လိင်မှုကိစ္စမှာ သာယာပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှု အပြည့်အဝရဖို့ဆိုရင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုက အရေးကြီးပါတယ်။ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကောင်းမွန်နေမှသာ ကိုယ်တိုင်အတွက်သာမက ကိုယ့်ရဲ့လက်တွဲဖော်ပါ စိတ်ကျေနပ်မှု အပြည့်အဝရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ယောက်ျားသားတို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင်နိုင်မဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
အသီးအနှံများ များများစားသုံးပါ
Photo : Moorings Parks
နှလုံးကျန်းမာရေးဟာ လိင်ကျန်းမာရေးနဲ့ နီးကပ်စွာ ဆက်စပ်နေပြီး ကိုလက်စထရောများခြင်းဟာ နှလုံးရောဂါအတွက် အဖြစ်အများဆုံး အန္တရာယ်များထဲက တစ်ခုဖြစ်ပါတယ်။ ကိုလက်စထရောကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုကတော့ လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့ အမျှင်ဓာတ်များသော အစားအစာများကို ပိုစားရန် ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်ခြင်းက အလုံးစုံ ကျန်းမာရေးကို အထောက်အကူပြုနိုင်သည်သာမက ယောက်ျားသားတို့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကိုလည်း မြှင့်တင်ပေးပြီးသား ဖြစ်စေပါတယ်။
လေ့ကျင့်ခန်း လုပ်ပါ
Photo : Men’s Plank
လေ့ကျင့်ခန်းလုပ်ခြင်းကလည်း ကွီးတို့အတွက် အိပ်ရာပေါ်မှာ ပိုမို စွမ်းဆောင်နိုင်မဲ့ နည်းလမ်းများထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ကိုယ်လက်လှုပ်ရှားမှုရှိခြင်းက နှလုံးနဲ့ဆိုင်တဲ့ မကျန်းမာသော အခြေအနေများကို လျှော့ချနိုင်ပြီး လိင်ပိုင်းဆိုင်ရာလုပ်ဆောင်မှုနှင့် အလုံးစုံကျန်းမာရေးကို တိုးတက်စေတယ်လို့ ဆိုပါတယ်။ သွေးတိုးခြင်း ၊ နှလုံးရောဂါနှင့် ဆီးချို ကဲ့သို့ ရောဂါများက အာရုံကြောများကို ပျက်စီးစေပြီး လိင်တံသို့ စီးဆင်းသော သွေးပမာဏကို ပြောင်းလဲစေပါတယ်။ ၎င်းက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုအပေါ် သက်ရောက်မှု ရှိပါတယ်။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က တိုက်ရိုက်ဆက်နွယ် နေတယ်ဆိုလည်း မမှားပါဘူး။ ဒါကြောင့် လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ပုံမှန်လေ့ကျင့်ခန်များ ပြုလုပ်ခြင်းဖြင့် လိင်တံအရွယ်အစားကို သိသိသာသာ သက်ရောက်မှုရှိပြီး ကျန်းမာစေတဲ့အပြင် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။
တစ်ကိုယ်ရည် အာသာဖြေပါ
Photo : Latestly
အိပ်ရာပေါ်မှာ ကိုယ်လိုချင်သလောက် ကြာရှည်မခံဘဲ သုတ်လွှတ်မြန်နေတယ်ဆိုရင် တစ်ကိုယ်ရည် အာသာဖြေခြင်း နည်းလမ်းကို အသုံးပြုကြည့်ပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို စတင်ပြီး ခံစားမှု အထွတ်အထိပ် (Orgasms) မရောက်မှီ လိင်တံကို လှုံ့ဆော်တာကို ရပ်တန့်ခြင်းက သုတ်ထွက်ချင်စိတ်ကို အမြန်လျှော့ချနိုင်ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ မိမိ Orgasms ကို ထိန်းချုပ်နိုင်လာပြီး ကွီးတို့ရဲ့ လက်တွဲဖော်နှင့်အတူ ချစ်တင်းနှီးနှောရာမှာ ကြာချိန်နဲ့ ခံနိုင်ရည်ကိုလည်း တိုးတက်စေပါတယ်။ ဒီနည်းလမ်းကလည်း တကယ်ကို ထိရောက်တဲ့ နည်းလမ်းပါပဲ။
စိတ်ဖိစီးမှုများနဲ့ စိုးရိမ်ပူပန်မှုများကို လျှော့ချပါ
Photo : Dr. Ankita Melewar
စိတ်ဖိစီးမှုများနဲ့ စိုးရိမ်ပူပန်မှုများက ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ်ကို သိသိသာသာ သက်ရောက်မှု ရှိပါတယ်။ စိတ်ဖိစီးမှုက ကွီးတို့ရဲ့ နှလုံးခုန်နှုန်း (ကျန်းမာရေးနှင့် မညီညွတ်သောနည်းဖြင့်) နှင့် သွေးဖိအားကို တိုးစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုက Libido လို့ခေါ်တဲ့ လူတစ်ဦးရဲ့ အလုံးစုံ လိင်ပိုင်းဆိုင်ရာ တွန်းအား သို့မဟုတ် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် ဆန္ဒကိုလည်း ထိခိုက်စေပါတယ်။ ထိုနှစ်မျိုးလုံးက လိင်ဆန္ဒနှင့် စွမ်းဆောင်ရည်ကို ထိခိုက်စေပြီး ခံစားမှု အထွတ်အထိပ် ကိုရောက်ရှိရန်အတွက်လည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများကို လျှောချဖို့လိုပါတယ်။
လိင်အင်္ဂါကျန်းမာရေးကို ဂရုစိုက်ပါ
Photo : Tiege Hanley
ယောက်ျားသားတို့ အိပ်ရာပေါ်မှာ ကောင်းကောင်း စွမ်းဆောင်နိုင်ဖို့ ဆိုရင် လိင်အင်္ဂါ ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ လိင်အင်္ဂါတစ်ဝိုက် သန့်ရှင်းရေးကို ဂရုပြုပါ။ ဒါ့အပြင် လိင်တံ သို့မဟုတ် လိင်အင်္ဂါ လုပ်ဆောင်မှု၊ သုတ်လွှတ်ခြင်း တို့တွင် ပုံမှန်မဟုတ်တဲ့ အခြေအနေများကို ခံစားရခြင်း။ ဒါ့အပြင် ဆီးသွားတဲ့အခါ နာကျင်ခြင်း ၊ လိင်အင်္ဂါတွင် အဖုအထစ်များ ပေါ်ပေါက်လာခြင်း ၊ သုတ်လွှတ်စဉ်အတွင်း နာကျင်မှု ခံစားရခြင်း ၊ ပြင်ပမှ ထိခိုက်ဒဏ်ရာ ရရှိခြင်း စတာတွေကြုံတွေ့ရလျှင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။
ဆရာဝန်နဲ့ ပြသပါ
Photo : HearthCert
ကွီးတို့ အနေနဲ့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို သေချာလိုက်နာပါလျက်နဲ့ ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ကျေနပ်မှုမရှိဘူးဆိုလျှင် ဆရာဝန်နဲ့ ပြသဆွေးနွေးသင့်ပါတယ်။ အခြားသော ကျန်းမာရေး ပြဿနာများကလည်း လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အပေါ်ကို သက်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ စောစီးစွာ တိုင်ပင်ကုသခြင်းက အကောင်းဆုံးပါပဲ။
ဒီအချက်တွေကို သေချာစွာ လိုက်နာဆောင်ရွက်ရင် ယောက်ျားသားတို့ လိင်ပိုင်းဆိုရာ စွမ်းဆောင်ရည်ကို အထောက်အကူပြုပြီး စိတ်ကျေနပ်မှု ရစေမှာ အသေအချာပါပဲ။
Source : Hims, Medical News Today
Featured Photo : Health Spot