။ သူ့ထက် တော်တဲ့သူတွေ တတ်တဲ့သူတွေ အများကြီးရှိပေမယ့်လည်း သူသာ အတော်ဆုံးလို့ သတ်မှတ်ထားပြီး ဘယ်သူရှေ့မှာမှ အောက်မကျို့ချင်တဲ့သူမျိုးပဲ ဖြစ်ပါတယ်။ ထိုကဲ့သို့သော သူတွေကမှ စိတ်ပျက်စရာမကောင်းရင် ဘယ်သူတွေကို စိတ်ပျက်ရဦးမလဲ။

ရုန့်ရင်းကြမ်းတမ်းလို့

မောက်မာ လူမုန်း

မောက်မာ ထောင်လွှားနေတဲ့သူတွေသည် သေချာပါတယ်။ နှုတ်လည်း ကြမ်းပြီး ရုန်းရင်း ကြမ်းတမ်းမှာပဲဖြစ်ပါတယ်။ အပြောအဆို ကြမ်းတမ်း ရိုင်းစိုင်းတဲ့သူတွေက ဘယ်သူကမှ ကိုယ့် အဆင့်အတန်း အကျခံပြီး ဖက်ပြိုင်ငြင်းချင်ကြမှာမဟုတ်ပါဘူး။ ထိုကဲ့သို့သော သူမျိုးသည် အကြီးကို ရိုသေ၊ အငယ်ကို ညှာတာရမယ်ဆိုတာမျိုးလည်း သူတို့ ခေါင်းထဲမှာ ရှိမနေပါဘူး။ သူတို့ စိတ်ထဲမှာ ရှိတာသည် အကြီးဆိုရင် သူ့ကို အလေးပေးပြီး ညှာညှာတာတာ ဆက်ဆံရမယ်၊ သူ့ကို ဦးစားပေးရမယ်၊ သူ့ထက် ငယ်တဲ့သူတွေကလည်း သူ့ကို ရိုသေ လေးစားစွာ ဆက်ဆံရမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။ သူ့ထက် ငယ်တဲ့သူတွေက သူ့ကို လေးလေးစားစား မဆက်ဆံတဲ့အခါ ကိုယ့်ဘက်က ဘာမှားနေသလဲဆိုတာကို ပြန်မသုံးသပ်ဘဲ “ငါ့ကို မလေးစားရကောင်းလား” ဆိုပြီး ထပ်မောက်မာပြပါလိမ့်မယ်။ မေတ္တာဆိုတာ အသွားနဲ့ အပြန်ရှိတယ်ဆိုတာကိုတော့ မေ့နေပုံပါပဲ။

ထိုကဲ့သို့သော သူတွေသည် ကိုယ့်ဘက်က အယူပဲ ရှိပြီး ကိုယ့်ဘက်က ပေးဖို့ကျတော့ ဝန်လေးကြပါတယ်။ ကွီးတို့လည်း ထိုကဲ့သို့သော သူမျိုးနဲ့ တွေ့လို့ အခုလိုမျိုး ပြုမူ ပြောဆိုခံရတယ်ဆိုရင်တော့ ဆုတောင်းလေ လို့ပဲ ပြန်ပြောလိုက်ပါ။

ပန်းနုသွေးတတ်လွန်းလို့

မောက်မာ လူမုန်း

ထိုသူတွေက ကိစ္စတစ်ခုခု ကြုံလာတဲ့အခါ သူကသာ နစ်နာသူဆိုပြီး ပန်းနုသွေးစတိုင်လ် ဖမ်းတတ်ကြပါတယ်။ သူ့ရဲ့ ပုံပြင်ထဲမှာတော့ ကျန်တဲ့လူတွေအကုန်လုံးက ခင်မို့မို့အေးတွေချည်းပါပဲ။ သူ့ရဲ့ လုပ်ရပ်ကတော့ မှန်တယ်လို့ပဲ ထင်တတ်ကြပါတယ်။ ကွီးတို့ရော ပန်းနုသွေးတွေနဲ့ တွေ့တဲ့အခါ ဘယ်လိုတုန့်ပြန်လေ့ရှိပါသလဲ။

မောက်မာ ထောင်လွှားသူများက လူမုန်း ခံရတာ မှန်ပါတယ်။ တစ်ခုသတိထားရမှာကတော့ သူတို့နဲ့အပြိုင် ကိုယ့်အဆင့်အတန်းအကျခံပြီး ရန်ပြိုင်ဖြစ်မနေပါနဲ့။ ပညာရှိနည်းနဲ့သာ တုန့်ပြန်တတ်ဖို့ လိုအပ်ပါတယ်။

လူလိမ္မာအမျက် အပြင်မထွက်ပါစေနဲ့

မောက်မာ လူမုန်း

ကိုယ့်ဘက်က ဒေါသထွက်ပြလေ သူတို့ဘက်က ပိုဝမ်းသာလေပါပဲ။ ဒါ့ကြောင့် သူတို့ဝမ်းသာအောင် လုပ်မပြပါနဲ့။ လူလိမ္မာအမျက် အပြင်မထွက်စေဘဲ ကိုယ့်ဘက်က ပညာရှိနည်းနဲ့ တုန့်ပြန်ဖို့ လိုအပ်ပါတယ်။

လျစ်လျူရှုထားလိုက်ပါ

လျစ်လျူရှုထားလိုက်ပါ

ကိုယ့်ကမ္ဘာထဲမှာ သူတို့ မရှိသလို ပြုမူပြလိုက်ပါ။ “I Don’t Care” Mode ကို အမြဲတမ်း ဖွင့်ထားဖို့ လိုပါလိမ့်မယ်။ သူတို့ကို အဖက်လုပ်ပြီး ပြန်လည်တုန့်ပြန်မယ်ဆိုရင် သူတို့က ပိုလို့တောင် ဝမ်းသာသွားပါလိမ့်မယ်။ ဥပေက္ခာကသာ သူတို့နဲ့ အထိုက်တန်ဆုံး ဆုလာဘ်ပဲ ဖြစ်ပါတယ်။

စည်းတစ်ခု ခြားထားပါ

စည်းတစ်ခု ခြားထားပါ

Photo: Nadialarussa

သူလည်း သူ့ကိစ္စသူလုပ်၊ ကိုယ်လည်း ကိုယ့်ကိစ္စ ကိုယ်လုပ်၊ တစ်ယောက်နဲ့တစ်ယောက် အပြောအဆို အဆက်အဆံမရှိအောင် ကင်းကင်းရှင်းရှင်းနေလိုက်ပါ။ စည်းတစ်ခုခြားထားပြီး အကွာအဝေးတစ်ခုကနေသာ အပေါင်းအသင်းပြုလုပ်ရပါမယ်။

အကောင်းဆုံးကတော့ မောက်မာထောင်လွှားတဲ့သူတွေနဲ့ အပေါင်းအသင်းမလုပ်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင် ကိုယ်ပဲ အကုသိုလ်ရနေမှာပါ။ အဆက်အသွယ် ဖြတ်လို့မရတဲ့ အခြေအနေမျိုးဆိုရင်တော့ စောနက ဖော်ပြခဲ့တဲ့ နည်းလမ်းကိုသာ ကျင့်သုံးလိုက်ပါ။ သူတို့ကို အဖက်မလုပ်ပါနဲ့။ လျစ်လျူရှုထားလိုက်ပါ။ စည်းတစ်ခု ခြားထားပါ။

Source: Psychologytoday

Featured Image: Freepik